ကွာရှင်းပြီးတဲ့နောက်ပိုင်း နေ့ရက်တိုင်းကို ပိုမိုလှပပြီး တက်ကြွလန်းဆန်းစွာနဲ့ ဖြတ်သန်းနေတဲ့ Zhao Liying

တရုတ်နိုင်ငံရဲ့ထိပ်တန်းအနုပညာရှင်စုံတွဲဖြစ်တဲ့ Zhao Liying နဲ့ Feng Shaofeng တို့ဟာ ဧပြီလအတွင်းမှာပဲ နှစ်ဦးသဘောတူကွာရှင်းပြတ်စဲတော့မယ့်အကြောင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီသတင်းကြောင့်ပဲ အားပေးသူပရိသတ်တွေကြားမှာ အမျိုးမျိုးသောစကားသံတွေထွက်လာခဲ့ပြီး အထူးသဖြင့်တော့ ထိပ်တန်းမင်းသမီး Zhao Liying ဟာ လူအများရဲ့အာရုံစိုက်ခြင်းကို အတော်ကြာခံလိုက်ရပါတယ်။

အိမ်ထောင်ပြိုကွဲမှုကြောင့် Zhao Liying အနေနဲ့ စိတ်ထိခိုက်နေကြမယ်လို့ထင်နေခဲ့ကြပေမယ့် မင်းသမီးလေးဟာ ပိုမိုရဲဝံ့ပြီး တက်ကြွလန်းဆန်းစွာနဲ့ပဲ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေခဲ့ပါတယ်။ကွာရှင်းပြီးနောက်ပိုင်းမှ Zhao Liying ဟာ အရင်ကထက် ပြင်ပြင်ဆင်ဆင်နဲ့ ပိုမိုလှပလာကြောင်း ပရိသတ်တွေကမှတ်ချက်ပြုခဲ့ကြပြီး အဆိုပါမှတ်ချက်တွေကို မကြာသေးခင်ကမှထွက်လာခဲ့တဲ့ Zhao Liying ရဲ့ ကြေညာတစ်ခုက သက်သေပြနေပါတော့တယ်။

ပုံတွေထဲမှာဆိုရင် ပွဲဦးထွက်ခါစလိုမျိုး ပြောင်းလဲခြင်းမရှိတဲ့အပြင် ပိုမိုလှပကျော့ရှင်းလာတဲ့ Zhao Liying ရဲ့အလှကို ပရိသတ်တွေက အံ့သြခဲ့ကြရပါတယ်။ လှပတဲ့အပြင်အဆင်နဲ့ တင့်တယ်လိုက်ဖက်နေတဲ့ Zhao Liying ရဲ့ ပုံစံက မျက်လုံးထဲကမထွက်နိုင်လောက်အောင် ဆွဲဆောင်မှုရှိနေတာကြောင့် Zhao Liying ဟာ သူမရဲ့လက်ရှိအနုပညာအလုပ်မှာပဲ စိတ်နှစ်ပြီး အနာဂတ်ကိုရှေ့ဆက်လျှောက်လှမ်းနေတာ သိသာကြောင်း ပရိသတ်တွေက ချီးမွမ်းခဲ့ကြပါတော့တယ်။

တစ်နှစ်ထက်တစ်နှစ် အလှတိုးလာပြီး ပိုမိုဆွဲဆောင်မှုရှိလာသူလေး Zhao Liying ကတော့ သူမရဲ့အိမ်ထောင်ရေးကို အေးဆေးတည်ငြိမ်စွာနဲ့ပဲ အဆုံးသတ်ခဲ့ပြီး လက်ရှိမှာတော့ အနုပညာအလုပ်တွေကိုပဲ အာရုံစိုက်ထားပြီး ပွဲအခမ်းအနားတွေနဲ့ အစီအစဥ်တွေမှာလည်း တင့်တယ်လှပစွာ မြင်တွေ့နေရတာဖြစ်တာကြောင့် Zhao Liying ကို အားပေးတဲ့ပရိသတ်တွေကတော့ သဘောကျနေကြပါတော့တယ်။

Source: Weibo
Photos: Weibo
Written: Julia

Share