Thai TV3 မှ ထိပ်တန်းမင်းသမီး ၅ ဦးဟာ မင်းသားပေါင်း ဘယ်နှစ်ယောက်နဲ့အတူ တွဲဖက်သရုပ်ဆောင်ခဲ့သလဲ…

ထိုင်းနိုင်ငံရဲ့ နာမည်ကြီးမင်းသား၊မင်းသမီးတွေအများဆုံးရှိတဲ့ Thai TV3 ကတော့ ဖျော်ဖြေလောကမှာ အောင်မြင်မှုတွေများစွာရရှိထားပါတယ်။ ထိပ်တန်းမင်းသမီးပေါင်းများစွာလည်းရှိနေတာကြောင့် နာမည်ကြီးဇာတ်လမ်းပေါင်းများစွာလည်းရိုက်ကူးနိုင်ခဲ့ပြီး ဒီထဲကမှ ပရိသတ်အချစ်တော်မင်းသမီးလေး ၅ဦးနဲ့အတူ တွဲဖက်သရုပ်ဆောင်ဖူးတဲ့မင်းသားအရေအတွက်ကို ဖော်ပြပေးပါမယ်။

Taew Natapohn

သရုပ်ဆောင်ပိုင်းမှာ တဖက်ကမ်းခတ်တဲ့အရည်အချင်းရှိသူ Taew Natapohn ကတော့ မင်းသမီးအဖြစ် ပွဲဦးထွက်ချိန်ကစလို့ အနုပညာသက်တမ်းတလျှေက်လုံး မင်းသား ၁၅ ​ယောက်နဲ့အတူ တွဲဖက်သရုပ်ဆောင်ခဲ့ပါတယ်။ James Jirayu, Mario Maurer နဲ့ Mark Prin တို့ကတော့ Taew ရဲ့ အကောင်းဆုံးတွဲဖက်မင်းသားတွေအဖြစ် နာမည်ကြီးလှပါတယ်။

Bella Ranee

ပြီးခဲ့တဲ့ ၄ နှစ်တာကာလအတွင်း အလွန်အင်မတန်ရေပန်းစားခဲ့တဲ့ “Plerng Boon”, “Buppesunnivas”, “Krong Karm” နဲ့ “Roy Leh Marnya” ဇာတ်လမ်းတွေကို ရိုက်ကူးခဲ့တဲ့ ထိပ်တန်းမင်းသမီး Bella Ranee ဟာ အနုပညာထဲကိုအခြေချကတည်းက ဇာတ်လမ်းပေါင်းများစွာကို ရိုက်ကူးထားခဲ့ဖူးတာကြောင့် အရည်အချင်းရှိတဲ့မင်းသားပေါင်း ၁၀ ဦးနဲ့အတူ တွဲဖက်သရုပ်ဆောင်ဖူးတဲ့ အလှလေးပဲဖြစ်ပါတယ်။

Kimmy Kimberley Anne Woltemas

အနုပညာလမ်းကြောင်းပေါ်ကို ရောက်ရှိလာခဲ့တာ ၁၀ နှစ်ကြာမြင့်ခဲ့ပြီဖြစ်တဲ့ မင်းသမီးလေး Kimmy Kimberley ကလည်း မင်းသား ၁၀ ယောက်နဲ့အတူ ဇာတ်လမ်းအမျိုးမျိုးမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အထူးသဖြင့်တော့ သူမရဲ့ချစ်သူ Mark Prin နဲ့အတူ ဇာတ်လမ်းတွဲတွေအများကြီးမှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ရိုက်ကူးထားခဲ့သူပါ။

Yaya Urassaya

၂၀၀၈ ခုနှစ်တုန်းက မင်းသမီးအဖြစ် ပွဲဦးထွက်လာခဲ့တဲ့ Yaya Urassaya ကတော့ လက်ရှိထိုင်းနိုင်ငံရဲ့ဖျော်ဖြေရေးလောကမှာ ထိပ်တန်းမင်းသမီးတစ်ဦးအဖြစ် နာမည်ရနေပြီ ဆုပေါင်းများစွာကိုလည်း ရရှိထားသူဖြစ်ပါတယ်။ အနုပညာသက်တမ်း ၁၃ နှစ်နီးပါးရှိတော့မှာဖြစ်တဲ့ Yaya ကတော့ မင်းသားစုစုပေါင်း ၈ ​ယောက်နဲ့သာ တွဲဖက်ရိုက်ကူးခဲ့ပါတယ်။ အဓိကအားဖြင့် သူမရဲ့ချစ်သူ Nadech Kugimiya နဲ့လက်တွဲပြီး ဇာတ်လမ်းကောင်းတွေအများကြီး ဖန်တီးခဲ့ပါတယ်။

Mew Nittha

အနပညာလောကထဲမှာ ၈နှစ်လောက် ကျင်လည်ပြီးဖြစ်တဲ့ အချောအလှလေး Mew Nittha ကတော့ Pope Thanawat, Nadech Kugimiya, Mai Warit, James Ma, Mark Prin… အစရှိသဖြင့် မင်းသားစုစုပေါင်း ၇ ဦးနဲ့သာ ဇာတ်လမ်းတွဲတွေ ရိုက်ကူးထားခဲ့ပါတယ်။ Mew အနေနဲ့ နောက်ထပ်ဇာတ်လမ်းတွဲတွေမှာ အသစ်အသစ်သောမင်းသားတွေနဲ့ တွဲဖက်ရိုက်ကူးဖို့ကိုတော့ ပရိသတ်တွေကတောင့်တနေတာဖြစ်ပါတယ်။

Source: ThaiUpdate
Photos: ThaiUpdate
Written: Julia

 

Share