အနုပညာရှင်​တွေနဲ့ ပရိသတ်​တွေ ပိုမိုနီးစပ်​စေဖို့ ကြားခံ​နေရာ​တစ်ခုကို ဖွင့်လှစ်သွားမယ့် YG Entertainment

YG Entertainment ဟာ လာမယ့် ဇွန်လ ၁ ရက်​နေ့ကစပြီး the SameE ဆိုတဲ့အမည်နဲ့ fan ​တွေအတွက် သီးသန့်​နေရာသစ်တစ်ခုကို ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ Seoul မြို့ Mapo ခရိုင် Hapjeong မြို့နယ်ထဲမှာ တည်ရှိတဲ့ YG Entertainment ဟာ သူတို့ရဲ့ အ​ဆောက်အအုံအသစ် ​ရှေ့မှာ ပရိသတ်​တွေအတွက် official goods ​တွေ​ရောင်းချဖို့ဆိုင်နဲ့ café ​ပါရှိတဲ့ ​နေရာသစ်တစ်ခုကို ဖွင့်လှစ်သွားမှာဖြစ်ပြီး ထို​နေရာရဲ့ အပြင်ပုံစံနဲ့ အတွင်းပိုင်းအပြင်အဆင်​​တွေကို ​မေလ ၃၁ ရက်မှာ YG က ထုတ်​ဖော်ပြသခဲ့ပါတယ်။ ထို့အပြင် အခမ်းအနား​တွေ၊ ပြပွဲ​တွေ ပြုလုပ်ဖို့ ​နေရာကိုလည်း ထည့်သွင်းသွားမှာဖြစ်ပါတယ်။

ဒီ​နေရာကို YG Entertainment က အနုပညာရှင်​တွေနဲ့ သူတို့ရဲ့ ပရိသတ်​တွေ ဆက်သွယ်ဖို့ ​နေရာတစ်ခုအဖြစ် ရည်ရွယ်ကာ ဖွင့်လှစ်သွားမှာဖြစ်ပြီး “ပရိသတ်​တွေဟာ အနုပညာရှင်​တွေရဲ့ ကိုယ်ပွားဖြစ်တယ်” ဆိုတဲ့ theme ကို အသုံးပြုပြီး ဖွဲ့စည်းတည်း​ဆောက်ထားတာ ဖြစ်ပါတယ်။ ထို့​ကြောင့်လည်း ထို theme နဲ့ လိုက်ဖက်​အောင် the SameE ရဲ့ ​ဆောင်ပုဒ်ကို “Alter Ego” ဆိုပြီး သတ်မှတ်ထားပါတယ်။

YG Entertainment က “the SameE ဟာ ပရိသတ်​တွေနဲ့ အနုပညာရှင်​တွေကို ပိုမိုနီးစပ်​စေမယ့် ​နှောင်ကြိုးတစ်ခုကို ဖန်တီး​ပေးမယ့် ကြားခံအရာတစ်ခုဖြစ်ပါတယ်။ ကျွန်​တော်တို့ဟာ အနုပညာရှင်​တွေက ပရိသတ်​တွေ​ကြောင့် တည်ရှိ​နေတယ်ဆိုတဲ့ အချက်နဲ့ ဒီ​နေရာက​နေ ပရိသတ်​တွေဟာ အနုပညာရှင်​တွေရဲ့ ကိုယ်ပွားဖြစ်တယ်ဆိုတဲ့ အချက်ကို အမြဲမပြတ် ​တွေးမိ​နေ​အောင် လုပ်​ဆောင်သွားဖို့ စဉ်းစားထားပါတယ်” လို့ ​ပြောပြခဲ့ပါတယ်။

ထို့အပြင် အနုပညာရှင်​တွေကို ​တွေ့ဖို့ လာ​​ရောက်​စောင့်ဆိုင်း​နေတဲ့ ပရိသတ်​တွေဟာ ရာသီဥတု ပူပူ​အေး​အေး အပြင်မှာ ရပ်ပြီး ​စောင့်ဆိုင်းစရာမလိုပဲ ဆိုင်ထဲမှာ ဇိမ်ကျကျနဲ့ ​စောင့်ဆိုင်းလို့ရမှာပါ။ ယခုနှစ်မှာ သက်တမ်း ၂၅ နှစ်ပြည့်​တော့မယ့် YG Entertainment ဟာ BIGBANG, BLACKPINK, WINNER, iKON, AKMU, SECHSKIES နဲ့ TREASURE တို့ကို ​မွေးထုတ်​ပေးခဲ့တဲ့ ​အေဂျင်စီဖြစ်ပြီး Kim Hee Ae, Cha Seung Won, Choi Ji Woo, Kang Dong Won နဲ့ အခြား​​သော မင်းသားမင်းသမီးများစွာနဲ့လည်း အလုပ်လုပ်ကိုင်လျက်ရှိပါတယ်။

Source : Soompi
Photo : YG Entertainment
Written : ZL

Share