“Billboard 200” မှာ ပါဝင်နိုင်ခဲ့တဲ့ ၆ဖွဲ့တည်းသော နာမည်ကြီး မိန်းကလေး Kpop အဖွဲ့များ

Billboard က United States မှာ ထိပ်ဆုံးမှာနေရာယူထားတဲ့ Album တွေကို အပတ်စဥ်ထုတ်ပြန်လေ့ရှိပါတယ်။ K-Pop မိန်းကလေးအဖွဲ့တွေကလည်း ၂၀၁၂ ကတည်းက Billboard 200 စာရင်းမှာစတင်ပါဝင်လာနိုင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိတော့ ဒီလိုစာရင်းဝင်နိုင်တဲ့မိန်းကလေးအဖွဲ့ဟာ အားလုံးပေါင်းမှ ၆ ဖွဲ့တိတိပဲရှိပါသေးတယ်။

1. BLACKPINK

နာမည်ကြီးမိန်းကလေးအဖွဲ့ဖြစ်တဲ့ BLACKPINK ကတော့ မိန်းကလေးအဖွဲ့တွေထဲမှာ Billboard 200 စာရင်းကို မကြာခဏဝင်ရောက်သိမ်းပိုက်ထားနိုင်ခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်လောက်ကတည်းက စာရင်းထဲမှာပါဝင်လာခဲ့တာဖြစ်ပြီး Kill This Love သီချင်းကတော့ နံပါတ် ၂၄ နေရာကိုချိတ်ဆွဲထားနိုင်ခဲ့ပါတယ်။ The Album ကလည်းပဲ အဆင့် ၂ နေရာအထိ နေရာယူထားနိုင်ခဲ့သလို စာရင်းထဲမှာ ၂၆ ပတ်တိတ်ပါဝင်လာခဲ့တာကြောင့် မိန်းကလေးအဖွဲ့တွေထဲမှာ Billboard 200 စာရင်းကို အမြင့်ဆုံးနဲ့အကြာဆုံးသိမ်းပိုက်ထားနိုင်ခဲ့တဲ့အဖွဲ့အဖြစ် သမိုင်းတင်ခဲ့ပါတယ်။

2. TWICE

ချစ်စရာမိန်းမလှလေးတွေနဲ့ဖွဲ့စည်းထားတဲ့ TWICE ကတော့ တစ်နှစ်တည်းမှာပဲ Billboard 200 မှာ သီချင်းနှစ်ပုဒ်နဲ့နေရာယူနိုင်ခဲ့ပါတယ်။ June လမှာ More & More သီချင်းနဲ့ အဆင့် ၂၀၀ ကနေပါဝင်ခဲ့သလို December လမှာပဲ Eyes Wide Open သီချင်းနဲ့ အဆင့် ၇၂ နေရာကို ရယူထားခဲ့တာဖြစ်ပါတယ်။

3. ITZY

မေလအတွင်းမှာပဲ Kpop လောကထဲမှာ နာမည်ရလာခဲ့တဲ့ ITZY အဖွဲ့ဟာ Billboard 200 စာရင်းထဲကို ပထမဆုံးအကြိမ်အဖြစ်ပါဝင်လာခဲ့ပါတယ်။ သူတို့နောက်ဆုံးထွက်ရှိထားတဲ့ mini-album – Guess Who ဟာဆိုရင် အဆင့် ၁၄၈ ကနေ စာရင်းဝင်လာနိုင်တာဖြစ်ပါတယ်။

4. Girls’ Generation

K-pop သမိုင်းဝင် နာမည်ကြီးမိန်းကလေးအဖွဲ့ဖြစ်တဲ့ Girls’ Generation ဟာ ၂၀၁၄ ခုနှစ်ကတည်းက Billboard 200 ထဲကို Mr.Mr. သီချင်းနဲ့ဝင်ရောက်လာခဲ့တာဖြစ်ပြီး အဆင့် ၁၁၀ မှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် Girls’ Generation ပထမဆုံးအဖွဲ့ခွဲတစ်ခုဖြစ်တဲ့ TTS (Taeyeon, Tiffany, Seohyun) ကလည်းပဲ အဆင့် ၁၂၆ ကို Twinkle သီချင်းနဲ့ရပ်တည်ထားနိုင်ခဲ့တာပါ။ စာရင်းတွေရရ Girls’ Generation-TTS အဖွဲ့ဟာ Billboard 200 ကို ဝင်ရောက်နိုင်ခဲ့တဲ့ ပထမဆုံးသော မိန်းကလေးအဖွဲ့ဖြစ်ပါတယ်။

5. LOONA

Fourth-generation ထဲက မိန်းကလေးအဖွဲ့သစ်ဖြစ်တဲ့ LOONA ကလည်းပဲ Billboard 200 စာရင်းဝင်ဖြစ်လာခဲ့ပါတယ်။ ၂၀၂၀ တုန်းက အဆင့် ၁၁၂ နေရာကို 12:00 သီချင်းနဲ့ ဝင်ရောက်လာနိုင်ခဲ့တာဖြစ်ပါတယ်။

6. 2NE1

ဂန္တဝင်အဆိုတော်အဖွဲ့ဖြစ်တဲ့ 2NE1 ကတော့ ၂၀၁၄ တုန်းက Billboard 200 ကို ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ 2NE1 ရဲ့ Crush ဟာ ဆိုရင် အဆင့် ၆၁ နေရာကနေ ဝင်ရောက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

Source: Koreaboo
Photos: Naver
Written: Julia

 

Share