BLACKPINK အဖွဲ့ဝင်တွေ သူတို့ရဲ့ Instagram Acc နာမည်တွေကို ဘယ်လိုစဉ်းစားပြီး ပေးခဲ့ကြလည်းဆိုတော့

မိန်းကလေးတွေအဖို့ Instagram username လှလှလေးပေးဖို့ ဆိုတာ တော်တော်စဉ်းစားရကြပ်တဲ့ ကိစ္စပါ။ BLACKPINK အဖွဲ့ဝင်တွေလည်း ထိုပြဿနာနဲ့ ရင်ဆိုင်ခဲ့ရ ဟန်တူပါတယ်။ နာမည်ပုံသေမထားခင်ထိ Change လိုက်တဲ့ နာမည်တွေဆိုတာ အများကြီးပါဘဲ။ သူတို့စဉ်းစားထားခဲ့ကြတဲ့ နာမည်လေးတွေ ခုလိုဖော်ပြပေးလိုက်ပါတယ်။

1. Jennie

Jennie ရဲ့ ခုလက်ရှိ Instagram နာမည်ဟာ jennierubyjane ဖြစ်ပေမဲ့ စစသုံးတုန်းက jennierubyjanekim ဆိုတဲ့ နာမည်နဲ့သုံးခဲ့ပါတယ်။ နာမည်ကရှည်တဲ့အတွက် Surname ဖြစ်တဲ့ kim ကို ဖြုတ်လိုက်ဟန် တူပါတယ်။

2. Lisa

Maknae လေး ဖြစ်တဲ့ Lisa ကတော့ ခု နာမည် lalalalisa_m မထားခင်ထိ နာမည်ပေါင်းများစွာ ခုလို ချိန်းခဲ့တာပါ။ သူမရဲ့ နာမည်အရင်း “Lalisa” ကို အခြေခံပြီး နာမည်ဆန်းဆန်းလေးတွေ ပေးဖို့ စဉ်းစားခဲ့ဟန်တူပါတယ်။

3. Jisoo

Jisoo ကတော့ တည်ငြိမ်သူဖြစ်တာနဲ့အညီ ခုသူမ ထားထားတဲ့ sooyaaa__ ဆိုတဲ့ နာမည်ကို Instagram စ သုံးကတည်းက သုံးခဲ့ထားဖြစ်ပြီး တခါမှ ချိန်းခဲ့ခြင်း မရှိပါဖူး။

4. Rosé

Rosé လေးကတော့ ပန်းလေးတွေကြိုက်နှစ်သက်မို့ ထင်ပါတယ်။ “sunflowers and lillies” ဆိုတဲ့နာမည် ထားခဲ့ဖူးပါတယ်။ ခုမှသာ roses_are_rosie ဆိုပြီး ချိန်းလိုက်တာဖြစ်ပါတယ်။

5. Hank

Rosé  ခွေးလေး “Hank” တောင်မှ Instagram acc ရှိပါတယ်။ ထိုခွေးလေးဟာ ပြုစုစောင့်ရှောက်ရေး ဂေဟာ က မွေးစားခဲ့တာ ဖြစ်ပြီး Rosé ဟာ ခွေးလေး နာမည်ပေးဖို့ အများကြီး စဉ်းစားခဲ့ရပုံပါဘဲ။ Benny, Benju, Nougat, Cobalt အစရှိတဲ့ နာမည်တွေ အများကြီး စဉ်းစားခဲ့တာပါ။ နောက်ဆုံးတော့ Hank ဆိုတဲ့ နာမည်ကို ပေးဖြစ်သွားပြီး IG name ကိုတော့ hank_says_hank ဆိုပြီး ပေးထားပါတယ်။

Source: Koreaboo
Written: Violet

Share