မျက်ရစ်မရှိပေမဲ့ မိန်းက​လေးပရိသတ်​တွေရဲ့ နှလုံးသားကို ဖမ်းစားနိုင်ခဲ့တဲ့ ကိုရီးယားမင်းသား ၈ ဦး

ကိုရီးယားရဲ့ အလှအပစံချိန်စံညွှန်းအရ ရုပ်ရည်​ချော​မောလှပတဲ့သူ​တွေလို့ သတ်မှတ်ခံရတဲ့သူ​တွေဟာ မျက်လုံးဝိုင်းဝိုင်း၊ မျက်နှာ​သေး​သေး၊ နှာတံခွျန်ချွန်နဲ့ အထူးသဖြင့် မျက်ရစ်​ရှိကြပါတယ်။ သို့​သော်လည်း တချို့သူ​တွေအတွက်က​တော့ မျက်ရစ်မရှိတာကိုက ထင်ရှားတဲ့ ဆွဲ​ဆောင်မှုတစ်ခုဖြစ်​နေ​စေတာပါ။ အဲ့လိုမျိုး မျက်ရစ်မပါ​​ပေမဲ့လည်း မိန်းက​လေးပရိသတ်​တွေရဲ့ နှလုံးသားကို ဖမ်းစားနိုင်ခဲ့တဲ့ ကိုရီးယားမင်းသား ၈ ဦးက​တော့ ..

1. Gong Yoo

ဒီစာရင်းထဲမှာ ပထမဆုံးပါဝင်လာသူက​တော့ Goblin မင်းသား Gong Yoo ပဲဖြစ်ပါတယ်။ အသက် ၄၂ နှစ်ရှိပြီဖြစ်တဲ့ Gong Yoo ဟာ ၂၀၀၁ ခုနှစ်တုန်းက “School 4” ဇာတ်လမ်းတွဲနဲ့ ပွဲဦးထွက်ခဲ့ပြီး “Coffee Prince” ဇာတ်လမ်းတွဲနဲ့ ​အောင်မြင်​ကျော်ကြားလာခဲ့ပါတယ်။ သူဟာ နွေး​ထွေးတဲ့မျက်လုံးနဲ့ ချိုသာတဲ့အပြုံးကို ပိုင်ဆိုင်ထားပြီး ခန့်ညားကာ ​ယောကျ်ားဆန်တဲ့ မျက်နှာပုံစံမျိုးရှိတာ​ကြောင့် မိန်းက​လေးပရိသတ်​​တွေ ​တော်​တော်များများ ကြိုက်နှစ်သက်ကြပါတယ်။

2. Nam Joo Hyuk

မင်းသား Nam Joo Hyuk က​တော့ မျက်ရစ်မရှိ​ပေမဲ့လည်း နှာတံမြင့်မြင့် နှုတ်ခမ်းထူထူနဲ့ ပြီးပြည့်စုံတဲ့ မျက်နှာသွင်ပြင်ကို ပိုင်ဆိုင်ထားတာ​ကြောင့် မြင်တဲ့သူတိုင်း ​ကြွေဆင်းသွားတတ်ကြပါတယ်။ သူဟာ ​မော်ဒယ်တစ်ဦးဖြစ်ပြီး “School 2015”, “Moon Lovers: Scarlet Heart Ryeo” နဲ့ “Weightlifting Fairy Kim Boo Joo” ဇာတ်ကား​တွေမှာ ပါဝင်သရုပ်​ဆောင်ပြီး​နောက် လူကြိုက်များကာ တစ်ဟုန်ထိုး ​အောင်မြင်လာခဲ့ပါတယ်။

3. Park Seo Joon

​နောက်ထပ်တစ်ဦးက​တော့ အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ မင်းသား Park Seo Joon ဖြစ်ပါတယ်။ သူဟာ မြင့်မားတဲ့အရပ်နဲ့ ​ချော​မောတဲ့ ရုပ်ရည်တို့ကို ပိုင်ဆိုင်ထားတဲ့အပြင် သ​ဘော​ကောင်းသူဖြစ်တာ​ကြောင့် သူ့ကို မနှစ်သက်တဲ့သူ ရှိမယ်လို့ မထင်ပါဘူး။ မင်းသား Park Seo Joon ဟာ “What’s Wrong With Secretary Kim?”, “Fight For My Way”, “Itaewon Class” စတဲ့ ဇာတ်ကား​တွေနဲ့ ​အောင်မြင်လာပြီး နိုင်ငံတကာက ပရိသတ်​တွေရဲ့ အချစ်ကိုပါ ရရှိထားသူဖြစ်ပါတယ်။

4. Woo Do Hwan

မင်းသား Woo Do Hwan က​တော့ မျက်ရစ်မရှိပဲ sharp ဖြစ်တဲ့ မျက်လုံးပုံစံကိုက သူ့ရဲ့ ဆွဲ​ဆောင်မှုဖြစ်​နေတာပါ။ ဒါ့အပြင် Bad Boy ပုံစံမျိုးကိုမှ ကြိုက်နှစ်သက်တဲ့ မိန်းက​လေးပရိသတ်​တွေက​တော့ သူ့ကို ပိုပြီး သ​ဘောကျကြပါတယ်။ Woo Do Hwan ဟာ “Save Me”, “Mad Dong”, “Tempted” နဲ့ “The King: Eternal Monarch” စတဲ့ ဇာတ်လမ်းတွဲ​တွေမှာ ပါဝင်သရုပ်​ဆောင်ခဲ့ဖူးပါတယ်။

5. Choi Woo Shik

မင်းသား Park Seo Joon နဲ့ အရင်းနှီးဆုံး သူငယ်ချင်း​တွေဖြစ်ကြတဲ့ မင်းသား Choi Woo Shik က​တော့ ​သေးသွယ်တဲ့ မျက်နှာနဲ့ ရယ်လိုက်ရင်​ပေါ်လာတတ်တဲ့ ပါးချိုင့်​လေးက မိန်းက​လေး​ပရိသတ်​တွေအတွက် ရင်ခုန်စရာပါပဲ။ သူဟာ ဘယ်ဇာတ်​ကောင်ကိုမဆို အံဝင်ခွင်ကျ သရုပ်​​ဆောင်နိုင်တဲ့ သရုပ်​ဆောင်​ကောင်းတစ်ဦးဖြစ်ပါတယ်။ သူပါဝင်သရုပ်​ဆောင်ထားတဲ့ နာမည်ကြီးဇာတ်ကားအချို့က​တော့ “Secretly Greatly”, “The Witch: Part 1”, “The Divine Fury” နဲ့ “Parasite” တို့ပဲဖြစ်ပါတယ်။

6. Lee Joon Gi

မျက်ရစ်မရှိတဲ့ ကိုရီးယားမင်းသားလို့ ဆိုလိုက်တာနဲ့ မင်းသား Lee Joon Gi ကို ​ပြေးမြင်မိကြမှာပါ။ မြန်မာနိုင်ငံမှာ ​ကေမင်းသားလို့ လူသိများတဲ့ မင်းသား Lee Joon Gi ဟာ ပွဲဦးထွက်တည်းက မိန်းက​လေးလို ​ချော​မောလှပတဲ့ ရုပ်ရည်သွင်ပြင်နဲ့ ဆံပင်ရှည်​ကြောင့် ပရိသတ်တွေရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ​နောက်ပိုင်းမှာ​တော့ ​သူ့ရဲ့ မျက်နှာသွင်ပြင်ဟာ ​ယောကျ်ားဆန်တဲ့ဘက်ကို တဖြည်းဖြည်း ကူး​​ပြောင်းလာခဲ့ပြီး သူ့ရဲ့ ရုပ်ရှင်ကား အများစုဟာ အက်ရှင်ကား​တွေဖြစ်တာ​ကြောင့် ​ယောက်ျား​လေးပရိသတ် အများအပြားကိုလည်း ပိုင်ဆိုင်ထားပါတယ်။

7. Lee Jong Suk

မင်းသား Lee Jong Suk က​တော့ ၂၀၀၅ ခုနှစ်မှာ ​မော်ဒယ်အ​နေနဲ့ စတင်ပွဲဦးထွက်ခဲ့ပြီး “School 2013”, “Doctor Stranger”, “Pinochio”, “W: Two Worlds”, “While Yiu Were Sleeping” ဇာတ်လမ်းတွဲ​တွေနဲ့ ​အောင်မြင်​​ကျော်ကြားလာခဲ့ပါတယ်။ သူ့ရဲ့ မျက်နှာသွင်ပြင်ဟာ ကိုရီးယားလူမျိုးထက် တရုတ်လူမျိုးနဲ့ ပိုပြီးဆင်တူပါတယ်။ သူ့မှာရှိတဲ့ မျက်ခုံး​ထူထူ၊ နှာတံစင်းစင်းနဲ့ V ပုံစံ​မေးရိုး​တွေက မျက်ရစ်မရှိ​ပေမဲ့ ပြီးပြည့်စုံတဲ့ မျက်နှာကို ဖန်တီး​ပေးထားပါတယ်။ ထို့အပြင် သူဟာ ရယ်လိုက်တဲ့အခါ ချစ်ဖို့​ကောင်းတဲ့ ဆွဲ​ဆောင်မှုမျိုးရှိတယ်လို့ ပရိသတ်​​တွေက ​ပြောကြပါတယ်။

8. Hwang In Yeop

နောက်ဆုံးတစ်​ယောက်က​တော့ “True Beauty” ဇာတ်လမ်းတွဲမှာ အချစ်ကြီးတဲ့ ​ခပ်ဆိုးဆိုး​ကောင်​​လေး​နေရာက​​နေ သရုပ်​ဆောင်ပြီး မိန်းက​လေး​တွေရဲ့ နှလုံးသားကို သိမ်းပိုက်သွားတဲ့ Hwang In Yeop ဖြစ်ပါတယ်။ သူဟာ ၂၀၁၇ ခုနှစ်ကမှ YGKPlus လက်​အောက်က​နေ ​မော်ဒယ်အဖြစ် ပွဲဦးထွက်ခဲ့တာဖြစ်ပြီး “Tale Of Nokdu”, “18 Again”, “True Beauty” ဇာတ်လမ်းတွဲ​တွေနဲ့ အလျင်အမြန် နာမည်ကြီးလာတာဖြစ်ပါတယ်။ ဒါကလည်း သူ့ရဲ့ ရုပ်ရည်​ချော​မောမှုအပြင် ​မွေးရာပါ သရုပ်​ဆောင်အရည်အချင်း​ကြောင့်ဖြစ်မယ်ထင်ပါတယ်။

Source : Kstarlive
Photo : Naver, Instagram
Written : ZL

Share