မူလစံချိန်တင်ထားတဲ့အဖွဲ့ကိုကျော်လွန်ပြီး “Dynamite” သီချင်းနဲ့ အမြင့်ဆုံးစံချိန်သစ်တင်ခဲ့ပြန်တဲ့ BTS

စံချိန်တင်သီချင်းပေါင်းများစွာကိုပိုင်ဆိုင်ထားတဲ့ BTS အဖွဲ့ကတော့ “Dynamite” သီချင်းနဲ့ ဆုပေါင်းများစွာ၊ စံချိန်ပေါင်းများစွာ တင်ထားနိုင်တာဖြစ်ပြီး ဇွန်လ ၁ ရက်နေ့မှာလည်း Dynamite သီချင်းနဲ့ပဲ BLACKPINK အဖွဲ့ရဲ့ မူလစံချိန်ကို ချိုးဖျက်ကာ အမြင့်ဆုံးစံချိန်သစ်ကို ရေးထိုးခဲ့ပြန်ပါတယ်။

ဇွန်လ ၁ ရက်နေ့ မနက်အစောပိုင်းမှာပဲ BTS အဖွဲ့ရဲ့ စံချိန်တင်သီချင်း “Dynamite” ဟာ Youtube မှာ ဝင်ရောက်ကြည့်ရှုသူ 1.1 billion ကို ကျော်လွန်သွားခဲ့ပြီး စံချိန်သစ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ Dynamite သီချင်း MV ဟာ ၂၀၂၀ ခုနှစ် August 21 မှာ စတင်ထွက်ရှိလာခဲ့တာဖြစ်ပြီး စံချိန်သစ်ကိုရေးထိုးဖို့ ၂၈၃ ရက် ( ၉လနဲ့ ၁၀ ရက်ခန့် ) သာ ကြာမြင့်ခဲ့တာဖြစ်ပါတယ်။ ဒါဟာဆိုရင် BTS အဖွဲ့ရဲ့ ထွက်ရှိပြီးသမျှ MV တွေထဲမှာ ကြည့်ရှုသူ 1.1 billion အထိ ကျော်လွန်ရရှိခဲ့တဲ့ သုံးပုဒ်မြောက် MV ဖြစ်ပြီး “DNA” နဲ့ “Boy With Luv” သီချင်းတို့ကလည်း အသီးသီးစံချိန်သစ်တွေရေးထိုးထားခဲ့ပါတယ်။

ယခုဆိုရင်တော့ BTS ရဲ့ “Dynamite” သီချင်းဟာ Kpop သမိုင်းမှာတော့ ကြည့်ရှုသူ 1.1 Billion ကို အချိန်တိုအတွင်း အမြန်ဆုံးရရှိခဲ့တဲ့ MV အဖြစ် စံချိန်သစ်တင်ခဲ့ပြီဖြစ်ပြီး မူလစံချိန်တင်ထားတာကတော့ BLACKPINK အဖွဲ့ရဲ့ “Kill This Love” သီချင်းပဲဖြစ်ပါတယ်။ “Kill This Love” သီချင်းကတော့ ကြည့်ရှုသူ 1.1 Billion ကို တစ်နှစ်၊ ၇ လ နဲ့ ၄ရက်နီးပါး ကြာမြင့်ပြီးမှသာ ရရှိခဲ့တာဖြစ်ပြီး လက်ရှိ အမြင့်ဆုံးစံချိန်သစ်ကို ရေးထိုးလိုက်နိုင်တာကတော့ BTS ရဲ့ “Dynamite”သီချင်းပဲဖြစ်ပါတော့တယ်။


Congratulations to BTS!

Source: Soompi
Photos: Naver
Written: Julia

Share