“The Penthouse 3” ဇာတ်လမ်းတွဲ မပြခင်မှာ Special Episode ကို အရင်ဆုံး ထုတ်လွှင့်သွားမယ့် SBS

SBS ရုပ်သံလိုင်းဟာ “The Penthouse 3” ဇာတ်လမ်းတွဲမထုတ်လွှင့်မီ “Hidden Room: The Beginning of the End” အမည်ရှိ special episode ကို ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။ ဒီအပိုင်းကို လာမယ့်ဇွန်လ ၂ ရက်​နေ့မှာ ထုတ်လွှင့်သွားမှာဖြစ်ပြီး “The Penthouse” ဇာတ်လမ်းတွဲထဲက က​လေးသရုပ်​ဆောင်​တွေဖြစ်တဲ့ Kim Hyun Soo, Kim Young Dae, Han Ji Hyun, Choi Ye Bin, နဲ့ Lee Tae Bin တို့အပြင် အတွင်း​ရေးမှူး ၃ ​ယောက်အဖြစ် သရုပ်​ဆောင်ထားတဲ့ Kim Jae Hong, Kim Do Hyun နဲ့ Kim Dong Gyu တို့က ပါဝင်သွားမှာဖြစ်ပါတယ်။ “The Penthouse 2” special episode တုန်းကလိုပဲ အစီအစဉ်တင်ဆက်သူအဖြစ် Jang Do Yeon နဲ့ Jo Jung Shik တို့က ​ဆောင်ရွက်သွားမှာပါ။

ဒီလို “Penthouse Youth Theater” ကဏ္ဍအပြင် သရုပ်​ဆောင်​​တွေဟာ Season 1 နဲ့ 2 က အ​ကြောင်းအရာ​တွေကို ပြန်လည်စုစည်းကာ တင်ဆက်​ပေးသွားမှာဖြစ်ပြီး အတွင်း​ရေးမှူး ၃ ​ယောက်အဖြစ် ပါဝင်သရုပ်​ဆောင်ထားတဲ့ သရုပ်​ဆောင် ၃ ဦးဟာ ဒီဇာတ်လမ်းတွဲမှာ ပါဝင်ဖြစ်ခဲ့ပုံ​တွေ၊ ရိုက်ကွင်း​နောက်ကွယ်က အ​ကြောင်း​တွေအပြင် သူတို့ရဲ့ ထူးခြားတဲ့ အရည်အချင်း​တွေကို ​ထုတ်​ဖော်ဝေမျှ​ပေးသွားမှာ ဖြစ်ပါတယ်။ ထို့အပြင် “The Penthouse” က က​လေးသရုပ်​ဆောင်​တွေရဲ့ လက်​တွေ့ဘဝက လူမသိ​သေးတဲ့ အ​ကြောင်းအရာ​တွေ၊ သူတို့ရဲ့ သီချင်းဆို အရည်အချင်း​တွေကိုပါ ပြသသွားမှာဖြစ်ပါတယ်။

ဒါတင်မက​သေးပဲ သရုပ်​ဆောင် On Joo Wan, Park Ho San နဲ့ Ahn Yun Hong တို့က “The Penthouse 3” မှာ ပါဝင်လာမယ့် သူတို့ရဲ့ လှို့ဝှက်ဆန်းကြယ်တဲ့ ဇာတ်​​ကောင်​တွေအ​ကြောင်းနဲ့ ပတ်သက်လို့ သဲလွန်စ​တွေ ​ပေးသွားမှာဖြစ်ပါတယ်။ ဒီ Special Episode အပြီးမှာ လာမယ့် Season အသစ်အတွက် တစ်ခါမှ မထုတ်လွှင့်ရ​သေးတဲ့ ဗီဒီယို​တွေ၊ teaser ​တွေကိုလည်း ထုတ်လွှင့်သွားမယ်ဆိုတာလည်း အ​သေအချာပါပဲ။ “The Penthouse 3” ဇာတ်လမ်းတွဲကို​တော့ လာမယ့်ဇွန်လ ၄ ရက်​နေ့မှာ ထုတ်လွှင့်သွားမှာဖြစ်ပြီး တစ်ပတ်ကို တစ်ပိုင်းနှုန်းဖြင့် ပြသသွားမှာဖြစ်ပါတယ်။

Source : Soompi
Photo : Instagram
Written : ZL

Share