Hannam ရပ်ကွက်က ​​​စျေးအကြီးဆုံးအိမ်ရာမှာ တိုက်ခန်းဝယ်ယူလိုက်တဲ့ BTS အဖွဲ့ဝင် RM နဲ့ Jimin

ဇွန်လ ၁ ရက်​နေ့မှာ ကိုရီးယားသတင်းမီဒီယာ​တွေရဲ့ သတင်းထုတ်ပြန်ချက်အရ BTS အဖွဲ့ဝင် RM နဲ့ Jimin တို့ဟာ Seoul မြို့ Hannam ရပ်ကွက်မှာရှိတဲ့ ‘NINE ONE Hannam’ အိမ်ရာမှာ အိမ်ဝယ်ယူခဲ့ကြတယ်လို့ သိရှိရပါတယ်။ ‘NINE ONE Hannam’ အိမ်ရာဟာ ၂၀၁၉ ခုနှစ်ကမှ တည်​ဆောက်ပြီးစီးခဲ့ပြီး Seoul မြို့မှာရှိတဲ့ ​စျေးအကြီးဆုံးအိမ်ရာ​တွေထဲက တစ်ခုဖြစ်ပါတယ်။

ဒီအိမ်ရာမှာ အ​ဆောက်အအုံ ၉ ခုပါရှိပြီး အ​​ဆောက်အအုံတစ်ခုကို ၅ ထပ်မြင့်ပါတယ်။ ​အိမ်ခန်း​တွေရဲ့ အတွင်းပိုင်း အပြင်အဆင်ဟာ ​ခေတ်ဆန်ပြီး အဆင့်အတန်းမြင့်တဲ့အပြင် ​ပန်းခြံ၊ ရေကူးကန်၊ ဘတ်စ​ကတ်​ဘောကွင်း၊ ​​​​ဂေါ့ဖ်ကွင်း၊ စာကြည့်တိုက်၊ gym၊ အဆင့်မြင့်စားဖိုမှူး​တွေ ချက်ပြုတ်​ပေးတဲ့ စား​သောက်ဆိုင်နဲ့ စက်ဘီးသိမ်းဖို့ ​လော့ကာ​တွေပါ ပါရှိပါတယ်။

RM ဟာ ဒီအိမ်ကို မတ်လ ၃၁ ရက်​နေ့က ကိုရီးယား ဝမ် ၆.၄၆ ဘီလီယံ (​ဒေါ်လာ ၅.၇၅ သန်း) နဲ့ ဝယ်ယူခဲ့တာဖြစ်ပြီး ​ချေး​ငွေမယူပဲ ​မေလ ၂၅ ရက်​နေ့မှာ ​ငွေသားနဲ့ ပိုက်ဆံပေးချေပြီးသွားပြီလို့ သိရပါတယ်။ RM ဟာ မကြာ​သေးခင်က ‘Hannam The Hill’ က တိုက်ခန်းကို ​ဒေါ်လာ ၈သိန်း​ကျော်နဲ့ ပြန်လည်​ရောင်းချခဲ့ပါ​သေးတယ်။ထို့အတူပဲ Jimin ဟာလည်း ‘NINE ONE Hannam’ အိမ်ရာမှာ ကိုရီးယား ဝမ် ၅.၉ ဘီလီယံ (​ဒေါ်လာ ၅.၃၃ သန်း) တန်တဲ့ တိုက်ခန်းတစ်ခန်းကို ဝယ်ယူခဲ့ပြီး ​မေလ ၂၆ ရက်​နေ့မှာ ​ငွေသားနဲ့ ပိုက်ဆံ​​ပေး​ချေပြီးသွားပြီ ဖြစ်ပါတယ်။

Hannam ရပ်ကွက်ဟာ Seoul မြို့လယ်​ခေါင်မှာရှိပြီး ဟန်မြစ်နဲ့ Namsam ​တောင်တို့က ဝန်းရံထားတာ​ကြောင့် “Korea ရဲ့ Beverly Hills” လို့​တောင် တင်စား​ခေါ်​​ဝေါ်ကြပြီး ထို​နေရာက အိမ်ရာ​တွေက တန်ဖိုးမြင့်လွန်းတာ​ကြောင့် အနုပညာရှင်​တွေနဲ့ စီးပွား​ရေးလုပ်ငန်းရှင်အများစု ​​နေထိုင်ကြပါတယ်။ ‘Nine One Hannam’ ဟာဆိုရင်လည်း လုံခြုံ​ရေးစနစ် ၄ ဆင့်ရှိပြီး ​နေထိုင်သူ​တွေရဲ့ ပုဂ္ဂိုလ်​ရေးဆိုင်ရာ လုံခြုံမှု​တွေကို တင်းကြပ်စွာ ကာကွယ်​ပေးထားတာ​ကြောင့် အနုပညာရှင်အများစု မျက်စိကျ​နေတဲ့ ​အိမ်ရာလည်းဖြစ်ပါတယ်။ ယခု ‘Nine One Hannam’ မှာ BTS အဖွဲ့ဝင် RM နဲ့ Jimin တို့အပြင် G-Dragon, မင်းသား Lee Jong Suk, မင်းသား Joo Ji Hoon၊ မင်းသမီး Jun Ji Hyun တို့စုံတွဲ စတဲ့ နာမည်ကြီးအနုပညာရှင်​တွေ ​နေထိုင်လျက်ရှိပါတယ်။

Source : Kstarlive
Photo : Naver
Written : ZL

Share