Summer Vibes အပြည့်အဝခံစားရနိုင်မယ့်သီချင်းအသစ်နဲ့ Comeback ပြုလုပ်ခဲ့တဲ့ TWICE

ချစ်စရာမိန်းမလှလေးတွေပါဝင်တဲ့အဖွဲ့ဖြစ်တဲ့ TWICE ကတော့ ဒီနှစ်နွေရာသီအတွက် ခံစားချက်ကောင်းကောင်းလေးတွေဖြစ်စေမယ့် “AlcoholFree” ဆိုတဲ့သီချင်းလေးနဲ့အတူ Comeback ပြုလုပ်ခဲ့ပြီး သူတို့ရဲ့ မကြာခင်ထွက်လာတော့မယ့် Album အသစ် “Taste of Love” ကို မိတ်ဆက်ခဲ့ပါတယ်။

“AlcoholFree” သီချင်းလေးကိုတော့ Park Jin Young ကိုယ်တိုင် ထုတ်လုပ်ပေးခဲ့တာဖြစ်ပြီး Summer Vibes အပြည့်အဝရစေခဲ့တဲ့ သီချင်းလေးတစ်ပုဒ်လည်းဖြစ်ပါတယ်။ bossa nova နဲ့ hip hop သီချင်းအမျိုးအစားတွေကိုပေါင်းစပ်ထားတဲ့အပြင် နားထဲမှာစွဲစေတဲ့ စာသားလေးတွေကြောင့်ပဲ လိုက်ပြီးသီဆိုဖို့လွယ်ကူသလို နားဆင်သူမှန်သမျှကိုလည်း စိတ်လက်ပေါ့ပါးစေပြီး အပန်းပြေသွားစေမှာပါ။

သီချင်းလေးအကြောင်းကတော့ အချစ်နွံထဲသက်ဆင်းသွားတဲ့ ထူးခြားဆန်းကြယ်တဲ့အချိန်လေးအကြောင်းကို သီဆိုထားပါတယ်။ TWICE အဖွဲ့ရဲ့ပုံစံအတိုင်း သီချင်းလေးကမြူးကြွပြီး အကပိုင်းကလည်း ချစ်စရာကောင်းတဲ့ ကကွက်လေးတွေကြောင့် “AlcoholFree” သီချင်းဟာ တကယ်ကို ခံစားချက်ကောင်းလေးတွေကိုပေါက်ဖွားစေနိုင်ပါတယ်။

TWICE ဟာ “AlcoholFree” သီချင်းနဲ့အတူ နာမည်ကြီးအမေရိကန် Talk Show တစ်ခုဖြစ်တဲ့ “The Ellen DeGeneres Show” မှာ ပထမဆုံးအဖြစ်ပါဝင်ဖျော်ဖြေခဲ့ပြီး ချစ်စရာကောင်းတဲ့ပုံစံလေးတွေကြောင့် နားဆင်သူတွေဆီက ချီးမွမ်းသံတွေကိုရရှိခဲ့ပါတယ်။

မကြာခင်ထွက်လာတော့မယ့် mini album “Taste of Love” ရဲ့ Title Track ဖြစ်တဲ့ “AlcoholFree” ကတော့ ဇွန်လ ၉ ရက်နေ့မှာစတင်ထွက်ရှိခဲ့တာဖြစ်ပြီး “Taste of Love” Album ကတော့ ဇွန်လ ၁၁ ရက်နေ့မှာ စတင်ထွက်ရှိမှာဖြစ်တာကြောင့် ဒီ Mini Album မှာ ပါဝင်လာမယ့် TWICE အဖွဲ့ရဲ့ သီချင်းကောင်းလေးတွေကို စောင့်မျှော်နားဆင်ရပါတော့မယ်။

Source: Soompi
Photos: TWICE Update
Written: Julix

Share