BamBam ပြောတဲ့ အားတက်စရာ ကျန်းမာစွာဝိတ်ချနည်းအသစ်

GOT7‘s BamBam ကတော့ Allure Korea ရဲ့ Viedo Record တစ်ခုမှာပါဝင်လာခဲ့ပြီး မေးခွန်းပေါင်းများစွာကိုဖြေပေးခဲ့ပါတယ်။ ပရိသတ်တစ်ယောက်ကတော့ Bam Bam ရဲ့ အချိုးအစားလှပတဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံကိုအားကျတာကြောင့် Bam Bam လိုမျိုးဖြစ်ချင်တဲ့အတွက် ဝိတ်ချနည်းပြောပြဖို့ တောင်းဆိုခဲ့ပါတယ်။

ဒါကိုတော့ Bam Bam က “ပထမဆုံးအနေနဲ့ ဝိတ်ချဖို့ Motivation ကောင်းကောင်းလိုနေရင်တော့ ကျွန်တော့်ကိုပဲကြည့်နေလိုက်ပါ။ ဘယ်လောက်စားစား ဝ,မလာတဲ့ ကျွန်တော့်ကိုကြည့်ပြီး အားယူလိုက်ပေါ့နော်။ ကျွန်တော်ကလည်း ဝိတ်မတက်လွယ်တော့ ကျန်းကျန်းမာမာဖြစ်ပြီး ကြွက်သားတွေထွက်လာအောင်လို့တော့ လေ့ကျင့်ခန်းတွေလုပ်ရပါတယ်။

နောက်တနည်းကတော့ မင်းအနေနဲ့တကယ်ကို ဝိတ်ကျချင်တာလား? ဝိတ်ကျသွားဖို့ လေ့ကျင့်ခန်းလုပ်တာလည်းကောင်းပါတယ်။ ဒါ့အပြင် ကျန်းမာတဲ့အစားအသောက် Style ကလည်း ဝိတ်ကျသွားဖို့ အထောက်အကူဖြစ်စေတယ်လို့ကြားဖူးတယ်။

လေ့ကျင့်ခန်းတော့လုပ်ပါရဲ့.. အစားအသောက်ပုံစံမပြင်ရင်လည်း ဘာမှမထူးဘူးလေ… အဲ့တော့ ဝိတ်ချနေတုန်းမှာ အာဟာရမျှတစွာစားပြီး Diet လုပ်ကြည့်ဖို့ အကြံပေးချင်ပါတယ်” ဆိုပြီး နည်းလမ်း ၂ခု ပေးသွားပါတယ်။

ခန္ဓာကိုယ်ကို ပြုပြင်ထိန်းသိမ်းချင်တဲ့သူတွေအတွက်တော့ Bam Bam ပေးတဲ့အကြံက တော်တော်လေးကောင်းပါတယ်။ သူ့ကိုကြည့်ပြီး လေ့ကျင့်ခန်းလုပ်ရင်းဝိတ်ကျဖို့ Motivation ယူလို့ရသလို၊ အစားအသောက်ကို ထိန်းပြီး Body Shape လှလှလေးဖြစ်အောင်လုပ်ယူရင်း အားလုံးပဲ လှနိုင်ကြပါစေနော်။

Source: Koreaboo
Photos: Naver
Written: Julix

Share