၂၀၂၁ အ​စောပိုင်းမှာ ချစ်သူတွေဖြစ်ခဲ့ကြတဲ့ God Itthipat နဲ့ Richy Oranate တို့ရဲ့ အချစ်ဇာတ်လမ်း

ထိုင်းအနုပညာရှင်စုံတွဲတွေထဲမှာတော့ ပရိသတ်တွေထင်မှတ်မထားမိခဲ့ဘဲ surprise အကြီးကြီးဖြစ်သွားစေခဲ့တဲ့ အတွဲတစ်တွဲရှိပါတယ်။ သူတို့ကတော့ God Itthipat နဲ့ Richy Oranate တို့ အတွဲလေးပါပဲ။ တွဲတာသိပ်မကြာသေးတဲ့အတွဲသစ်လေးရဲ့ အချစ်ဇာတ်လမ်းကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

December 2018

God Itthipat နဲ့ Richy Oranate တို့ကတော့ ၂၀၁၈ ခုနှစ်တုန်းက “Sorn Ngao Ruk” ဇာတ်လမ်းတွဲမှာ ပထမဆုံးအကြိမ် အတူတူတွဲဖက်သရုပ်ဆောင်ခဲ့ဖို့ကမ်းလှမ်းခဲ့ပါတယ်။ ဇာတ်လမ်းတွဲကို လက်ခံရိုက်ကူးစဥ်က သူတို့နှစ်​ယောက်လိုက်ဖက်မှုရှိပါ့မလားဆိုပြီး ပရိသတ်တွေသံသယဝင်ခဲ့ကြပေမဲ့ ထုတ်လွှင့်ပြသချိန်မှာတော့ သံသယတွေကင်းရှင်းသွားခဲ့ကြပါတယ်။

January 2020

၂၀၂၀ ဇန်နဝါရီလမှာပဲ God နဲ့ Richy တို့ရဲ့ Sorn Ngao Ruk ကို Thai TV3 မှာ စတင်ထုတ်လွှင့်ပြသခဲ့ပြီး တွဲဖက်သရုပ်ဆောင်နှစ်ယောက်ရဲ့ သဘာဝကျပီပြင်တဲ့သရုပ်ဆောင်ချက်တွေအပြင် အတူတွဲဖက်ပြီးမြင်ရတာ လိုက်ဖက်နေလွန်းတာကြောင့် ကြည့်ရှုသူတွေဆီကနေ အသိအမှတ်ပြုချီးမွမ်းမှုတွေကို ရရှိခဲ့ပါတယ်။ အဲ့အချိန်တုန်းက ပရိသတ်တွေကတောင် တကယ့်အပြင်မှာပါ Date လုပ်ပြီး တွဲလိုက်ကြဖို့မျှော်လင့်ခဲ့ကြပါသေးတယ်။

January 2021

၂၀၂၁ ဇန်နဝါရီလ မှာပဲ မင်းသား God Itthipat ဟာ Richy Oranate နဲ့အတူ ရိုက်ကူးထားတဲ့ စုံတွဲဓာတ်ပုံလေးကို သူ့ရဲ့ Instagram မှာ တင်ခဲ့ပြီး “I finally found you” (နောက်ဆုံးတော့ မင်းကိုရှာဖွေတွေ့ရှိခဲ့ပြီ) ဆိုတဲ့ Caption နဲ့ Richy ကို Tag တွဲကာ သူတို့ရဲ့ Relationship ကို ပရိသတ်တွေထံ ချပြခဲ့ပါတော့တယ်။ [ဆန္ဒတွေပြည့်သွားတာပေါ့ :’)]

January 2021 – Until

၂၀၂၁ ဇန်နဝါရီလကစလို့ မင်းသား God နဲ့ Richy ဟာ စုံတွဲပုံလေးတွေအများအပြားတင်ခဲ့သလို ခရီးအတူထွက်တာမျိုးတွေ၊ ညနေ,နေဝင်ဆည်းဆာကို ခံစားနေတဲ့ ပုံလှလှလေးတွေ..အစရှိသဖြင့် စုံတွဲဓာတ်ပုံအမြောက်အမြားကိုတင်ကာ သူတို့နှစ်ယောက်ရဲ့နွေးထွေးလက်ဆတ်နေသေးတဲ့ အချစ်ကို ချပြခဲ့ပြန်ပါတယ်။ ပရိသတ်တွေမျှော်လင့်ပြီး ချစ်သူတွေဖြစ်စေချင်တဲ့ God နဲ့ Richy တို့ကတော့ တကယ်ကိုပဲ အချစ်ခရီးကို လျှောက်လှမ်းနေပါပြီ။

Source: ThaiUpdate
Photos: Instagram
Written: Julix

Share