အကဘုရင်မလို့ ​ခေါ်ခံထိုက်တဲ့ မိန်းက​လေး Idol ​များစာရင်းမှာ BLACKPINK အဖွဲ့ဝင်​တွေ ထိပ်ဆုံးက ရပ်တည်

ဇွန်လ ၂ ရက်​နေ့က​နေ ဇွန်လ ၉ ရက်​နေ့အထိ K-Pop Idol ​တွေနဲ့ ပတ်သက်ပြီး အ​ပျော်တမ်းအ​နေနဲ့ poll ​တွေ ပြုလုပ်​လေ့​ပေးရှိတဲ့ Choeaedol ဟာ “အကဘုရင်မလို့ ​ခေါ်ခံထိုက်တဲ့ မိန်းက​လေး idol” ဆိုတဲ့ ​ခေါင်းစဉ်နဲ့ ပရိသတ်​တွေကို မဲ​ပေး​ရွေးချယ်မှုတစ်ခု ပြုလုပ်​စေခဲ့ပါတယ်။

ထို poll မှာ မဲ​ပေးသူ​ပေါင်း ၅၉,၃၃၈ ဦး ပါဝင်​​ရွေးချယ်ခဲ့ကြပါတယ်။ ထိုမဲရလဒ်အရ ထိပ်ဆုံး​​နေရာမှာ ဗိုလ်စွဲခဲ့တာက​တော့ တခြားသူမဟုတ်ပဲ BLACKPINK အဖွဲ့ရဲ့ main dancer ဖြစ်တဲ့ Lisa ပါပဲ။ Lisa ဟာ စုစု​ပေါင်း ၃၇,၉၇၀ မဲကို ရရှိခဲ့ပြီး ဒါဟာ မဲစုစု​ပေါင်းရဲ့ ၆၄% ဖြစ်ပါတယ်။

Lisa ရဲ့ ​နောက်က​နေ ဒုတိယ​နေရာမှာ ရှိ​နေတာက​တော့ ​နောက်ထပ် BLACKPINK အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Jisoo ပါပဲ။ အဖွဲ့ရဲ့ Visual ဖြစ်​ပေမဲ့လည်း သူမရဲ့ အကစွမ်းရည်ကို အထင်​သေးလို့​တော့ မရပါဘူး။ သူမဟာ မဲ​ပေါင်း ၂၄,၅၇၅ မဲကို ရရှိခဲ့ပြီး မဲစုစု​ပေါင်းရဲ့ ၄၁.၄% ကို ရရှိခဲ့တာဖြစ်ပါတယ်။

Jisoo ဟာ Choaedol က​နေ ပြုလုပ်တဲ့ မိန်းက​လေး Idol ​တွေနဲ့ သက်ဆိုင်တဲ့ မဲ​ပေးမှု​တွေမှာ ခုလို ထိပ်ပိုင်း​နေရာကို မရရှိခဲ့တာ လအ​တော်ကြာပြီဖြစ်ပြီး ခုတ​စ​်ခေါက်မှာ​တော့ အားလုံးက အသိအမှတ်ပြုထားရတဲ့ အကစွမ်းရည်နဲ့ ထိပ်ပိုင်းမှာ ပါဝင်လာခဲ့တာပါ။ တတိယ​နေရာကို သိမ်းပိုက်နိုင်ခဲ့တာက​တော့ “SOLO” သီချင်းရဲ့ ပိုင်ရှင် Jennie ပဲ ဖြစ်ပါတယ်။

Jennie ဟာ တစ်ကိုယ်​တော်သီချင်းမှာပဲဖြစ်ဖြစ်၊ အဖွဲ့လိုက် comeback ​တွေမှာပဲဖြစ်ဖြစ် vocal, rap, dance, visual စတဲ့ စွမ်းရည်​​ပေါင်းစုံကို အ​ကောင်းဆုံးထုတ်ပြနိုင်တဲ့ စွယ်စုံရ Idol တစ်ဦးဖြစ်ပါတယ်။ Jennie က​တော့စုစု​ပေါင်း ၂၁,၃၀၀ မဲကို ရရှိခဲ့တာပါ။

ဒါဟာ မဲအားလုံး​ပေါင်းရဲ့ ၃၆% ကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ​နောက်ဆုံး BLACKPINK အဖွဲ့ဝင်ဖြစ်ပြီး နံပါတ် ၄ ​နေရာမှာ ရပ်တည်ခဲ့တာက​တော့ BLACPINK ရဲ့ main vocal Rosé ပဲ ဖြစ်ပါတယ်။ Rosé က​တော့ ၂၁,၀၂၁ မဲကို ရရှိခဲ့ပြီး မဲစုစု​ပေါင်းရဲ့ ၃၅.၄% ကို ရရှိခဲ့တာဖြစ်ပါတယ်။

BLACKPINK အဖွဲ့ဝင်​တွေအပြင် ဒီစာရင်းရဲ့ ထိပ်ဆုံး ၁၀ ဦးမှာ ပါဝင်ခဲ့တဲ့ မိန်းက​​​လေး Idol ​တွေက​တော့ IU, TWICE အဖွဲ့ဝင် Momo, ITZY အဖွဲ့ဝင် Yeji, Red Velvet အဖွဲ့ဝင် Irene, ITZY အဖွဲ့ဝင် Ryujin နဲ့ (G)I-DLE အဖွဲ့ဝင် Yuqi တို့ပဲ ဖြစ်ပါတယ်။

Source : Kpopstarz
Photo : Pinterest
Written : ZL

Share