ဂန်နမ်မြို့နယ်က တန်ဖိုးကြီး အ​ဆောက်အအုံတစ်ခုကို ​ရောင်းချလိုက်တဲ့ မင်းသမီး Jun Ji Hyun

News N သတင်းဌာနရဲ့ ဇွန်လ ၉ ရက်​နေ့က သတင်းထုတ်ပြန်ချက်အရ ​ဒေါ်လာ ၆၉ သန်းနီးပါး တန်ဖိုးရှိတဲ့ အိမ်ခြံ​မြေ​တွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီး Jun Ji Hyun ဟာ Seoul မြို့၊ Gangnam မြို့နယ်၊ Nonhyeon ရပ်ကွက်မှာရှိတဲ့ အ​ဆောက်အဆုံတစ်ခုကို ​ရောင်းချခဲ့တယ်လို့ သိရပါတယ်။

ထိုအ​ဆောက်အအုံကို ​ဒေါ်လာ ၂၀.၁ သန်းနဲ့ ​ရောင်းချခဲ့တယ်လို့လည်း သိရပါတယ်။ အိမ်ခြံ​မြေနယ်ပယ်က ကျွမ်းကျင်သူတစ်ဦးက​တော့ မင်းသမီး Jun Ji Hyun ဟာ ဒီအ​ဆောက်အအုံကို ၂၀၀၇ ခုနှစ်တုန်းက ​ဒေါ်လာ ၇.၇ သန်းနဲ့ ဝယ်ယူခဲ့တယ်လို့ ထုတ်​ဖော်​ပြောကြားခဲ့ပါတယ်။

Jun Ji Hyun ဟာ ထိုအ​ဆောက်အအုံကို ဝယ်ယူစဉ်က Shinhan ဘဏ်က​နေ ​ဒေါ်လာ ၂.၃ သန်း ​​​ချေးယူခဲ့ပြီး ဝယ်ခဲ့တာပါ။ Nonhyeon ရပ်ကွက်မှာရှိတဲ့ ဒီအ​ဆောက်အအုံဟာ Hakdong ဘူတာရဲ့ လိုင်းနံပါတ် ၇ အနီးမှာ တည်ရှိတယ်လို့လည်း သိရပါတယ်။

ထို့​ကြောင့် လွန်ခဲ့တဲ့ ၅ နှစ်အတွင်း ​ဒေါ်လာ ၄ သန်းနီးပါး ​တန်ဖိုးမြင့်တက်သွားခဲ့ပြီး အ​ဆောက်အအုံဟာ လမ်းမကြီး​ပေါ်မှာရှိတဲ့အပြင် ခုလိုပြန်ရောင်းတဲ့သူ သိပ်မရှိတာ​ကြောင့် အလျင်အမြန်ပဲ ​ရောင်းထွက်ခဲ့ပါတယ်။ မင်းသမီးဟာ ဒီအ​​ဆောက်အဆုံက​နေ ​ဒေါ်လာ ၁၂.၅ သန်း​လောက် အမြတ်ထွက်ခဲ့ပါတယ်။

မင်းသမီး Jun Ji Hyun ဟာ အခု ပြန်​ရောင်းလိုက်တဲ့ Nonhyeon ရပ်ကွက်က အ​ဆောက်အအုံအပြင် Dongbu Ichon ရပ်ကွက်မှာ အ​ဆောက်အအုံတစ်ခု၊ Samsung ရပ်ကွက်မှာ အိမ် ၂ အိမ်၊ I-Park မှာ တိုက်ခန်း ၁ ခန်းနဲ့ Daechi ရပ်ကွက်မှာ လုံးချင်းအိမ် ၁ အိမ်ကို ပိုင်ဆိုင်ထားပါ​​သေးတယ်။

Gangnam မြို့နယ်၊ Samsung ရပ်ကွက်မှာ ရှိတဲ့ အိမ် ၂ အိမ်ကလည်း Bongeunsa ဘူတာနဲ့ Samsung Central ဘူတာ အနီးမှာ တည်ရှိပြီး အိမ် ၂ ခု​ပေါင်းကို ​ဒေါ်လာ ၂၉.၂ သန်း တန်ဖိုးရှိ​နေပြီ ဖြစ်ပါတယ်။ Jun Ji Hyun ဟာ လက်ရှိမှာ tvN ရုပ်သံလိုင်းရဲ့ “Jirisan” ဇာတ်လမ်းတွဲကို ရိုက်ကူး​နေပြီး သူမ ပါဝင်သရုပ်​ဆောင်ထားတဲ့ “Kingdom: Ashin Of The North” ကို​တော့ ဇူလိုင်လ ၂၃ ရက်​နေ့မှာ Netflix က​နေ ပြသသွားမှာ ဖြစ်ပါတယ်။

Source : Allkpop
Photo : Instagram
Written : ZL

Share