“Master In The House” အစီအစဉ်က​နေ နုတ်ထွက်​တော့မယ့် မင်းသား Shin Sung Rok နဲ့ Cha Eun Woo

မင်းသား Shin Sung Rok နဲ့ ASTRO အဖွဲ့ဝင် Cha Eun Woo တို့ဟာ SBS ရုပ်သံလိုင်းရဲ့ နာမည်ကြီးအစီအစဉ်တစ်ခုဖြစ်တဲ့ ‘Master In The House’ က​နေ နုတ်ထွက်​တော့မှာဖြစ်ပါတယ်။ ဒီကိစ္စကို ‘Master In The House’ အစီအစဉ်ရဲ့ ထုတ်လုပ်​ရေးအဖွဲ့က ဇွန်လ ၁၀ ရက်​နေ့မှာ တရားဝင်စာထုတ်ပြီး ​ကြေငြာလိုက်တာ ဖြစ်ပါတယ်။

ထိုစာထဲမှာ “ကျွန်​တော်တို့နဲ့အတူ ​အချိန်အကြာကြီး ​ပျော်စရာ​တွေ​​ရော ဝမ်းနည်းစရာ​​တွေ​ရော မျှ​ဝေခံစားခဲ့တဲ့ Shin Sung Rok နဲ့ Cha Eun Woo တို့ဟာ ဇွန်လ ၂၀ ရက်​နေ့မှာ နောက်ဆုံးအပိုင်း ထုတ်လွှင့်ပြီးတာနဲ့ အစီအစဉ်က​နေ နုတ်ထွက်​တော့မှာဖြစ်ပါတယ်” လို့ ​​ရေးသားထားပါတယ်။

ဆက်လက်ပြီး “ဂရုတစ်စိုက်နဲ့ ​သေချာ​ဆွေး​နွေးညှိနှိုင်းပြီး​​နောက် ကျွန်​တော်တို့အဖွဲ့ဟာ အဖွဲ့ဝင်​တွေရဲ့ နုတ်ထွက်မယ့် ဆုံးဖြတ်ချက်ကို ​လေးစားလိုက်နာပြီး သူတို့ရဲ့ အဓိက အသက်​မွေးဝမ်​ကျောင်းအလုပ်ကို ပိုပြီး အာရုံစိုက်နိုင်​စေဖို့ ဆုံးဖြတ်ခဲ့ပါတယ်” လို့ ​​​​​ရှင်းပြခဲ့ပါတယ်။

ထို့အပြင် ‘Master In The House’ မှာ ကျွန်​တော်တို့ကို အများကြီး ရယ်​မော​စေခဲ့တဲ့ Shin Sung Rok နဲ့ Cha Eun Woo ကို ​အ​လေးအနက် ​ကျေးဇူးတင်​ကြောင်းနဲ့ ဆက်လက်ပြီး အား​ပေးကူညီသွားမှာဖြစ်​ကြောင်းလည်း ​ပြောထားပါ​သေးတယ်။ မင်းသား Shin Sung Rok​ နဲ့ Cha Eun Woo တို့ဟာ အစီအစဉ်မှာ အမြဲတမ်းအဖွဲ့ဝင်​တွေ​အ​နေနဲ့ ၁ နှစ်​​ကျော်ကြာ ​ဆောင်ရွက်ခဲ့ပြီး​နောက် ခုလို နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

‘Master In The House’ အစီအစဉ်ဟာ နယ်ပယ်အသီးသီးက ပညာရှင်​တွေနဲ့ တစ်ညအိပ် နှစ်ရက်​အတူ​နေပြီး သူတို့ရဲ့ ဘဝအ​ကြောင်း​ကို ​လေ့လာပြီး ပညာ​တွေ ဗဟုသုတ​တွေ ရရှိ​အောင် ရည်ရွယ်ဖန်တီးထားတဲ့ အစီအစဉ်ဖြစ်ပါတယ်။  ဒီအစီအစဉ်ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်​နေ့မှာ စတင်ထုတ်လွှင့်ခဲ့ပါတယ်။

မင်းသား Shin Sung Rok က​​တော့ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်​နေ့က ထုတ်လွှင့်ခဲ့တဲ့ အပိုင်းက​နေစလို့ အဖွဲ့ဝင်အသစ်အဖြစ် ပါဝင်လာခဲ့ပါတယ်။ ထို့​နောက် အဖွဲ့ဝင်​ဟောင်း​တွေဖြစ်တဲ့ Lee Sang Yoon နဲ့ Yook Sung Jae တို့ နုတ်ထွက်သွားတဲ့အတွက် ၂၀၂၀ ခုနှစ် ​မေလ ၃ ရက်​နေ့မှာ ပြသခဲ့တဲ့ အပိုင်းက​နေစပြီး Cha Eun Woo က အဖွဲ့ဝင်ဖြစ်လာခဲ့ပါတယ်။

Source : Soompi
Photo : Instagram, Naver
Written : ZL

Share