“You Are My Glory” ဇာတ်လမ်းထဲမှာ တကယ့်စုံတွဲတွေလို,လိုက်ဖက်နေတဲ့ Yang Yang နဲ့ Dilireba

Tencent Video က ထုတ်လွှင့်ပြသတော့မယ့် ဇာတ်လမ်းတွဲတွေနဲ့ပတ်သက်ပြီး Trailer တွေအများကြီးကို တပြိုင်နက်ထုတ်ပေးခဲ့ရာမှ မျက်စိဖမ်းအစားနိုင်ဆုံးဖြစ်ခဲ့တဲ့ ဇာတ်လမ်းတစ်ခုကတော့ အချောအလှထိပ်ခေါင်တင် Yang Yang နဲ့ Dilireba တို့ ၂ ယောက် အတူပါဝင်ရိုက်ကူးထားတဲ့ အချစ်ဇာတ်လမ်းတွဲ You Are My Glory ပါပဲ။

You Are My Glory ဇာတ်လမ်းလေးကတော့ နာမည်ကြီး celebrity တစ်ဦးဖြစ်သူ Qiao Jingjing (Dilraba Dilmurat) နဲ့ aerospace engineer Yu Tu (Yang Yang) တို့ကြားက အချစ်ဇာတ်လမ်းလေးပါပဲ။

Yu Tu နဲ့ Qiao JingJing ကတော့ ငယ်ငယ်က အတန်းအတူတူတက်ဖူးကြပြီး အချင်းချင်းစိတ်ဝင်စားမှုတွေရှိပေမဲ့လည်း ခံစားချက်တွေကို ဖုံးကွယ်ကာ ကိုယ့်လမ်းကိုယ်လျှောက်ခဲ့ကြရင်းက ၁၀ နှစ်ကျော်ကြာမှ ကံကြမ္မာက တဖန်ပြန်လည်ဆုံစည်းစေခဲ့တဲ့အခါ.. ဖုံးကွယ်မျိုသိပ်ထားခဲ့တဲ့အချစ်တွေက ဘယ်လိုမျိုးပွင့်ထွက်လာမလဲဆိုတာကို ကြည်နူးစွာကြည့်နိုင်ပါတော့မယ်။

You Are My Glory ဇာတ်လမ်းတွဲအတွက် Yang Yang နဲ့ Dilireba က ဘယ်လောက်တောင်အတွဲညီပြီး ချစ်စရာကောင်းသလဲဆိုတာကို Weibo မှာ သူတို့ရဲ့အပြောအဆိုလေးတွေကိုကြည့်ရင်းနဲ့ သိနိုင်ပါတယ်။

Dilraba က Yang Yang ရဲ့ဇာတ်ကောင်ဖြစ်တဲ့ Yu Tu ကို “အလှပဆုံးပုံစံလေးနဲ့ အချစ်နွံထဲကို သက်ဆင်းခဲ့ကြတာပဲ” လို့ ရေးသားထားပြီး ဒါကို Yang Yang က Dilraba ဇာတ်ကောင် Qiao JingJing ကို “သူမရဲ့ကျန်ရှိတဲ့အချိန်တွေကို ကောင်လေးအတွက် ပေးမယ်မလား” ဆိုပြီး Role play အနေနဲ့ အပြန်အလှန်ကြည်နူးစွာ Ro ပြခဲ့ပါသေးတယ်။

ဒါ့အပြင် Dilraba နဲ့ Yang Yang က ဇာတ်လမ်းတွဲထဲမှာတင်မကဘဲ တကယ့်လက်တွေ့မှာပါ ချစ်စရာ​ကောင်းပြီးအတွဲညီနေတာကြောင့် ပရိသတ်တွေက အားရနေကြပါတယ်။ You Are My Glory ရဲ့ Trailer ထဲမှာလည်း Dilireba က အိပ်နေတဲ့ Yang Yang ကို ချစ်မြတ်နိုးစွာကြည့်နေတဲ့အကြည့်လေးတွေ…

“ဒီနေ့ညတော့ မင်းနဲ့မခွဲချင်ဘူး.. ငါတောင်းဆိုတာ လွန်သွားပြီလား?” ဆိုပြီ ပြောလိုက်တဲ့ Yang Yang ရဲ့ပုံစံနဲ့ စကားသံလေးတွေက Trailer ကို ကြည့်မိရုံနဲ့တင် ဇာတ်လမ်းကိုကြည့်ဖို့ စိတ်မထိန်းနိုင်လောက်အောင် ဆွဲဆောင်နေခဲ့ပါပြီ။ June လ ၂၇ ရက်နေ့မှာ စတင်ထွက်လာတော့မှာဖြစ်လို့ မလွတ်တမ်း စောင့်ကြည့်ကြပါဦးနော်။

Source: Weibo
Photos: Tencent
Written: Julix

Share