“The World of The Married” ဇာတ်ကောင်တွေအတွက် စတင်ဆွေးနွေးနေပြီဖြစ်တဲ့ အနုပညာရှင်များ

တောင်ကိုရီးယားဇာတ်လမ်းတွဲ “The World of The Married” ကို ထိုင်းနိုင်ငံက ပြန်လည်ရိုက်ကူးတော့မယ့်အကြောင်းကို ပရိသတ်ကြီးတို့သိပြီးသားဖြစ်မှာပါ။ အဓိကဇာတ်​ကောင်တွေအဖြစ် Anne Thongprasom, Ken Theeradeth, Mai Davika တို့ကို ကမ်းလှမ်းမယ့်အကြောင်း သတင်းတွေထွက်လာခဲ့ပြီးနောက် ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှုတွေများသလို Mai Davika ကို မယားငယ်ဇာတ်ကောင်အတွက် နေရာချထားမှုကြောင့် ဝေဖန်သံတွေလည်းရှိနေပြန်ပါတယ်။

တကယ့်အနုပညာမျက်စိနဲ့ကြည့်မယ်ဆိုရင် “The World of The Married” ရဲ့ အဓိကဇာတ်ကောင် ၃ ဦးဟာ စိန်ခေါ်မှုများတဲ့ဇာတ်ကောင်တွေဖြစ်ပြီး ပါဝင်သရုပ်ဆောင်မယ့် မင်းသား၊မင်းသမီးတွေရဲ့ သရုပ်ဆောင်အရည်အချင်းကို ကောင်းကောင်းကြီးချပြလို့ရတဲ့အတွက် ပါဝင်သရုပ်ဆောင်မယ့်သူတွေကို လွန်စွာစိတ်ဝင်စားနေကြတာလည်းဖြစ်ပါတယ်။

Daradaily နဲ့ ပြုလုပ်ခဲ့တဲ့ Interview မှာတော့ မင်းသားကြီး Ken Theeradeth ဟာ သူ့အနေနဲ့ “The World of The Married” မှာ ပရိုဂျူဆာမင်းသမီး Anne Thongprasom နဲ့အတူ တွဲဖက်သရုပ်ဆောင်ဖို့ လျားထားခြင်းခံရတာကိုသိတဲ့အပြင် ဇာတ်ကောင်ကမ်းလှမ်းမှုတဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေရှိနေတယ်လို့ပြောခဲ့ပါတယ်။

ဇာတ်လမ်းနဲပတ်သက်ပြီး အသေးစိတ်တော့မသိရသေးပေမဲ့ သူသာလက်ခံခဲ့မယ်ဆိုရင် Anne Thongprasom နဲ့အတူ တွဲဖက်သရုပ်ဆောင်ရမှာကိုသိရှိထားပြီး နောက်ထပ်မင်းသမီးအငယ်နေရာအတွက်တော့ ဘယ်သူ့ကိုကမ်းလှမ်းထားသလဲဆိုတာကို မသိသေးတဲ့အကြောင်းပါ ပြောခဲ့ပါသေးတယ်။

Ken Theeradeth အနေနဲ့ သူ့ရဲ့အကောင်းဆုံးတွဲဖက်မင်းသမီးဖြစ်တဲ့ Anne Thongprasom နဲ့အတူတွဲဖက်ပြီးသရုပ်မဆောင်ရတာဟာ ၁၀ နှစ်နီးပါလောက်ရှိပြီဖြစ်လို့ “The World of The Married” ဇာတ်ကောင်ကမ်းလှမ်းမှုကို သဘောကျနေပြီး Anne နဲ့အတူ စိန်ခေါ်မှုများတဲ့ဇာတ်ကောင်ကို ရိုက်ကူးချင်ကြောင်းပါ ဖော်ပြခဲ့တာပါ။

ပြန်လည်ရိုက်ကူးမယ် “The World of The Married” Thai Version နဲ့ပတ်သက်ပြီး ဇာတ်ကောင်ရွေးချယ်မှုတွေစတင်လုပ်ဆောင်နေပြီဖြစ်လို့ တကယ်လို့သာ အရင်ကလျာထားတဲ့မင်းသား၊ မင်းသမီးတွေသာ စိန်ခေါ်မှုများတဲ့ဇာတ်ကောင်တွေကို ပါဝင်ရိုက်ကူးမယ်ဆိုရင် အနုပညာခြေလှမ်းသစ်ကို တဆစ်ချိုးကို လျှောက်လှမ်းနိုင်မှာဖြစ်တာကြောင့် အားလုံးကစိတ်ဝင်စားနေကြပါတော့တယ်။

Source: ThaiUpdate
Photos: ThaiDaily
Written: Julix

Share