JTBC ဇာတ်လမ်းတွဲအသစ်နဲ့ ၃ နှစ်ကြာမှ သရုပ်​ဆောင်အဖြစ် ပြန်လည်မြင်​တွေ့ရ​တော့မယ့် Joy

Red Velvet အဖွဲ့ဝင် Joy ကို သရုပ်​ဆောင်အဖြစ် မမြင်ရတာ ၃ နှစ်ကြာပြီး​နောက် ယ​နေ့ ဇွန်လ ၁၁ ရက်​နေ့မှာ JTBC ရုပ်သံလိုင်းရဲ့ ဇာတ်လမ်းတွဲတစ်ခုမှာ ပါဝင်သရုပ်​ဆောင်ဖို့ အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ သတင်းထုတ်ပြန်ချက်တစ်ခုအရ သူမဟာ JTBC ရဲ့ “Only One Person” ဆိုတဲ့ ဇာတ်လမ်းတွဲမှာ Seong Mi Do ဆိုတဲ့ ဇာတ်​ကောင်က​နေ ပါဝင်သရုပ်​ဆောင်ဖို့ ကမ်းလှမ်းခံခဲ့ရတယ်လို့ သိရပါတယ်။ ဒီသတင်းကို SM Entertainment က​နေလည်း အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ Joy ဟာ “The Liar and His Lover” နဲ့ “Tempted” စတဲ့ ဇာတ်လမ်းတွဲ​တွေမှာ ​ခေါင်း​ဆောင်မင်းသမီးအဖြစ် ပါဝင်ပြီး ထူးချွန်တဲ့ သရုပ်​ဆောင် အရည်အချင်းကို ပြသနိုင်ခဲ့ပါတယ်။

Joy အပြင် မင်းသား Park Sung Hoon နဲ့ “Hospital Playlist” မင်းသမီး Ahn Eun Jin တို့ကလည်း ဒီဇာတ်လမ်းတွဲအတွက် ကမ်းလှမ်းခံထားရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလတုန်းက သူတို့ရဲ့ ​အေဂျင်စီ​​တွေဖြစ်ကြတဲ့ BH Entertainment နဲ့ Big Boss Entertainment တို့ဟာ “Only One Person” ဆိုတဲ့ ဇာတ်လမ်းတွဲအတွက် ကမ်းလှမ်းခံထားရ​ကြောင်းနဲ့ လက်ခံဖို့ စဉ်းစားဆုံးဖြတ်​နေ​ကြောင်း ထုတ်​ဖော်​ပြောကြားခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲကို​တော့ “Weightlifting Fairy Kim Bok Joo” နဲ့ “Find Me in Your Memory” ဇာတ်လမ်းတွဲ​တွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Oh Hyun Jong က ရိုက်ကူးသွားမှာဖြစ်ပြီး ဇာတ်ညွှန်း​ရေးဆရာ Moon Jung Min က ဇာတ်ညွှန်း​ရေးသားထားပါတယ်။

“Only One Person” ဇာတ်လမ်းတွဲဟာ လူဆိုးတစ်​ယောက်ရဲ့ အသက်ကို နုတ်ယူပြီး​နောက် ​သေဒဏ်ကျခံထားရပြီး အလွန်အမင်း ​နေမ​ကောင်းဖြစ်​နေတဲ့ အမျိုးသမီးတစ်​ယောက်အ​ကြောင်းကို ပုံ​ဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ သူမရဲ့ဘဝဟာ စိတ်ဆတ်ပြီး အတွင်းစိတ်ကို ခန့်မှန်းလို့ မရတဲ့ Pyo In Sook ဆိုတဲ့သူနဲ့ ​တွေ့ပြီး​နောက် လုံးဝကို ​ပြောင်းလဲသွားခဲ့ပါတယ်။ တစ်ဖက်မှာလည်း နာမည်ကြီး influencer တစ်​ယောက်ဖြစ်တဲ့ Seong Mi Do ဟာ ပြင်းထန်တဲ့ ​​ရောဂါ​ဝေဒနာကို ခံစား​နေရပြီး အသက်လု​နေရတဲ့သူဖြစ်ပါတယ်။ ဒီလို စိတ်ဝင်စားစရာ ဇာတ်လမ်းတွဲ​လေးကို​တော့ လာမယ့် ဒီဇင်ဘာလမှာ ထုတ်လုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Source : Kpopstarz
Photo : Naver, Instagram
Written : ZL

Share