BTS အဖွဲ့ဝင်​​တွေနဲ့ အလုပ်အတူတွဲလုပ်ချင်တယ်ဆိုတဲ့ “Hospital Playlist” ဒါရိုက်တာ Shin Wonho

ဇွန်လ ၁၀ ရက်​နေ့တုန်းက Jo Jungsuk, Jung Kyungho, Jeon Mido, Yoo Yeonseok နဲ့ Kim Daemyung တို့ ပါဝင်တဲ့ “Hospital Playlist 2” ဇာတ်လမ်းတွဲအတွက် စာနယ်ရှင်းရှင်းလင်းပွဲကို ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီစာနယ်ဇင်းရှင်းလင်းပွဲမှာ “Hospital Playlist”, “Prison Playbook” နဲ့ “Reply” ဇာတ်လမ်းတွဲ​တွေရဲ့ ဒါရိုက်တာဖြစ်တဲ့ PD Shin Wonho ဟာ ဇာတ်လမ်းတွဲထဲမှာ ဘယ်သူ့ကို ဧည့်သည်သရုပ်​ဆောင်အဖြစ် ဖိတ်​ခေါ်ချင်လဲလို့ ​မေးမြန်းခံခဲ့ရပါတယ်။ ထိုအခါ PD Shin Wonho က BTS အဖွဲ့ကို ​ရွေးချယ်ခဲ့ပြီး “သူတို့ထဲမှာ သရုပ်​ဆောင်​ကောင်းတဲ့သူအချို့ရှိတယ်။ ဇာတ်လမ်းတွဲထဲမှာ ပါဝင်ဖို့ အချိန်ရှိရင် ​ကောင်းမှာပဲ” လို့ ​​ဖြေကြားခဲ့ပါတယ်။


ဆက်လက်ပြီး သူက “BTS အဖွဲ့ကို ဖိတ်​ခေါ်ချင်ရတဲ့အ​ကြောင်းက​တော့ ကျွန်​တော့်သမီး​ကြောင့်ဖြစ်ပါတယ်။ သမီးက ကျွန်​တော့်ကို BTS အဖွဲ့ကို မဖိတ်​ခေါ်နိုင်​သေးတဲ့အတွက် ကျွန်​တော့်မှာ အစွမ်းအစမရှိ​သေးဘူးလို့ ​ပြောခဲ့ဖူးတယ်” ဆိုပြီး အ​ကြောင်းရင်းကို ရှင်းပြခဲ့ပါတယ်။ ထို့​နောက် သူက “သူတို့ကို ဧည့်သည်သရုပ်​ဆောင်အဖြစ် ဖိတ်​ခေါ်ဖို့ ကျွန်​တော် ဝန်​​တော့ လေးမိတယ်။ သူတို့နဲ့ တစ်ခါက အလုပ်အတူလုပ်ဖူး​တယ်။ သူတို့မှာလည်း သူတို့အလုပ်ရှိ​သေး​တော့ သူတို့ကို အ​ပျော်တမ်း ဖိတ်​ခေါ်ရုံမဟုတ်ပဲ သူတို့နဲ့ လိုက်ဖက်မယ့် ဇာတ်​ကောင်ကို ​ပေးချင်ပါတယ်။ ကျွန်​တော်အကူအညီ​တောင်းလိုက်ရင် အ​နှောင့်အယှက်ဖြစ်သွားမှာစိုးလို့ ဒီကိစ္စကို ဂရုတစိုက်နဲ့ စဉ်းစား​နေပါတယ်” လို့ ​ပြောပြခဲ့ပါတယ်။


ထို့အပြင် PD Shin Wonho ကို ​​​မျက်စိကျ​နေတဲ့ သရုပ်​ဆောင်ရှိလားလို့ ​မေးမြန်းခဲ့ရာမှာလည်း ယခင်က သရုပ်​ဆောင်အ​တွေ့အကြုံ ရှိခဲ့ဖူးတဲ့ BTS အဖွဲ့ဝင်​တွေကို တခြားဇာတ်လမ်းတွဲ​တွေအတွက် ကမ်းလှမ်းချင်ပါတယ်လို့ ​ဖြေကြားခဲ့ပါတယ်။ ပရိသတ်​တွေက​တော့ ဒါဟာ V ကို ရည်ညွှန်းတာဖြစ်မယ်လို့ ယူဆထားကြပါတယ်။ ဘာလို့လဲဆို​​တော့ BTS အဖွဲ့ဝင်​တွေထဲမှာ V တစ်​ယောက်သာ သရုပ်​ဆောင်အ​တွေ့အကြုံရှိလို့ပါ။ ယခင် “Hospital Playlist 1” တုန်းကလည်း V ရဲ့ cold coffee brew ကို ထည့်သွင်းရိုက်ကူးခဲ့ပြီး ခွက်​ပေါ်က V ပုံပါတဲ့ စတစ်ကာကို ၂ ခါ​တောင် ပြန်ရိုက်ကူးခဲ့ပါတယ်။

​နောက်ထပ် ဖြစ်နိုင်​ခြေရှိတဲ့ တစ်ဦးက​တော့ သရုပ်​ဆောင်ပညာကို သင်ယူဖူးပြီး အရည်အချင်းရှိတဲ့ Jin ပဲဖြစ်ပါတယ်။ Jin ဟာ သရုပ်​ဆောင်အဖြစ် ပွဲဦးမထွက်​ရ​သေး​ပေမဲ့ သရုပ်​ဆောင်တစ်ဦးရဲ့ ရုပ်ရည်ရှိတဲ့အပြင် မူလက သရုပ်​ဆောင်​ကျောင်းကို တက်​ရောက်ဖူးပြီး သရုပ်​ဆောင်ဖြစ်ချင်ခဲ့သူဖြစ်ပါတယ်။ Jin ကို လက်ရှိမှာ တခြား​သော ဒါရိုက်တာ ​တော်​တော်များများကလည်း မျက်စိကျ​နေကြပြီး ပရိသတ်​​တွေကလည်း သူ့ကို သရုပ်​ဆောင်အဖြစ် ဇာတ်လမ်းတွဲ​တွေထဲမှာ အမြန်ဆုံး မြင်​တွေ့ချင်​နေကြပါတယ်။

Source : Kpopstarz, Koreaboo
Photo : Twitter
Written : ZL

Share