“riBBon” Album ကနေ နားဆင်တဲ့သူတွေအား ပေးချင်တဲ့ Message ကို ပြောပြခဲ့တဲ့ BamBam

Advertisements

GOT7‘s BamBam ကတော့ ဇွန်လလယ်လောက်တုန်းကပဲ “riBBon” လို့ အမည်ပေးထားတဲ့ သူ့ရဲ့ပထမဆုံးသော solo mini-album ကို ထုတ်ပေးခဲ့ပါတယ်။ Album ထွက်ရှိပြီးနောက်မှာပဲ BamBam ဟာ ဓာတ်ပုံရိုက်ကူးရေးအတွက် ရိုက်ကွင်းနောက်ကွယ်က ပုံရိပ်တွေကြောင့် ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှုမြင့်တက်ခဲ့ပြီး ဆွေးနွေးမှုတွေများပြားခဲ့ကြပါတယ်။

Viedo တစ်ခုထဲမှာဆိုရင် BamBam အနေနဲ့ Album ကနေတဆင့် ပရိသတ်တွေကို ခံစားသိရှိစေချင်တဲ့ ထူးထူးခြားခြား message တွေရှိလားဆိုပြီး မေးမြန်းထားခဲ့ပါတယ်။ ထင်ထားသလိုပဲ BamBam ကတော့ သူ့ရဲ့ Album ကနေတဆင့် GOT7 ရဲ့ ပရိသတ်တွေအတွက် အထူးတလည် ရင်ထဲထိစေမယ့်စကားလုံးလေးတွေရှိနေခဲ့ပါတယ်။

BamBam က “အမှန်အတိုင်းပြောရရင် အခုအခြေအနေအရ လူတိုင်းဟာ အမြဲတမ်းလောက် တစ်ခုမဟုတ်တစ်ခုတော့ အခက်အခဲတွေရှိနေတယ်မလား? ခက်ခဲတဲ့အရာတွေ..ခက်ခဲတဲ့အခြေအနေတွေပေါ့။ ဒါပေမဲ့ မမေ့ပါနဲ့.. ဘဝမှာ မျှော်လင့်ချက်အလင်းရောင်ဆိုတာ အမြဲတမ်းရှိပါတယ်။

တကယ်လို့ စိတ်ပင်ပန်းလာရင် ငါဟာ မင်းတို့အတွက် အမြဲရှိပါတယ်။ ငါက မင်းတို့အတွက် ‘မျှော်လင့်ချက်ရောင်ခြည်လေးဖြစ်ပေးနေပါ့မယ်’.. မင်းတို့အတွက် ‘အားအင်လေးတစ်ခုဖြစ်ပေးနေပါ့မယ်’။ မင်းတို့ကို အကောင်းဆုံးအားအင်သစ်တွေ အများကြီးပေးမယ်ကွာ.. ငါပြောတာကို သဘောပေါက်တယ်မလား” ဆိုပြီး ပရိသတ်တွေအပေါ်ထားတဲ့ သူ့ရဲ့ရင်တွင်းဖြစ်ခံစားချက်တွေကို ဖော်ပြသွားခဲ့ပါတယ်။

GOT7 နဲ့ပတ်သက်လာရင် အမြဲတမ်းအားပေးနေမယ့်ပရိသတ်တွေကတော့ တစ်ယောက်ချင်းစီအနုပညာလှုပ်ရှားမှုတွေကိုလည်း အားပေးနေဦးမှာပါ။ BamBam အပါအဝင် GOT7 အဖွဲ့ဝင်တွေအားလုံးကလည်း အားပေးသူလေးတွေအလိုရှိသမျှကိုဖြည့်ဆည်းပေးဖို့အသင့်ရှိနေပြီး ပရိသတ်တွေအတွက်သာဆိုရင် အမြဲအဆင်သင့်ဖြစ်နေမယ့်အကြောင်းကို ခံစားမိအောင်ပြုလုပ်ပေးနေပါတော့တယ်။

Source: Koreaboo
Photos: BB
Written: Julix

Advertisements
Share