ကျရာဇာတ်ရုပ်တိုင်းကို အကောင်းဆုံးသရုပ်ဆောင်နိုင်စွမ်းရှိတဲ့ ThaiTV 3 က မင်းသမီး ၅ ဦး

Advertisements

Thai TV3 က မင်းသမီးတွေကတော့ သရုပ်ဆောင်ကောင်းတာကြောင့် အနုပညာလောကထဲမှာ နာမည်ကောင်းတွေရရှိထားကြပါတယ်။ အနူးအညံ့ဇာတ်ရုပ်တွေကို ပိုင်နိုင်ကြသလို ခပ်ဆိုးဆိုးဗွီလိန်ပုံစံတွေကိုလည်း အကောင်းဆုံးသရုပ်​ဆောင်နိုင်ကြတဲ့ စွယ်စုံရ ထိပ်တန်း Thai TV3 မင်းသမီး ၅ လက်ရှိနေပါတယ်။

Yaya Urassaya

ထိပ်တန်းမင်းသမီး Yaya Urassaya ကတော့ ဇာတ်ရုပ်ပေါင်းများစွာကို အပီပြင်ဆုံးသရုပ်ဆောင်နိုင်တဲ့အစွမ်းရှိတာကြောင့် နာမည်ကြီးသူလေးဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်တုန်းက “Baan Gaan Mayohm” ဇာတ်လမ်းမှာ ဗီလိန်ဇာတ်ရုပ်နဲ့ ပွဲဦးထွက်လာခဲ့တာဖြစ်ပြီး သူမရဲ့တဖက်ကမ်းခတ်အရည်အချင်းကိုပြသနိုင်ခဲ့ပါတယ်။

ဒါ့အပြင် “Klin Kasalong” ဇာတ်လမ်းမှာလည်း အမြွှာဇာတ်ရုပ်ကို ပုံဖော်ရိုက်ကူးခဲ့ပြီး ရသတစ်မျိုးပေးစွမ်းနိုင်ခဲ့သူလေးဖြစ်တာကြောင့် ထိုင်းဖျော်ဖြေရေးလောကမှာ ထိပ်တန်းမင်းသမီးဆိုတဲ့ဂုဏ်ပုဒ်ကို ရယူထားခဲ့ပါတယ်။

Kimmy Kimberley Anne Woltemas

Thai TV3 ရဲ့ နာမည်ရမင်းသမီးတွေထဲမှာ Kimmy Kimberley ကတော့ မပါမဖြစ်ပါပဲ။ အနုအရွပုံစံလေးနဲ့လည်း လိုက်ဖက်အောင်ရိုက်ကူးနိုင်သလို အကြမ်းစားပုံစံမျိုးကိုလည်း လက်ခံရိုက်ကူးနိုင်သူပါ။

လက်တ​ော ထုတ်လွှင့်ပြသပြီး Rating ကောင်းတွေရနေတဲ့ “Song Sanaeha” မှာလည်း အမြွှာအဖြစ် နှစ်ကိုယ်ခွဲသရုပ်ဆောင်ထားပြီး ချီးမွမ်းသံတွေကို အပိုင်သိမ်းထားနိုင်ခဲ့ပါတယ်။ သူမရဲ့သရုပ်ဆောင်အရည်အချင်းက ဘယ်ဇာတ်ရုပ်ကိုမဆို လက်ခံရိုက်ကူးနိုင်ကြောင်း ပြသနေပါတော့တယ်။

Bella Ranee

Boy Pakorn, Margie Rasri တို့နဲ့အတူ “Roy Marn” ဇာတ်လမ်းမှာ ဗီလိန်ဇာတ်ကောင်ကိုလက်ခံရိုက်ကူးပြီး ပွဲဦးထွက်လာခဲ့သူလေး Bella Ranee ကတော့ လက်ရှိအနုပညာလောကရဲ့ထိပ်တန်းစာရင်းဝင်မင်းသမီးဖြစ်နေပါပြီ။

“Buppesunnivas” ဇာတ်လမ်းထဲမှာဆိုရင် Bella Ranee က မတူတဲ့ဇာတ်ကောင်ပုံစံ ၂ မျိုးကို ကိုင်တွယ်ရိုက်ကူးနိုင်ခဲ့ပြီး အကောင်းဆုံးအနုပညာကိုဖန်တီးနိုင်ခဲ့ပါတယ်။ မကြာခင်မှာလည်း “Krong Karm” ဇာတ်လမ်းသစ်ထဲက စိန်ခေါ်မှုများတဲ့ဇာတ်ကောင် ‘Reynu’ ကို Bella လေး ဘယ်လိုမျိုးဖန်တီးထားဦးမလဲဆိုတာကို စောင့်ကြည့်အားပေးရပါတော့မယ်။

Mew Nittha

မကြာခင် မိခင်တစ်ယောက်ဖြစ်လာတော့မယ် မင်းသမီးလေး Mew Nittha က​လည်း Thai TV3 ရဲ့ အရည်အချင်းပြည့် မင်းသမီးတစ်ဦးဖြစ်ပါတယ်။ Mew ကတော့ များသောအားဖြင့် နှစ်လိုဖွယ်ကောင်းတဲ့ နူးနူးညံ့ညံ့ချစ်စရာကောင်မလေးဇာတ်ရုပ်ကို လက်ခံရိုက်ကူးလေ့ရှိသူပါ။

ဒါပေမဲ့ “Rak Nakara” ဇာတ်လမ်းထဲမှာတော့ ဗီလိန်တစ်ယောက်အဖြစ် ပါဝင်ရိုက်ကူးခဲ့ပြီး သူမရဲ့မိမိုက်နေတဲ့ပုံစံဟာ ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့ပြန်ပါတယ်။

Kao Supassara

အသက် ၂၆ နှစ်အရွယ် Kao Supassara ရဲ့ သရုပ်ဆောင်ကျွမ်းကျင်မှုကတော့ သံသယဝင်မစရာမလိုတဲ့အရည်အချင်းတစ်ခုပါပဲ။ Kao အနေနဲ့ Thai TV3 နဲ့အတူ ပထမဆုံးအကြိမ်တွဲဖက်ရိုက်ကူးခဲ့တာကတော့ အက်ရှင်ဒရမ်မာဇာတ်လမ်းဖြစ်တဲ့ “Kom Faek” ဖြစ်ပါတယ်။

ထိုဇာတ်လမ်းပြီးတဲ့နောက် before taking a villain role in “Bpee Kaew Nang Hong” ဇာတ်လမ်းထဲမှာ ဗီလိန်ဇာတ်ကောင်ကို လက်ခံရိုက်ကူးခဲ့ပြီး ကြည့်ရှုမိသူတိုင်းကို မှင်သက်သွားစေခဲ့ပါတယ်။ Kao ဟာ လက်ရှိမှာတော့ “Rak Kaew” ဇာတ်လမ်းအတွက် ခေါင်းဆောင်မင်းသမီးနေရာကနေ ပါဝင်ရိုက်ကူးနေပါတယ်။ Kao ဟာလည်း မတူညီတဲ့စရိုက်မျိုးစုံ၊ ဇာတ်ကောင်မျိုးစုံကို ရိုက်ကူးနိုင်တဲ့ နာမည်ကြီးမင်းသမီးတစ်လက်ပါပဲ။

Source: ThaiUpdate
Photos: ThaiUpdate
Written: Julix

Advertisements
Share