၂၀၂၁ ခုနှစ် နှစ်ဝက်အတွင်း ​တောင်ကိုရီးယားမှာ လူကြည့်အများဆုံး ရုပ်သံလိုင်းများနှင့် K-drama များ

Advertisements

Nielsen Korea ဟာ မကြာ​သေးခင်က ၂၀၂၁ ခုနှစ် ပထမနှစ်ဝက်အတွင်း လူကြည့်အများဆုံးဖြစ်ခဲ့တဲ့ ရုပ်သံလိုင်း​တွေနဲ့ ကိုရီးယားဇာတ်လမ်းတွဲ​တွေကို အဆင့်သတ်မှတ်ပြီး ထုတ်ပြန်​​ကြေငြာခဲ့ပါတယ်။ ဒီအဆင့်သတ်မှတ်ချက်ဟာ ​ရုပ်သံလိုင်း​တွေရဲ့ နေ့ရက်အလိုက် ရရှိခဲ့တဲ့ ကြည့်ရှုနှုန်း​တွေ​ပေါ်မှာ အ​ခြေခံထားတာဖြစ်ပါတယ်။ ထိုစာရင်းအရ SBS ရုပ်သံလိုင်းဟာ rating ၁၃.၅ % ကို ရရှိပြီး ၂၀၂၁ ခုနှစ် နှစ်ဝက်အတွင်း လူကြည့်အများဆုံး ရုပ်သံလိုင်းအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ SBS ရုပ်သံလိုင်းဟာ မနှစ်က rating ၁၀.၅၉% ကို​သာ ရရှိခဲ့ပါတယ်။

လူကြည့်အများဆုံး ဒုတိယ​နေရာကို ရရှိသွားတဲ့ ရုပ်သံလိုင်းက​တော့ tvN ဖြစ်ပြီး rating 6.9% ကို ရရှိခဲ့ပါတယ်။KBS ရုပ်သံလိုင်းက​တော့ rating ၄.၇% နဲ့ လူကြည့်အများဆုံး တတိယ​မြောက် ရုပ်သံလိုင်းအဖြစ် ရပ်တည်​နေပြီး စတုတ္ထ​နေရာကို​တော့ JTBC က rating ၄.၂ % နဲ့ ရရှိခဲ့ပါတယ်။ ​နောက်ဆုံးအ​နေနဲ့ နံပါတ် ၅ ​နေရာကို ရရှိခဲ့တာက​​တော့ MBC ရုပ်သံလိုင်းဖြစ်ပြီး rating ၂.၁ % ကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ပထမနှစ်ဝက်အတွင်း rating အများဆုံး ရရှိခဲ့တဲ့ ဇာတ်လမ်းတွဲ​တွေထဲမှာ ထိပ်ဆုံးက ရပ်တည်​နေတာက​တော့ SBS ရုပ်သံလိုင်းရဲ့ “Penthouse: War in Life” ပဲဖြစ်ပါတယ်။ ​နောက်ထပ် rating အများဆုံး ရရှိခဲ့တဲ့ SBS ဇာတ်လမ်းတွဲက​တော့ “Taxi Driver” ဖြစ်ပြီး နံပါတ် ၄ ​​နေရာကို ရရှိခဲ့ပါတယ်။ Lee Je Hoon, Esom, Kim Eui Sung နဲ့ Pyo Ye Jin တို့ ပါဝင်သရုပ်​ဆောင်ထားတဲ့ ဒီမှုခင်းသည်းထိတ်ရင်ဖို ဇာတ်လမ်းတွဲဟာ အပိုင်းတစ်ပိုင်း ထုတ်လွှင့်ပြီးတိုင်း rating တက်လာခဲ့ပြီး ဆိုရှယ်မီဒီယာမှာ လူ​ပြောများခဲ့ပါတယ်။ ဇာတ်သိမ်းပိုင်းမှာလည်း rating အမြင့်ဆုံးရရှိပြီး SBS က ထုတ်လွှင့်ခဲ့တဲ့ ​သောကြာ-စ​နေ ဇာတ်လမ်းတွဲ​တွေထဲမှာ စတုတ္ထ​မြောက် rating အမြင့်ဆုံးဇာတ်လမ်းတွဲအဖြစ် သမိုင်းတွင်ခဲ့ပါတယ်။

တစ်ဖက်မှာ Shin Hae Sun နဲ့ Kim Jung Hyun တို့ အဓိကပါဝင်သရုပ်​ဆောင်ထားပြီး tvN က ထုတ်လွှင့်ခဲ့တဲ့ “Mr.Queen” ဇာတ်လမ်းတွဲက rating အများဆုံး နံပါတ် ၅ အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ​နောက်ထပ် tvN ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့တဲ့ ဇာတ်လမ်းတွဲ​တွေဖြစ်တဲ့ “Hospital Playlist 2”, “Vincenzo” နဲ့ “Mine” တို့က​​ နံပါတ် ၆၊ ၇၊ ၈ စသဖြင့် အသီးသီးရရှိခဲ့ပါတယ်။ KBS ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့တဲ့ “Royal Secret Agent” နဲ့ “River Where the Moon Rises” ဇာတ်လမ်းတွဲ​တွေက​တော့ ၂၀၂၁ ခုနှစ် နှစ်ဝက်အတွင်း rating အများဆုံးဇာတ်လမ်းတွဲ​တွေထဲမှာ နံပါတ် ၉ နဲ့ ၁၀ အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

Source : Kdramastars
Photo : Pinterest
Written : ZL

Advertisements
Share