Shin Hye Sun ကို ကမ်းလှမ်းထားတဲ့ လျှို့ဝှက်သည်းဖိုရုပ်ရှင်မှာ ပါဝင်လာမှာဖြစ်တဲ့ Kang Tae Oh

Advertisements

တောင်ကိုရီးယားနိုင်ငံက ရိုက်ကူးပြသတဲ့ ရုပ်ရှင်ဇာတ်ကားတွေဟာဆိုရင် တစ်ပိုင်းတည်းအပြီးကြည့်ရပေမဲ့ တခါတည်း နှစ်သက်မှုကို အပြည့်အဝခံစားရစေနိုင်ပါတယ်။ ဇာတ်လမ်းနဲ့အလိုက်ဖက်ဆုံးဖြစ်မယ့် သရုပ်ဆောင်တွေကိုလည်း သေချာရွေးချယ်လေ့ရှိတာကြောင့် မထွက်မီကတည်းက စိတ်ဝင်စားမှုတွေမြင့်တက်စေမြဲပါ။ ယခုတခါမှာလည်း အသစ်ရိုက်ကူးတော့မယ့် လျှို့ဝှက်သည်းဖိုရုပ်ရှင် “Open the Door” (literal title) မှာ ပါဝင်ရိုက်ကူးမယ့် သရုပ်ဆောင်တွေကြောင့် လူအများကြားရေပန်းစားလျက်ရှိပါတယ်။

အစောပိုင်းရက်တွေတုန်းက မင်းသား Kang Tae Oh ဟာ အသစ်ရိုက်ကူးတော့မယ့်ဇာတ်ကားမှာ ပါဝင်မယ့်အကြောင်း Ilgan Sports က သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါသတင်းကိုတော့ Kang Tae Oh ရဲ့ အေဂျင်စီ Man of Creation ကနေ ဇူလိုင် ၅ရက်နေ့တုန်းကပဲ အတည်ပြုပေးခဲ့ပြီး “မင်းသား Kang Tae Oh ဟာ အသစ်ရိုက်ကူးတော့မယ့် ‘Open the Door’ရုပ်ရှင်မှာ ပါဝင်သွားမယ့်အကြောင်းကအမှန်ပဲဖြစ်ပါတယ်” လို့ ထုတ်ပြန်ပေးခဲ့ပါတယ်။

ဒီရုပ်ရှင်ကတော့ ကြောက်စရာကောင်းတဲ့သည်းထိတ်ရင်ဖိုဇာတ်ကားမျိုးဖြစ်ပါတယ်။ အွန်လိုင်းကရောင်းချတဲ့ Secondhand ဈေးကွက်မှာ အလိမ်ခံရပြီးတဲ့နောက် ပစ်မှတ်ထားတိုက်ခိုက်ခံရတဲ့အခြေအနေတွေနဲ့ကြုံတွေ့လာရပြီး ဒီအခြေအနေတွေကိုကျော်လွန်ဖို့အတွက် ကြံမိကြံရာလုပ်ကိုင်မိတဲ့ Soo Hyun အကြောင်းကို အဓိကရိုက်ကူးသွားမှာပါ။ ၂၀၂၁ အစပိုင်းကတည်းက အမျိုးသမီးဇာတ်လိုက်အတွက် စွယ်စုံရမင်းသမီး Shin Hye Sun ကို ကမ်းလှမ်းထားကြောင်း သတင်းတွေထွက်ထားပြီးဖြစ်ပါတယ်။

မင်းသား Kang Tae Oh ကတော့ “Fengshui” ဇာတ်ကားပြီး သုံးနှစ်ကြာခါမှ ယခုဇာတ်ကားမှာ ပြန်လည်ပါဝင်လာတာဖြစ်ပါတယ်။ နောက်ကွယ်ကြိုးကိုင်နေသူ စုံစမ်းဖော်ထုတ်သွားမယ့် Detective Na အဖြစ် ပါဝင်လာမယ့် Kang Tae Oh ကတော့ “The Tale of Nokdu”, “Run On” နဲ့ “Doom at Your Service” မှာ သရုပ်ဆောင်အရည်အချင်းတွေကို ပြသထားပါတော့တယ်။

Source: Soompi
Photos: Naver
Written: Julix

Advertisements
Share