ချစ်သူ Kim Woo Bin နဲ့ကြားက ဆက်ဆံရေးနဲ့ ပတ်သတ်လို့ ဖွင့်ဟခဲ့တဲ့ Shin Min Ah

Advertisements

Kim Woo Binn နဲ့ Shin Min Ah ကတော့ ချစ်သက်ဆမ်း ၅ နှစ်တိုင်ခဲ့ပြီဖြစ်ပြီး ဒီကြားထဲမှာ တွေ့ကြုံခဲ့ရတဲ့ အနိမ့်အမြင့်အတက်အကျ များစွာကို လက်တွဲမဖြုတ်စတမ်း ကျော်ဖြတ်ခဲ့တာမို့ ပရိတ်သတ်တွေ ချစ်ခင်အားကျရတဲ့ စုံတွဲတစ်တွဲပါ။

စက်တင်ဘာလ ၁၇ ရက်နေ့မှာတော့ Shin Min Ah ဟာ သူ့ရဲ့အသစ်ထွက်ရှိမယ့် ‘Diva’ ရုပ်ရှင်အတွက် online interview မှာ Kim Woo Bin နဲ့သူ့ရဲ့ကြားက ဆက်ဆံရေးအကြောင်းကိုလဲ ဖွင့်ဟခဲ့ပါသေးတယ်။ “ကျွန်မတို့နှစ်ယောက်လုံး နယ်ပယ်တစ်ခုတည်းမှာ အလုပ်အတူတူလုပ်ပြီး ကျင်လည်နေတာမို့လို့ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်ပံ့ပိုးကူညီသလို အားပေးစကားတွေလဲ ပြောဖြစ်ပါတယ်။

သူ(Kim Woo Bin) ကလဲ မကြာခင်မှာ ပရိတ်သတ်တွေဆီအြန်လာတော့မှာမို့ အရာရာအဆင်ပြေဖို့မျှော်လင့်ပါတယ်။ ကျွန်မတို့ကတော့ တစ်ယောက်နဲ့တစ်ယောက် အားပေးလျက်ပါပဲ” လို့ ချစ်သူနှစ်ဦးကြားမှာ ဖေးဖေးမမရှိပုံကို ပြောပြခဲ့တာပါ။

Shin Min Ah နဲ့ Kim Woo Bin တို့ကတော့ ၂၀၁၅ ခုနှစ်တည်းက သူတို့ရဲ့အချစ်ရေးကို လူသိရှင်ကြားကြေညာခဲ့တာဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ Kim Woo Bin ကင်ဆာဝေဒနာခံစားရစဉ်တုန်းကလဲ Shin Min Ah က အနီးကပ်ပြုစုစောင့်ရှောက်ပေးခဲ့တာပါ။ Kim Woo Bin ပြန်လည်ကျန်းမာလာတဲ့အခါမှာလဲ Shin Min Ah ရှိနေတဲ့ အေဂျင်စီနဲ့ လက်တွဲခဲ့ပါတယ်။

Source : Soompi
Written : Dar Dar

Advertisements
Share