မှုခင်းရုပ်ရှင်ကားမှာ တွဲဖက်သရုပ်​ဆောင်ဖို့ ​ဆွေး​နွေး​နေကြတဲ့ Joo Ji Hoon နဲ့ Han So Hee

Advertisements

မင်းသား Joo Ji Hoon နဲ့ မင်းသမီး Han So Hee တို့ဟာ ရုပ်ရှင်ကားတစ်ကားမှာ တွဲဖက်သရုပ်​ဆောင်ဖို့ ​ဆွေး​နွေး​လျက်ရှိပါတယ်။ ဇူလိုင်လ ၆ ရက်​နေ့မှာ မင်းသား Joo Ji Hoon နဲ့ မင်းသမီး Han So Hee တို့ရဲ့ ​အေဂျင်စီ​တွေက “Gentleman” ဆိုတဲ့ ရုပ်ရှင်ကားအတွက် ကမ်းလှမ်းခံထားရ​ကြောင်း အတည်ပြုခဲ့ပါတယ်။

မင်းသား Joo Ji Hoon ရဲ့ ​အေဂျင်စီဖြစ်တဲ့ H& Entertainment က “Joo Ji Hoon ဟာ ထိုဇာတ်ကားမှာ ပါဝင်သရုပ်​ဆောင်ဖို့ ကမ်းလှမ်းခံထားရပြီး​​နောက် လက်ခံရိုက်ကူးဖို့ ​ဆွေး​နွေး​နေပြီး ရလဒ်​ကောင်း ရလာဖို့ရှိပါတယ်” လို့ ​ပြောကြားခဲ့ပါတယ်။

မင်းသမီး Han So Hee ရဲ့ ​အေဂျင်စီဖြစ်တဲ့ 9ato Entertainment က​တော့ “Han So Hee ဟာ ထိုဇာတ်ကားအတွက် ကမ်းလှမ်းခံထားရပြီး ​ရိုက်ကူးဖို့ ဆွေး​နွေး​နေဆဲဖြစ်ပါတယ်” လို့ ရိုးရိုးရှင်းရှင်း တုံ့ပြန်ခဲ့ပါတယ်။

“Gentleman” ရုပ်ရှင်ကားကို “The Artist: Reborn” ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Kim Kyoung Won က ရိုက်ကူးသွားမှာဖြစ်ပြီး အမှုကိစ္စတစ်ခုမှာ ပါဝင်ပတ်သက်မိရာက ဘဝရှုပ်​ထွေးသွားတဲ့ ပုဂ္ဂလိကစုံ​​ထောက်တစ်ဦးအ​ကြောင်းကို ရိုက်ကူးပုံ​ဖော်သွားမှာဖြစ်ပါတယ်။

မင်းသား Joo Ji Hoon ကို​ ထိုစုံ​ထောက်​နေရာက ပါဝင်သရုပ်​ဆောင်ဖို့ ကမ်းလှမ်းထားပြီး မင်းသမီး Han So Hee ကို​တော့ အမှုစစ်​​နေရာက ပါဝင်သရုပ်​ဆောင်ဖို့ ကမ်းလှမ်းထားတာပါ။ ထိုရုပ်ရှင်ကားကို လာမယ့်သြဂုတ်လမှာ စတင်ရိုက်ကူးသွားဖို့ စီစဉ်ထားပါတယ်။

လက်ရှိမှာ မင်းသား Joo Ji Hoon က tvN ရုပ်သံလိုင်းက ထုတ်လွှင့်မယ့် “Cliffhanger” (Mount Jiri) ကို ရိုက်ကူးထားပြီး မင်းသမီး Han So Hee က​တော့ JTBC ရုပ်သံလိုင်းက ထုတ်လွှင့်ပြသ​နေဆဲဖြစ်တဲ့ “Nevertheless” ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်​ဆောင်ထားပါတယ်။

Source : Soompi
Photo : Pinterest, Instagram
Written : ZL

Advertisements
Share