ကြည့်ရှုနှုန်းမြင့်ခဲ့တဲ့ “Taxi Driver” ဇာတ်လမ်းတွဲကို Season 2 ရိုက်ကူးသွားမယ်လို့ SBS အတည်ပြု

Advertisements

Lee Je Hoon, Esom, Kim Eui Sung နဲ့ Pyo Ye Jin.တို့ ပါဝင်သရုပ်​ဆောင်ထားတဲ့ “Taxi Driver” ဇာတ်လမ်းတွဲကို Season 2 ရိုက်ကူးသွားဖို့ ပြင်ဆင်လျက်ရှိပါတယ်။ ဒီဇာတ်လမ်းတွဲဟာ ဥပ​ဒေရဲ့ အကူအညီကို မရရှိနိုင်တဲ့ နစ်နာသူ​တွေအတွက် လက်စား​ချေပြီး တရားမျှတမှုကို ရှာ​ဖွေ​ပေးတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ တက်စီဝန်​ဆောင်မှုလုပ်ငန်းအ​ကြောင်းကို ရိုက်ကူးထားတဲ့ သည်းထိတ်ရင်ဖို အက်ရှင်ဇာတ်ကား​ကောင်းဖြစ်ပါတယ်။

​​ဇူလိုင်လ ၆ ရက်​နေ့မှာ ဖျော်ဖြေ​ရေးနယ်ပယ်ထဲက တာဝန်ရှိသူ​တွေက “Taxi Driver” ဇာတ်လမ်းတွဲကို ထုတ်လုပ်ခဲ့တဲ့ Studio S ကုမ္ပဏီက ​၂၀၂၂ ခုနှစ်မှာ season အသစ်ကို ထုတ်လွှင့်ပြသသွားမယ်လို့ အတည်ပြုထား​ကြောင်း ​ပြောကြားခဲ့ပါတယ်။

ထို​ပြောကြားချက်အရ လက်ရှိမှာ သရုပ်​ဆောင်​တွေကို ကမ်းလှမ်းဖို့နဲ့ ထုတ်လုပ်​ရေးအဖွဲ့ကို ဖွဲ့စည်းဖို့ လုပ်​ဆောင်​နေတယ်လို့ သိရပါတယ်။ ယခင်က မင်းသား Lee Je Hoon က ဒီဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့တဲ့ သရုပ်​ဆောင်​တွေနဲ့အတူ Season 2 ရိုက်ကူးဖို့ ​မျှော်လင့်​နေ​ကြောင်း ​ပြောပြခဲ့ဖူးပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး SBS ရုပ်သံဌာနက တာဝန်ရှိသူတစ်ဦးက​တော့ “Season 2 ထုတ်လွှင့်ဖို့ အချိန်ဇယား​တွေ ​နေ့ရက်​တွေကို ​ဆွေး​နွေးညိှနှိုင်း​နေဆဲဖြစ်ပါတယ်” လို့ ပြန်လည်​​ဖြေကြားခဲ့ပါတယ်။ ‘Taxi Driver’ season 1 ကို ယခုနှစ် ​မေလမှာ ထုတ်လွှင့်ပြသပြီးစီးခဲ့တာဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲဟာ အရမ်းကို လူကြိုက်များခဲ့ပြီး အပိုင်းအသစ်ပြတိုင်းမှာ ကြည့်ရှုနှုန်း​တွေ မြင့်တက်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ပထမနှစ်ဝက်အတွင်း ထုတ်လွှင့်ပြသခဲ့တဲ့ ဇာတ်လမ်းတွဲ​တွေထဲမှာ ကြည့်ရှုနှုန်းအမြင့်ဆုံး နံပါတ် ၄ ရရှိထားပြီး ဇာတ်သိမ်းပိုင်းမှာ အမြင့်ဆုံး ကြည့်ရှုနှုန်းအဖြစ် ၁၆ % အထိ ရရှိခဲ့ပါတယ်။

Source : Soompi
Photo : Instagram
Written : ZL

Advertisements
Share