Song Joong Ki ရဲ့ အကြီးစားပရိသတ်တွေဖြစ်တဲ့ နာမည်ကြီးထိုင်းသရုပ်ဆောင်များ

Advertisements

ကိုရီးယားကားတွေက နိုင်ငံအနှံ့မှာ ကြည့်ရှုသူ‌တွေများလွန်းသလို သရုပ်ဆောင်တွေကိုလည်း ကြိုက်နှစ်သက်တွေများပြားလှပါတယ်။ ဒီထဲကမှ တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းမင်းသားဖြစ်တဲ့ Song Joong Ki ရဲ့ အကြီးစားပရိသတ်တွေဖြစ်တဲ့ ထိုင်းအနုပညာရှင်တွေရှိနေပါတယ်။

March Chutavuth

May 2021 တုန်းက ထုတ်လွှင့်ခဲ့တဲ့ YouTube show မှာဆိုရင် မင်းသား March Chutavuth ဟာ Vincenzo Cassano အဖြစ် အသွင်ယူပြီး‌ပုံစံပြောင်းခဲ့ပါတယ်။ March ဟာ တော်တော်လေးနာမည်ကြီးခဲ့တဲ့ K-drama ဇာတ်လမ်း “Vincenzo” ကားထဲက Song Joong Ki ရဲ့ပုံစံအတိုင်း တုပဝတ်ဆင်ခဲ့ပြီး သူ့ရဲ့သဘောကျနှစ်သက်မှုကို ထုတ်ဖော်ပြသခဲ့ပါတယ်။ ဒါ့အပြင် Instagram မှာလည်း ဂျွန်ကီကို Following လုပ်ထားတာကြောင့် ဒီ Fanboy လေးကို ပရိသတ်တွေက သဘောတွေကျနေခဲ့ကြပါတယ်။

Kimmy Kimberley

၂၀၁၆ တုန်းက Kimmy Kimberley ဟာ တောင်ကိုရီးယားကို အလည်အပတ်ခရီးထွက်ခဲ့ပြီး “Descendants of The Sun” ကို ရိုက်ကူး‌ခဲ့တဲ့နေရာမှာ ဓာတ်ပုံရိုက်ပြီး ပုံလေးတွေကိုတင်ခဲ့ပါသေးတယ်။ Song Joong Ki ရဲ့ ဗိုလ်ကြီးအဖြစ်သရုပ်ဆောင်ချက်တွေက အနုပညာရှင်အချင်းချင်းတောင် ပရိသတ်တွေ ဖြစ်လာစေခဲ့ပါတော့တယ်။

Bella Ranee

L’Officiel Thailand နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာဆိုရင် ထိပ်တန်းထိုင်းမင်းသမီး Bella Ranee က သူမရဲ့အကြိုက်ဆုံးသရုပ်ဆောင်မင်းသားဟာ Song Joong Ki ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ အနာဂတ်မှာလည်း ဂျွန်ကီနဲ့အတူတွဲဖက်ပြီး အလုပ်လုပ်ဖူးချင်ကြောင်းပါ ပြောခဲ့တာဖြစ်လို့ သူမရဲ့နှစ်သက်မြတ်နိုးမှုက ပေါ်လွင်နေပါတော့တယ်။

ထိုင်းနာမည်ကြီးတွေထဲကမှ Song Joong Ki ကို Instagram မှာ following ပြုလုပ်ထားသူတွေကတော့ Chippy Sirin, Thisa Varitthisa, Nune Woranuch, Mint Chalida တို့အပြင် အခြားသောသရုပ်ဆောင်ပေါင်းများစွာကလည်း Following ပြုလုပ်ထားကြပါတယ်။

Source: Thaiupdate
Photos: Instagram
Written: Julix

Advertisements
Share