အိပ်ပုတ်ကြီးတာကြောင့်ပဲ Running Man အဖွဲ့ဝင်ဖြစ်လာဖို့ အားလုံးကသဘောတူခဲ့ကြတဲ့ ဂျီဟို

Advertisements

ဖျော်ဖြေရေးနယ်ပယ်မှာ တကယ်ကိုပညာသားပါပြီး ဝါရင့်နေပြီဖြစ်တဲ့ Yoo Jae Suk ဟာ ဘယ်နေရာမှာဖြစ်ဖြစ် ရအောင်အိပ်နိုင်တဲ့ Song Ji Hyo ရဲ့ အကျင့်လေးကြောင့်ပဲ ‘Running Man’ အဖွဲ့ဝင်ဖြစ်လာနိုင်တယ်လို့ တွေးခဲ့ဖူးကြောင်း ပြောပြခဲ့ပါတယ်။ July ၄ရက်နေ့က ပြသခဲ့တဲ့ ‘Running Man’ အပိုင်းသစ်မှာတော့ အဖွဲ့ဝင်တွေအားလုံးဟာ တပိုင်းလုံး မရမနားစကားပြောဖို့ မစ်ရှင်အပေးခံခဲ့ရ‌ပါတယ်။

ဆုပေးဒဏ်ပေးစနစ်ပါဝင်တာကြောင့် အဖွဲ့ဝင်တွေဟာ အပြိုင်အဆိုင်ပြောကြဆိုကြရင်း အတိတ်ကအကြောင်းတွေကော၊ ရိုက်ကွင်းနောက်ကွယ်ကအကြောင်းတွေပါ အကုန်လုံးပါချလာပါတော့တယ်။ Yoo Jae Suk ကဆိုရင် အစောပိုင်း ‘Running Man’ က အဖွဲ့ဝင်တွေ ဘယ်လိုမျိုးဖြစ်လာသလဲဆိုတာကို ပြန်ပြောပြပါတော့တယ်။

အထူးသဖြင့် ဂျယ်ဆော့ဟာ ဂျီဟိုနဲ့ပတ်သက်ပြီး ရီစရာကောင်းတဲ့အကြောင်းကို အားလုံးသိအောင် ပြောလာခဲ့ပါတယ်။ ဂျယ်ဆော့က “Song Ji Hyo ကလေ ‘Running Man’ မှာ မပါခင်တုန်းက ‘Family Outing’ အစီအစဉ်မှာ ဧည့်သည်တော်အဖြစ် လာခဲ့ဖူးတယ်။

အဲ့အစီအစဉ်က တော်တော်ဝေးတဲ့နေရာမှာ ရိုက်ကူးရေးလုပ်ရတာ..အဲ့တာနဲ့ ရိုက်ကူးရေးမလုပ်ခင် ခဏလောက်နားပြီး တမှေးလောက်မှေးလိုက်ဖို့ ဂျီဟိုကိုပြောလိုက်မိတာပေါ့။ ဘယ်လိုတောင်ဖြစ်သွားသလဲဆိုရင် ရိုက်ကူးရေးစတဲ့အချိန်အထိ ဂျီဟိုက ရိုက်ကွင်းနေရာကိုပြန်မလာဘူး။

သူ့ကိုလည်း တစ်ယောက်ကမှ ရှာမတွေ့တော့ဘူး။ အကုန်လုံး ဂျီဟိုကို နေရာအနှံ့လိုက်ရှာကြတာပေါ့။ ဒါပေမဲ့ တစ်ယောက်ကမှ ဒီကလေးမ, ဘယ်ရောက်ပြီး ဘယ်ထွက်သွားမှန်းမသိကြဘူး။ ပြီးတော့ ဘယ်မှာရှာတွေ့တယ်ထင်လဲ.. တခြားကပ်လျက်အခန်းမှာ နှစ်နှစ်ခြိုက်ခြိုက်ကြီးကို အိပ်ပျော်နေလိုက်တာ.. ‌ခလော..ခလောနဲ့တောင် နေသေးတယ်။

နောက်ပိုင် Family Outing အစီအစဉ်ကပြီးဆုံးသွားပြီး အဲ့အစီအစဉ်ကိုရိုက်တဲ့ ပရိုဂျူဆာတစ်ယောက်က ‘Running Man’ ကို ရိုက်ကူးဖို့ စီစဉ်တော့တယ်။ အဖွဲ့ဝင်တွေကိုရှာတော့ ဂျီဟိုကို Running Man မှာပါဝင်လာဖို့ကို အကုန်လုံးသဘောကျခဲ့ကြတယ်။ ဘယ်နေရာမှာဖြစ်ဖြစ် အိပ်တတ်တဲ့ကောင်မလေးဆိုတာကို မှတ်‌မိနေပုံပါပဲ” ဆိုပြီး အတိတ်အကြောင်း‌တွေ ထွက်ချလာပါတော့တယ်။

ဂျယ်ဆော့ပြောသလိုပဲ ဂျီဟိုကတော့ ဘယ်နေရာရောက်ရောက် ရရင်ရသလို အိပ်တတ်တဲ့ အဖွဲ့ဝင်တစ်ယောက်ဆိုတာကို ဟိုးအရင်အပိုင်းတွေကတည်းက ကြည့်ရှုခဲ့တဲ့ Runner တိုင်း အသိဆုံးဖြစ်ပါတယ်။

အဖွဲ့ဝင်တွေကတောင် အံ့ဩယူရလောက်တဲ့အထိ မထင်ထားတဲ့နေရာမျိုး၊ အခြေအနေမျိုးမှာတောင် ရအောင်အိပ်နိုင်တဲ့ ဂျီဟိုလေးကတော့ ဒီလိုကြောင့်ပဲ ‘Running Man’ အဖွဲ့ဝင်တစ်ယောက်ဖြစ်လာပြီး ပရိသတ်တွေကိုဖျော်ဖြေနေခဲ့တာ ၁၀ နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပါတော့တယ်။

Source: ALLKPOP
Photos: SBS
Written: Julix

Advertisements
Share