LA ရောက်တုန်း Celebrity သူငယ်ချင်းတွေနဲ့ တနေ့တမျိုး မရိုးရအောင် လျှောက်လည်နေတဲ့ Jennie နဲ့ Rosé

Advertisements

Jennie နဲ့ Rosé ဟာ သီချင်းကိစ္စနဲ့ အမေရိကား LA ကို ခေတ္တရောက်နေတယ်လို့ YG entertainment က အတည်ပြုချက်ထုတ်ပေးထားတာ အားလုံးသိပြီးသား ဖြစ်မှာပါ။ စတူဒီယိုထဲမှာ အလုပ်လုပ်နေပုံရတဲ့ ပုံလေးတွေကို ဒီနေ့မှာ Rosé နဲ့ Jennie တို့က သူတို့ရဲ့ Instagram မှာ တင်ထားပါတယ်။

BLACKPINK အဖွဲ့ဟာ Coachella ပွဲမှာ ဖျော်ဖြေခွင့်ရပြီးထဲက အနောက်တိုင်း Celebrity တော်တော်များများနဲ့ သိကျွမ်းခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘာကျော် Brand တွေ Chanel, YSL, Dior, Celine အစရှိတဲ့ brand တွေရဲ့ Brand Ambassador ဖြစ်လေတော့ အနုပညာနယ်ပယ်ထဲကသာမက Fashion လောကကသူတွေနဲ့ပါ ခင်မင်နေကြပါတယ်။

ခုလည်း Jennie နဲ့ Rosé တို့ဟာ LA ရောက်တုန်း သူတို့ရဲ့ Celebrity friend တွေ အများကြီးနဲ့ တွေ့ဆုံဖြစ်ပုံပါဘဲ။ လျှောက်လည်နေတဲ့ပုံတွေ newsfeed မှာ မကြာမကြာ တက်လာပါတယ်။ July 2 မှာတော့ Moises Arias,Jaden Smith ,Will Smith တို့နဲ့ Jennie, Rosé တို့ဟာ dinner သွားစားကြခဲ့ပါတယ်။

July 3 မှာတော့ နာမည်ကျော် Palestinian DJ အမွှာနှစ်ယောက် ဖြစ်တဲ့ Simi ,Haze Khadra တို့နဲ့ Jennie, Rosé တို့ဟာ California မှာရှိတဲ့ Family Arcade ကစားကွင်းမှာ အတူတူကစားပြီး ပျော်ဖြစ်ကြတဲ့ပုံပါဘဲ။ ဆိုင်ကယ်စီး Game တို့ တခြား game တွေ ကစားနေတဲ့ ပုံတွေတက်လာသလို အရုပ်ကောက်တဲ့စက်ရှေ့မှာ Squad လိုက် mirror selfie ဆွဲနေတဲ့ပုံလေးလည်း တက်လာပါတယ်။

July 4 မှာတော့ American နာမည်ကြီး မော်ဒယ် Sofia Richie, Andie Jane တို့နဲ့ Rosé အတူတူ သောက်ပြီး Chill နေတဲ့ ပုံလေးတွေ တက်လာခဲ့ပါတယ်။ July 6 မှာတော့ Dua lipa ဟာ သူ့ Twitter acc မှာ Jennie နဲ့ ရိုက်ထားတဲ့ပုံလေးတွေကို တင်ထားပါတယ်။ Dua lipa ဟာ BLACKPINK အဖွဲ့နဲ့ တွဲပြီး 2018 တုန်းက “Kiss and make up” သီချင်းကို အတူတွဲဆိုဖူးပါတယ်။

Jennie နဲ့ Rosé တို့က LA ရောက်တုန်း ရှိသမျှ သူငယ်ချင်းတွေနဲ့ လျှောက်လည်မယ်လို့ စိတ်ကူးထားတဲ့ပုံပါဘဲ။ တနေ့တမျိုးမရိုးရအောင် လျှောက်လည်နေတာပါနော်။ သူတို့ကိုယ်တိုင်ကျ IG မှာ ပုံတင်ခဲပြီး သူများတင်တဲ့ပုံတွေမှာကျ ခုလိုတွေပါလာလို့ Rosé နဲ့ Jennie မျက်နှာလေးတွေ လွမ်းနေတဲ့ Blink လေးတွေ ဝမ်းသာနေမယ်လို့ ထင်ပါတယ်။

Advertisements
p

Source: Twitter, Instagram
Written: Violet

Advertisements
Share