ဇာတ်လမ်းတွဲအသစ်တစ်ခုမှာပါဝင်လာနိုင်ဖို့ ထင်ကြေးပေးခံနေရတဲ့ Xu Kai နဲ့ Song Qian

Advertisements

လက်ရှိအနေအထားမှာ ပြသနေဆဲဇာတ်လမ်းတွဲများကြား အဓိကသရုပ်ဆောင်နေရာများကို နေရာယူထားသူ မင်းသားချော Xu Kai ကို နောက်ထပ်ဇာတ်လမ်းတွဲတစ်ခုကမ်းလှမ်းလာနိုင်ဖို့ အလားအလာရှိတယ်လို့ ထင်ကြေးပေးပြောဆိုမှုတွေ ထပ်မံပေါ်ပေါက်လာပါတယ်။

ကောလဟာလအနေနဲ့ ပရိတ်သတ်များဆီကိုပျံ့နှံ့လာတဲ့အရာတစ်ခုဟာ ကျယ်ပြန့်သွားပြီဆိုရင်တော့ အမှန်တကယ်ဖြစ်လာဖို့အနီးစပ်ဆုံးလို့ သတ်မှတ်လို့ရပါတယ်။ မင်းသားချော Xu Kai ဟာ လက်ရှိထုတ်လွှင့်ပြသနေဆဲဖြစ်တဲ့ Ancient Love Poetry နဲ့ Falling into Your Smile ဇာတ်လမ်းတွဲတွေမှာ ပရိတ်သတ်တွေရဲ့အာရုံစိုက်မှုကို ရယူထားနိုင်သူဖြစ်ပါတယ်။

Ro နည်းအမျိုးမျိုးနဲ့ မတူညီတဲ့ဇာတ်ကောင်စရိုက်(၂)မျိုးမှာလည်း သူ့ရဲ့အရည်အချင်းတွေကို အားလုံးပဲတွေ့မြင်ခဲ့ကြပြီဖြစ်လို့ နောက်ထပ်ဇာတ်လမ်းတွဲဆိုရင်လည်း စောင့်မျှော်ဖို့အသင့်ရှိနေကြမှာသေချာပါတယ်။ Xu Kai နဲ့အတူမြင်တွေ့ရဖို့ ထင်ကြေးပေးခံနေရတဲ့ မင်းသမီးကတော့ အားလုံးချစ်တဲ့မင်းသမီးချော Song Qian ပဲဖြစ်ပါတယ်။

Song Qian ကတော့ SM Entertainment ကနေပွဲဦးထွက်သူဖြစ်ပြီး အရည်အချင်းရှိတဲ့ ဝါရင့်မင်းသမီးတစ်ယောက်ပဲဖြစ်ပါတယ်။ Chaung 2020 လိုမျိုး Idol တွေကိုရွေးထုတ်ရတဲ့ အစီအစဉ်တွေမှာလည်း အရေးပါတဲ့နေရာကနေပါဝင်ဆောင်ရွက်ခဲ့ဖူးသူဖြစ်ပြီး My New Sassy Girl, Ice Fantasy, Find Yourself တို့အပြင် ဇာတ်လမ်းတွဲများစွာမှာလည်း အောင်မြင်ကျော်ကြားသူဖြစ်ပါတယ်။

ဒီလိုမျိုး သရုပ်ဆောင်ကောင်းနှစ်ယောက်ကို တွဲဖက်မြင်တွေ့နိုင်ဖို့ မျှော်လင့်ရတဲ့ ဇာတ်လမ်းတွဲကိုတော့ Everyone Knows I Love You လို့အမည်ပေးထားပါတယ်။ နာမည်ကိုမြင်လိုက်တာနဲ့တင် အချစ်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်မယ်ဆိုတာကို သိနိုင်ပါတယ်။ ဒီ Project အသစ်ကို Tencent ကနေတာဝန်ယူမှာဖြစ်ပြီး ဒီနှစ်ရဲ့အောက်တိုဘာလလောက်မှာ စတင်အကောင်အထည်ဖော်သွားမယ်လို့လည်း ကြားသိရပါတယ်။

မကြာခင်ထွက်ရှိလာဦးမယ့် Yang Mi နဲ့အတူ ပါဝင်သရုပ်ဆောင်ထားတဲ့ Xu Kai ရဲ့ She and Her Perfect Husband ဇာတ်လမ်းတွဲမှာလည်း မမနဲ့မောင်လေးတို့ရဲ့ အချစ်ဇာတ်လမ်းကိုစောင့်မျှော့်ကြည့်ရှုကြရင်း နောက်ထပ်လာမယ့် အချစ်ဇာတ်လမ်းတွဲအသစ်ကိုလည်း မျှော်လင့်နေကြမယ်လို့ ထင်ပါတယ်။ ဆက်လက်ပြီးတော့လည်း တိကျတဲ့ကြေညာမှုများကို ပြုလုပ်လာနိုင်တာကြောင့် ရင်ခုန်စွာစောင့်မျှော်ကြရမှာဖြစ်ပါတယ်။

Written : Nair Nair
Source : CdramaTweets
Photos : Twitter

Advertisements
Share