Qing မင်းဆက်အကြောင်းရိုက်ကူးမယ့်ဇာတ်လမ်းမှာ ပါဝင်လာနိုင်ချေရှိနေတဲ့ Wang Yibo

Advertisements

သရုပ်ဆောင်၊ အဆိုတော်၊ ဖျော်ဖြေရေး၊ အက၊ အားကစား,စသဖြင့် နယ်ပယ်ပေါင်းစုံမ‌ှာ အရည်အချင်းရှိသူဖြစ်တဲ့ ဘက်စုံထူးချွန်သူ Wang Yibo ကတော့ အသက်ငယ်ပေမဲ့လည်း သူ့ရဲ့ကြိုးစားအားထုတ်မှုတွေနဲ့ ကြီးမားတဲ့စွမ်းရည်တို့ကြောင့်ပဲ အားလုံးရဲ့လေးစားချစ်ခင်ခြင်းကို ရရှိထားသူဖြစ်ပါတယ်။

ဇာတ်လမ်းပေါင်းများစွာလည်း လက်ခံရိုက်ကူးနေသလို ရိုက်ကူးပြီးသားဇာတ်လမ်းတွေလည်း ထွက်လာဖို့အများကြီးရှိနေပါတယ်။ လတ်တလောရရှိလာတဲ့သတင်းတွေအရ Yibo ဟာ Mango TV က မကြာခင်ရိုက်ကူးတော့မယ့် Qing မင်းဆက် နန်းတွင်းဇာတ်လမ်းဖြစ်တဲ့ The Longest River မှာ ဝါရင့်သရုပ်ဆောင်ပေါင်းများစွာနဲ့အတူ ပါဝင်ရိုက်ကူးနိုင်ချေရှိတယ်လို့ ဆိုပါတယ်။

အဓိကဇာတ်လိုက်ကိုရွေးချယ်ခြင်းထက် ဇာတ်လမ်းဇာတ်ညွှန်းကောင်းမွန်မှုနဲ့ စိတ်ဝင်စားစရာဇာတ်ကောင်မျိုးကို အဓိကထားပြီး လက်ခံရိုက်ကူးလေ့ရှိတဲ့ Yibo ရဲ့ စရိုက်ကတော့ တကယ်ကိုအတုယူဖို့ကောင်းပြီး စိန်ခေါ်မှုများတဲ့ အမျိုးမျိုးသောဇာတ်ကောင်မျိုးကိုရိုက်ကူးနိုင်စွမ်းရှိတာဟာ Yibo ရဲ့ ပါရမီပါပဲ။

အခုတခါမှာ သတင်းထွက်လာတဲ့ Qing မင်းဆက်ဇာတ်လမ်းကလည်း လွယ်ကူတဲ့ဇာတ်လမ်းမျိုးမဟုတ်လှပါဘူး။  အထူးသဖြင့် အပြင်အဆင်ပိုင်းအရ Qing မင်းဆက်ခေတ်က ဆံပင်ပုံစံဟာ တစ်ဝက်တိတိ အပြောင်ရိတ်သိမ်းရတာဖြစ်လို့ ဒီအချက်ကပဲ သရုပ်ဆောင်တော်တော်များများကို ပါဝင်ရိုက်ကူးဖို့ လက်တွန့်စေတာဖြစ်ပါတော့တယ်။

အကယ်၍  Wang Yibo ဟာ ဒီဇာတ်လမ်းကို လက်ခံလိုက်မယ်ဆိုရင်တော့ တော်တော်ကို လက်ဖျားခါလောက်တဲ့ရွေးချယ်မှုဖြစ်ပြီး သူ့ရဲ့သရုပ်ဆောင်ခြင်းစွမ်းရည်ကို အနုပညာလုပ်ငန်းမှာ တဆင့်မြှင့်ရာလည်း ရောက်သွားမှာဖြစ်ပါတယ်။

The Longest River ဇာတ်လမ်းကိုတော့ ငွေကြေးအသင့်အတင့်သုံးကာ ရိုက်ကူးသွားမှာဖြစ်ပြီး ဇာတ်လမ်းအသေးစိတ်ကတော့ ဖော်ပြသေးခြင်းမရှိသေးပါဘူး။ ရိုက်ကူးရေးကိုတော့ ဩဂုတ်လမှာစတင်ရိုက်ကူးမယ်လို့ ကြားသိရပြီး ၄လကြာ ရိုက်ကူးသွားမယ့် နန်းတွင်းဇာတ်လမ်းတစ်ခုပဲဖြစ်ပါတော့တယ်။

Source: QQ
Photos: ChinaDaily
Written: Julix

Advertisements
Share