‘Dynamite’ သီချင်းကို ​ကောင်း​အောင် မသီဆိုနိုင်ခဲ့လို့ Jin ကို တောင်းပန်ခဲ့တယ်ဆိုတဲ့ Ji Seok Jin

Advertisements

ဇူလိုင်လ ၃ ရက်​နေ့မှာ Running Man အဖွဲ့ဝင် Ji Seok Jin က သူ့ရဲ့ YouTube မှာ ဗီဒီယိုအသစ်တစ်ခု တင်ခဲ့ပါတယ်။ အဲ့ဒီဗီဒီယိုမှာ Ji Seok Jin က BTS album ကို ဝယ်ဖို့ CD အ​​ရောင်းဆိုင်ကို သွားခဲ့ပြီး McDonald ဆိုင်ကို သွားကာ BTS set ကို ဝယ်​ယူမြည်းစမ်းခဲ့ပါတယ်။

CD အ​ရောင်းဆိုင်မှာ Ji Seok Jin က ၂၀၂၀ ခုနှစ် နိုဝင်ဘာလက ထွက်ရှိခဲ့တဲ့ BTS အဖွဲ့ရဲ့ ‘BE’ album ကို မြင်သွားခဲ့ပါတယ်။ ‘BE’ album ထဲမှာ BTS အဖွဲ့ရဲ့ ကမ္ဘာ​ကျော်သီချင်းဖြစ်တဲ့ ‘Dynamite’ ပါဝင်ပြီး ထိုသီချင်းကို မကြာ​သေးခင်က တီဗီအစီအစဉ်တစ်ခုမှာ Ji Seok Jin က cover သီဆိုခဲ့ဖူးပါတယ်။

MBC ရုပ်သံလိုင်းက ထုတ်လွှင့်တဲ့ ‘Hangout with Yoo’ အစီအစဉ်မှာ Ji Seok Jin က BTS အဖွဲ့ရဲ့ ‘Dynamite’ သီချင်းကို ရယ်စရာ​ကောင်း​အောင် သီဆိုခဲ့တာပါ။ ထိုကိစ္စနဲ့ ပတ်သက်ပြီး Ji Seok Jin က “ကျွန်​တော် သီချင်းကို ဆိုးဆိုးရွားရွား ဖျက်စီးလိုက်မိတယ်။

‘Dynamite’ သီချင်းကို ဆိုတာ ပထမဆုံးဆို​တော့ ကျွန်​တော့်အတွက် မလွယ်ခဲ့ဘူး။ အဲ့လိုဆိုပြီး​တာနဲ့ ကျွန်​တော် Jin ကို ​တောင်းပန်ခဲ့ပါတယ်” လို့ ​ပြောပြခဲ့ပါတယ်။ ဆက်လက်ပြီး သူက “အဲ့ဟာကို ထုတ်လွှင့်ပြီး​​နောက် Jin ကို ကျွန်​တော်တစ်ခုခု​ပြောရမယ်ထင်လို့ ကျွန်​တော်သူ့ဆီကို ‘သီချင်း​ကောင်းကို ဖျက်စီးလိုက်မိလို့ ​တောင်းပန်ပါတယ်’ လို့ message ပို့ခဲ့တယ်” ဆိုပြီး ​ရှင်းပြခဲ့ပါတယ်။

ထိုသို့ message ပို့တဲ့အခါမှာ ‘Dynamite’ ကို လူ​တွေ ပိုသိသွား​အောင် လုပ်​ပေးတာနဲ့တင် ​​ကျေးဇူးတင်​နေပါပြီလို့ Jin က စာပြန်ပို့ခဲ့​ကြောင်း Ji Seok Jin က ​ပြောပြခဲ့ပါတယ်။ Jin ဟာ တကယ်အကျင့်စရိုက်​ကောင်းရှိတဲ့သူတစ်​ယောက်ဖြစ်တယ်လို့လည်း Ji Seok Jin က ချီးမွမ်းခဲ့ပါတယ်။ Jin ပြန်ပို့ခဲ့တဲ့ စကား​ကြောင့် ရင်ထဲထိသွားခဲ့ပြီး Jin ကို တကယ်အထင်ကြီး​လေးစားမိ​ကြောင်းလည်း Ji Seok Jin က ​ဖွင့်ဟပြောဆိုခဲ့ပါတယ်။

Source : SBS Star
Photo : Naver
Written : ZL

Advertisements
Share