တချိန်က Series တစ်ခုမှာ အရံအဖြစ်သရုပ်ဆောင်ဖူးတဲ့ နာမည်ကြီး CH3 မင်းသားများ

Advertisements

“Luerd Mungkorn Series” ကတော့ ထိုင်းဇာတ်လမ်းတွ‌ဲတွေရဲ့ ခြေလှမ်းအသစ်လို့ တင်စားရတဲ့အထိကို နာမည်ကြီးကျော်ကြားခဲ့တဲ့ Series တစ်ခုပါ။ ကြည့်ရှုသူတိုင်းလောက်ကြိုက်န‌ှစ်သက်ခဲ့ကြတဲ့ Series တစ်ခုဖြစ်ပြီး ဖန်တီးမှုလက်ရာအသစ်ဖြစ်ခဲ့ပါတယ်။ ဒီစီးရီးထဲမှာ ဧည့်သည်သရုပ်ဆောင်၊ အရံဇာတ်ကောင်အဖြစ်သာ သရုပ်ဆောင်ခဲ့ဖူးကြတဲ့ မင်းသားတွေဟာ လက်ရှိမှာတော့ Thai TV3 ရဲ့ နာမည်ကြီးမင်းသားတွေဖြစ်နေပါပြီ။

Gulf Kanawut

လက်ရှိအချိန်မှာ နိုင်ငံတကာအထိ နာမည်ကြီးရေပန်းစားလွန်းတဲ့ BL မင်းသား Gulf Kanawut ကတော့ အတိတ်ကာလတွေတုန်းက “Luerd Mungkorn: Singh” မှာ ‘Songgrod’ အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

ထိုအချိန်တုန်းက Gulf ရဲ့အသက်ဟာ ၁၈ နှစ်ပဲရှိသေးပြီး အရံအဖြစ်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ယခုအချိန်မှာတော့ နာမည်အကြီးဆုံးတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်နေပြီဖြစ်ပြီး မကြာခင်မှာပဲ “Mat Huajai Yai Sup Tar” ဇာတ်လမ်းကိုရိုက်ကူးတော့မှာပါ။

Masu Junyangdikul

Masu Junyangdikul ကတော့ ‘Luerd Mungkorn Series” ထဲမှာ ‘Zhou Kae-Sung’ အဖြစ် ပါဝင်ရိုက်ကူးဖူးပါတယ်။ အဆိုပါ Series ထုတ်လွှင့်ပြသချိန်တုန်းကဆိုရင် သူ့ရဲ့အသက်ဟာ ၂၁ ပဲ ရှိပါသေးတယ်။ ထိုအချိန်ကတည်းက ကြိုးစားလာခဲ့တဲ့ Masu ကတော့ လက်ရှိမှာ Thai TV3 ရဲ့ လူသိများတဲ့တက်သစ်စမင်းသားတစ်ယောက်ဖြစ်လို့လာခဲ့ပါပြီ။

Krating Khunnarong

“Praomook” နဲ့ “Keun Ruk Salub Chata” ဇာတ်လမ်းတွေထဲမှာ ပီပြင်လှတဲ့သရုပ်ဆောင်ချက်တွေကြောင့် လျှင်လျှင်မြန်မြန်ကြီး လူသိများကျော်ကြားလာသူကတော့ Krating Khunnarong ပါပဲ။ ၂၀၁၅ တုန်းက Karting ဟာ ‘Leng’ အဖြစ် သရုပ်ဆောင်ရင်း “Luerd Mungkorn Series” ထဲမှာ ပါဝင်လာခဲ့ဖူးပါသေးတယ်။

Ohm Kanin

“Sapai Jao Sua” ဇာတ်လမ်းမှာ ခေါင်းဆောင်မင်းသားပါဝင်ရိုက်ကူးခဲ့တဲ့ Ohm Kanin ဟာ ပရိသတ်တွေရဲ့အားပေးအာရုံစိုက်ခြင်းကို ရယူနိုင်ခဲ့ပါတယ်။ ၂၀၁၅ တုန်းကပဲ ‘Taokae Sia’ အဖြစ် “Luerd Mungkorn Series” မှာပဲ ပါဝင်ခဲ့ဖူးတဲ့မင်းသားလေးဟာ လက်ရှိမှာတော့ နာမည်ကြီးမင်းသားဖြစ်နေပြီ,ဖြစ်ပါတယ်။

Source: Thaiupdate
Photos: Thaiupdate
Written: Julix

Advertisements
Share