ပရိသတ်​တွေ တစ်ခါမှ မမြင်ဖူးတဲ့ ဇာတ်​ကောင်ကို သရုပ်​ဆောင်ပြဖို့ ပြင်ဆင်​နေတဲ့ Ji Chang Wook

Advertisements

ဇူလိုင်လ ၈ ရက်​နေ့မှာ ​ကိုရီးယား အနုပညာနယ်ပယ်မှ အတွင်းလူတစ်ဦးက မင်းသား Ji Chang Wook ဟာ “Tell Me Your Wish” ဆိုတဲ့ ဇာတ်လမ်းတွဲအသစ်မှာ ​ခေါင်း​ဆောင်မင်းသားအဖြစ် ပါဝင်သရုပ်​ဆောင်သွားမယ်လို့ ​ပြောကြားခဲ့ပါတယ်။

အဲ့ဒီ​နေ့မှာပဲ Ji Chang Wook ရဲ့ ​အေဂျင်စီဖြစ်တဲ့ Glorious Entertainment က “Ji Chang Wook ဟာ ‘Tell Me Your Wish’ ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ပါဝင်ဖို့ ကမ်းလှမ်းခံထားရပြီး လက်ရှိမှာ ​ဆွေး​နွေးသုံးသပ်​နေဆဲ ဖြစ်ပါတယ်” လို့ ထုတ်ပြန်​ကြေငြာခဲ့ပါတယ်။

“Tell Me Your Wish” ဇာတ်လမ်းတွဲဟာ ​နောက်ဆုံးထွက်သက်​ကောင်းဖို့အတွက် အိပ်မက်မက်ကြတဲ့ လူ​တွေရဲ့အ​ကြောင်းကို ပုံ​ဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီ ဇာတ်လမ်းတွဲမှာ ​ဆေးရုံလူနာ​ဆောင်ထဲက လူနာ​တွေရဲ့ အသက်ကို ဘယ်လိုကယ်တင်ကြမလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပြီး ထို​နေရာမှာ အတူတူ ဒုက္ခ​​ရောက်​နေတဲ့ လူကြီးလူငယ်​တွေကို ကယ်တင်ကြပုံကို ပြသသွားမှာဖြစ်ပါတယ်။

မင်းသား Ji Chang Wook ကို​တော့ ​သေခြင်းတရားကို ​ရှောင်လွှဲဖို့ ကြိုးစား​နေတဲ့ Yoon Gye Re ဆိုတဲ့ ဇာတ်​ကောင်​နေရာက ပါဝင်သရုပ်​ဆောင်ဖို့ ကမ်းလှမ်းထားတာဖြစ်ပါတယ်။ သူဟာ က​လေးဆန်တဲ့ လူကြီးတစ်​ယောက်ဖြစ်ပြီး ဘဝမှာ လိုအင်ဆန္ဒဘာမှမရှိသူဖြစ်​ပေမဲ့ ဘဝကို လွယ်လွယ်နဲ့ အရှုံးမ​ပေးတတ်သူဖြစ်ပါတယ်။

​နောက်ပိုင်းမှာ သူ့ရဲ့ဘဝမှာ တဖြည်းဖြည်းနဲ့ တွယ်တာစရာ​တွေများလာပြီး အသက်ရှင်ချင်စိတ်ကလည်း တဖြည်းဖြည်း တိုးလာခဲ့ပါတယ်။ သူဟာ နာကျင်မှုကို ခံနိုင်ရည်ရှိဖို့အတွက် ရံဖန်ရံခါ တက်တူးသွားထိုးတတ်တဲ့ အကျင့်ရှိပြီး ကြည့်ရှုသူ​တွေက Yoon Gye Re ကို နည်းနည်း​လောက်ဖြစ်ဖြစ် ပိုပြီး အသက်ရှင်ဖို့ ​​ပျော်ရွှင်ဖို့ မျှော်လင့်ရင်း သူ့ကို သနားဂရုဏာသက်ဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။

Ji Chang Wook ဟာ လက်ရှိမှာ Netflix က ထုတ်လွှင့်မယ့် “The Sound of Magic” ဇာတ်လမ်းတွဲကို ရိုက်ကူး​နေပြီး ပရိသတ်​တွေဟာ သူဒီဇာတ်လမ်းတွဲကို လက်ခံပြီး ​ပရိသတ်​တွေ တစ်ခါမှမမြင်ဖူးတဲ့ သူ့ရဲ့ ပုံစံအသစ်ကို ပြသသွားမလားဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာ ​စောင့်​မျှော်ကြရမှာဖြစ်ပါတယ်။ ​လော​လောဆယ်မှာ ဇာတ်လမ်းတွဲရိုက်ကူးဖို့က​တော့ ​ဆွေး​နွေး​နေဆဲအဆင့်ဖြစ်ပြီး ယခုနှစ် ဒုတိယနှစ်ဝက်ထဲမှာ စတင်ရိုက်ကူးသွားဖို့ စီစဉ်ထားပါတယ်။

Source : Soompi
Photo : Instagram, Naver
Written : ZL

Advertisements
Share