ဆရာ-တပည့်ဇာတ်လမ်းသစ်မှာ ပါဝင်ရိုက်ကူးဖို့ သေချာသွားပြီဖြစ်တဲ့ Im Soo Jung နဲ့ Lee Do Hyun

Advertisements

Im Soo Jung နဲ့ Lee Do Hyun တို့ကတော့ ဇာတ်လမ်းသစ်မှာ ပါဝင်ရိုက်ကူးသွားမယ်လို့ အတည်ပြုပြီးဖြစ်ပါတယ်။ မကြာခင်ရိုက်ကူးတော့မှာဖြစ်တဲ့ “Melancholia” (literal title) ဇာတ်လမ်းတွဲမှာ Im Soo Jung နဲ့ Lee Do Hyun တို့က အဓိကဇာတ်လိုက်တွေအဖြစ်ပါဝင်လာမယ့်အကြောင်းကို ဇူလိုင် ၈ရက်နေ့မှာပဲ tvN က ကြေညာခဲ့ပါတယ်။

ပုံစံမမှန်ဘဲဖြစ်ချင်တိုင်းဖြစ်နေတဲ့ အထက်တန်းကျောင်းတစ်ကျောင်းအကြောင်းကို ဇာတ်အိမ်တည်ပြီးရိုက်ကူးပြသသွားမှာဖြစ်ပါတယ်။ “Melancholia” ဇာတ်လမ်းကတော့ သင်္ချာဆရာမနဲ့ သင်္ချာပိုင်းမှာဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်တဲ့ တပည့်ကြားက လှပတဲ့ဇာတ်လမ်းလေးအကြောင်းကို ပုံဖော်သွားမှာပါ။ မင်းသမီး Im Soo Jung ကတော့ အပြင်ပိုင်းမှာ သဘောကောင်းပုံပေါ်ပေမဲ့ တကယ့်အတွင်းစိတ်မှာတော့ ခေါင်းမာတဲ့အပြင် တစ်ခုခုကိုဆုံးဖြတ်ချက်ချပြီးပါက ဇွဲကြီးစွာနဲ့ ကျားကုတ်ကျားခဲလုပ်တတ်တဲ့ သင်္ချာဆရာမ Ji Yoon Soo အဖြစ်သရုပ်ဆောင်သွားမှာပါ။

သင်္ချာပုဒ်စာတွေကို ကျောင်းသာ‌းတွေကိုယ်တိုင် အဖြေရှာတွက်ချက်ဖို့ကို အမြဲလိုလိုအားပေးတတ်တဲ့ဆရာမကြောင့်ပဲ ကျောင်းသားတွေခမျာ တွက်ချက်ရင်း လည်ထွက်နေရရှာပါတော့တယ်။ မင်းသား Lee Do Hyun ကတော့ အတွက်အချက်ပိုင်းမှာ ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်သူ ကျောင်းသား Baek Seung Yoo အဖြစ် သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ Baek Seung Yoo ကတော့ စကားနည်းပေမဲ့ တစ်ဖက်လူတွေကို စေတနာထားပြီးကူညီရတာကြိုက်တဲ့ကျောင်းသားလေးပါ။ DSLR camera နဲ့ အမြဲလိုလိုဓာတ်ပုံရိုက်နေတတ်တာကတော့ သူ့ရဲ့ဝါသနာလည်းဖြစ်ပါတယ်။

အထက်တန်းကျောင်းမှာ အဆင့်ဘိတ်ချီးဖြစ်ပေမဲ့ ငယ်ငယ်လေးကတည်းက သင်္ချာစွမ်းရည်ပြိုင်ပွဲတွေမှာ အကြိမ်ကြိမ်လက်စွမ်းပြနိုင်ခဲ့ပါတယ်။ အသက် ၁၀ နှစ်တည်းနဲ့ Massachusetts Institute of Technology ကို ဝင်ခွင့်ရပြီးတက်ရောက်ခဲ့ပေမဲ့ အသက် ၁၂ နှစ်မှာပဲ ကျောင်းထွက်ခဲ့တာကြောင့် ဒီကောင်လေးရဲ့ သင်္ချာဉာဏ်ကို အသုံးချပံ့ပိုးနိုင်အောင် ကူညီချင်တဲ့ ဆရာမနဲ့ ဆုံတဲ့အခါ… ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ တကယ်ကို တွေးဆလို့မရနိုင်ပါဘူးနော်။

“Melancholia” ကိုတော့ “Cheongdam-dong Alice,” “Hyde, Jekyll, Me,” နဲ့ “Doctor John,” တို့ကိုရေးသားခဲ့တဲ့ Kim Ji Un ကပဲ ဇာတ်ညွှန်းရေးသားမှာဖြစ်ပြီး “Extraordinary You” နဲ့ “True Beauty” ကို ရိုက်ကူးခဲ့တဲ့ Kim Sang Hyub ကပဲ ဒါရိုက်တာလုပ်ရိုက်ကူးသွားမှာပါ။ ၂၀၂၁ ဒုတိယနှစ်ဝက်မ‌ှာ tvN မှာ ပြသသွားမှာဖြစ်လို့ ရင်ခုန်စွာနဲ့စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Source: Soompi
Photos: Naver
Written: Julix

Advertisements
Share