မျှော်လင့်ထားတဲ့ ချစ်ခြင်းတစ်ခုနဲ့ပတ်သက်ပြီး ပြောပြခဲ့တဲ့ မင်းသမီးချော Yang Mi

Advertisements

(၂၀၁၈)ခုနှစ်မှာ Yang Mi နဲ့ Hawick Lau တို့ ကွာရှင်းပြီးကတည်းက Yang Mi ဟာ သရုပ်ဆောင် Wei Daxun နဲ့ အချိန်တော်တော်များများကိုအတူကုန်ဆုံးခဲ့ကြတယ်ဆိုတဲ့ ဆက်ဆံရေးကောလဟာလတွေရှိခဲ့ဖူးတာကို အားလုံးပဲမှတ်မိကြမယ်လို့ထင်ပါတယ်။ သို့ပေမယ့်လည်း သူတို့နှစ်ဦးကို အကြိမ်ရေအနည်းငယ်သာအတူယှဉ်တွဲတွေ့ခဲ့ရပြီး သူတို့ရဲ့ချိန်းတွေ့မှုကောလဟာလကိုတော့ တရားဝင်ဖြေရှင်းတာမျိုးမရှိတာကို တွေ့ရပါတယ်။ နောက်ပိုင်းမှာ အခြားအနုပညာရှင်အတော်များများရဲ့ကောလာဟလတွေကြောင့် Yang Mi နဲ့ပတ်သက်တဲ့ကောလဟာလဟာ အာရုံစိုက်မှုအနည်းငယ်လျော့နည်းသွားခဲ့ပါတယ်။

မကြာသေးမီက ELLE မဂ္ဂဇင်းရဲ့ ရိုက်ကူးရေးအင်တာဗျူးတစ်ခုမှာ Yang Mi က သူမရဲ့လက်ရှိနှလုံးသားကိစ္စအခြေအနေကို အရိပ်အမြွက်ပြောပြနေတယ်လို့ခန့်မှန်းရတဲ့ တစ်စုံတစ်ခုကို ပြောကြားခဲ့ပါတယ်။ Yang Mi ရဲ့ဖြေကြားမှုဟာ (၂၀၁၀)ခုနှစ်ရဲ့ နာမည်ကြီးအချစ်ဇာတ်လမ်းတစ်ခုဖြစ်တဲ့ “Flipped” လို့အမည်ရတဲ့ ရုပ်ရှင်ထဲက ဇာတ်လမ်းစာသားတစ်ခုကို ကိုးကားပြောဆိုခဲ့တာပဲဖြစ်ပါတယ်။ စာသားကတော့ “ငါတို့အားလုံးထဲက တစ်ချို့တွေကရှင်းတယ်၊ တစ်ချို့တွေကနူးညံ့တယ်၊ တစ်ချို့တွေကတောက်ပြောင်တယ်၊ ဒါပေမယ့် တစ်ကြိမ်တစ်ခါတော့ သက်တန့်လိုအရောင်အသွေးစုံတဲ့သူကိုမင်းတွေ့ရတတ်တယ်၊ တွေ့ပြီဆိုရင်လည်း ဘယ်အရာမှမနှိုင်းယှဉ်နိုင်ဘူး” ဆိုတာပဲဖြစ်ပါတယ်။

သူမဟာ ဒီစာသားကိုအလွန်နှစ်သက်ကြောင်းပြောကြားခဲ့ပြီး ဇာတ်လမ်းထဲက အဓိကဇာတ်ဆောင်မင်းသမီးလေးဟာ အရင်ကဒီလိုချစ်ခြင်းမျိုးနဲ့တစ်ခါမှကြုံတွေ့ဖူးခဲ့သူမဟုတ်ဘူးဆိုတာကိုလည်း ရှင်းပြခဲ့ပါတယ်။ ဆက်လက်ပြီး Yang Mi က “အဲဒီလိုချစ်ခြင်းမေတ္တာမျိုးရှိတဲ့ အဲ့လိုလူတစ်ယောက်ကို အခြားလူတွေလိုပဲ ကျွန်မလည်းမျှော်လင့်နေပါတယ်၊ ကျွန်မရဲ့သက်တန့်လေးကိုလည်းကျွန်မစောင့်နေပါတယ်၊ လူတိုင်းကသူတို့သက်တန့်ကို ကြုံတွေ့ရလိမ့်မယ်လို့မျှော်လင့်ပါတယ်၊ ဒါကတကယ့်ကိုလှပတဲ့အရာပါ၊ မိုးရွာတာရပ်သွားတဲ့နောက် ကောင်းကင်ရှင်းလင်းလာပြီးတာနဲ့ သက်တန့်ပေါ်လာပါလိမ့်မယ်၊ တောင့်တခြင်းတွေရှိခဲ့တာကြောင့် ယခင်ကကြုံတွေ့ခဲ့ရတဲ့ ဆင်းရဲဒုက္ခတွေကို ဘာမှစဉ်းစားမိတော့မှာမဟုတ်ပါဘူး။” လို့ပြောပြခဲ့ပါသေးတယ်။

ဒီအင်တာဗျူးထွက်လာတဲ့အချိန်မှာ “Yang Mi Wei Daxun” ဆိုပြီး Weibo မှာ Trending ဝင်ခဲ့တာဖြစ်ပါတယ်။ အင်တာနက်အသုံးပြုသူတော်တော်များများကလည်း Yang Mi ရဲ့သူမရဲ့သက်တန့်ကိုစောင့်ဆိုင်းခြင်းနှင့်ပတ်သက်ပြီး သူမရဲ့တစ်ကိုယ်တည်းဖြစ်မှုနဲ့ Wei Daxun ရဲ့ကောလဟလကြားဆက်ဆံရေးအဆုံးသတ်တော့မယ်ဆိုတဲ့ ထင်မြင်ချက်များကို ရေးသားဖော်ပြလာကြတာဖြစ်ပါတယ်။

Yang Mi ကိုချစ်တဲ့ သူမရဲ့ပရိတ်သတ်များကလည်း သူမရဲ့သက်တန့်လေးကိုတွေ့ရဖို့ဆုတောင်းပေးကြသလို သူတို့ရဲ့သက်တန့်လေးတွေကိုလည်း မျှော့်လင့်နေကြတယ်ဆိုတဲ့အကြောင်းတွေကို ကြည်နူးစွာပြောဆိုခဲ့ကြပါတယ်။

Written : Nair Nair
Source : 三八姐姐
Photos : Twitter

Advertisements
Share