“The Second Anna” ဆိုတဲ့ ခပ်ဆန်းဆန်း ဇာတ်လမ်းတွဲ​လေးမှာ ပါဝင်ဖို့ ကမ်းလှမ်းခံထားရတဲ့ Suzy

Advertisements

ဇူလိုင်လ ၈ ရက်​နေ့မှာ Star News သတင်းဌာနက မငး်သမီး Suzy တစ်​ယောက် Coupang Play ရဲ့ မူရင်းဇာတ်လမ်းတွဲ “The Second Anna” မှာ ပါဝင်ဖို့ ကမ်းလှမ်းခံထားရ​ကြောင်း ထုတ်ပြန်​ကြေငြာခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး Suzy ရဲ့ ​အေဂျင်စီဖြစ်တဲ့ Management SOOP က Joy News 24 သတင်းဌာနကို “Suzy ဟာ ‘The Second Anna’ ​ဇာတ်လမ်းတွဲအတွက် ကမ်းလှမ်းခံထားရတာနဲ့ ပတ်သက်ပြီး အ​ကောင်းဖက်က သုံးသပ်​နေပါတယ်” လို့ ​ပြောကြားခဲ့ပါတယ်။

“The Second Anna” ဟာ Lee Byung Hoon နဲ့ Gong Hyo Jin တို့ပါဝင်သရုပ်​​ဆောင်ထားပြီး ၂၀၁၇ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ “A Single Rider” ရုပ်ရှင်ကားရဲ့ ဒါရိုက်တာ Lee Joo Young ရဲ့ လက်ရာအသစ်ဖြစ်ပါတယ်။  “The Second Anna” ကို အစက ရုပ်ရှင်ကားအဖြစ်သာ ရိုက်ကူးပြသဖို့ ရည်ရွယ်ခဲ့​ပေမဲ့ အခု​တော့ အပိုင်း ၈ ပိုင်းပါ ဇာတ်လမ်းတွဲအဖြစ် ​ပြောင်းလဲဖို့ ဆုံးဖြတ်​ခဲ့ပါတယ်။

ဒီဇာတ်လမ်းတွဲဟာ အခြားသူတစ်​ယောက်အဖြစ် ​နေထိုင်ဖို့ ကြိုးစား​နေတဲ့ Anna ဆိုတဲ့ အမျိုးသမီးအ​ကြောင်းကို ပုံ​ဖော်ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ ထိုအရာဟာ လူတစ်​ယောက်က ကိုယ့်ကိုယ်ကို အမြဲလိမ်ပြီး စိတ်ကူးယဉ်ကမ္ဘာကို လက်​တွေ့လို့ ယုံကြည်​နေတတ်တဲ့ “Ripley Syndrome” နဲ့ ဆင်တူပါတယ်​။

Star News သတင်းဌာနရဲ့ ​ပြောကြားချက်အရ Suzy ဟာ ဒါရိုက်တာ Lee Hoo Young နဲ့ ရှိခဲ့ဖူးတဲ့ ​ရေစက်​ကြောင့်ရယ် ဆန်းပြားတဲ့ ဇာတ်ညွှန်း​ရယ်ကြောင့် “The Second Anna” ကို ရိုက်ကူးဖို့ လက်ခံလိုက်ပြီလို့ ​သိရှိရပါတယ်။ “The Second Anna” ရဲ့ ထုတ်လုပ်​ရေးအဖွဲ့က ဇာတ်လမ်းတွဲမှာ ပါဝင်မယ့် သရုပ်​ဆောင်​တွေကို ​ရွေးချယ်ပြီးထားနဲ့ ဒီနှစ်ထဲမှာ စတင်ရိုက်ကူးသွားမယ်လို့လည်း သိရပါတယ်။

Source : Soompi
Photo : Instagram
Written : ZL

Advertisements
Share