Wonder Girls, Miss A, TWICE, ITZY နာမည်ကြီးအဖွဲ့ တွေမွေးထုတ်ထားတဲ့ JYP နောက်နှစ်မှာ Girl Group အသစ်မိတ်ဆက်ပေးတော့မှာ ဖြစ်

Advertisements

JTP Entertainment ဟာ ‘JYPn’ ဆိုတဲ့ social media channel အသစ်ကို July 8 ညပိုင်းလောက်မှာ ဖွင့်ခဲ့ပါတယ်။ ပြီးတော့ ထူးဆန်းတဲ့ teaser video တစ်ခုကိုလည်း သူတို့ရဲ့ official YouTube channel မှာ တင်ခဲ့ပါသေးတယ်။ထို video မှာ “သာမာန် package တစ်ခုမဟုတ်ဖူး။

ဒါက သာမာန်ထက်ပိုထူးကဲတယ် !” ဆိုတဲ့စာသားလေးဘဲ မိတ်ဆက်ထားပေမဲ့ JYP ကို လူထုရဲ့ စိတ်ဝင်စားမှုတွေဟာ တဖြည်းဖြည်း မြင့်တက်လာခဲ့ပါတယ်။ ဒီ teaser ဟာ 2022 ခုနှစ်မှာ မိတ်ဆက်ပေးမဲ့ girl group အသစ်အတွက် ဖြစ်ပါတယ်လို့ သိရပါတယ်။ JYP နောက်ဆုံး debut ပေးထားတဲ့ Girl group ကတော့ ITZY ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၃နှစ်က debut ပေးခဲ့တာဖြစ်ပြီး kpop 4th Generation ထဲမှာ Hit group ဖြစ်ခဲ့ပါတယ်။ JYP ဟာ Wonder Girls, Miss A, TWICE, ITZY အစရှိတဲ့ Legendary Girl Group တွေ ကို မွေးထုတ်ပေးနိုင်ခဲ့တာဆိုတော့ ပရိသတ်တွေက ခုအဖွဲ့အသစ်အတွက်လည်း အများကြီး မျှော်လင့်နေကြပါတယ်။

သူ့ရှေ့က စီနီယာ Group တွေလိုမျိုး အောင်မြင်နိုင်ရင်ကောင်းမယ်ဆိုပြီး ဟောကိန်းထုတ်နေကြတာပါ။ ဒီ Girl Group အသစ်အတွက် JYP ရဲ့ ပထမဆုံး မိန်းကလေး ဒါရိုက်တာ Lee Ji Young က ဦးဆောင်ပြီး trainee တွေထဲကနေ ရွေးထုတ်သွားမယ်လို့ သိရပါတယ်။

Sunmi, 2PM အဖွဲ့ဝင် Nichkhun, TWICE အဖွဲ့က Sana, Jeongyeon, Jihyo ,Tzuyu, DAY6 အဖွဲ့ဝင် Young K, GOT7 အဖွဲ့က Mark, Jackson နဲ့ Yugyeom, Stray Kids အဖွဲ့က Felix နဲ့ b အစရှိတဲ့ JYP က idol တွေကို သင်ကြားပေးခဲ့တဲ့သူတွေက ခု girl group အသစ်အတွက် တာဝန်ယူသွားမယ်လို့လည်း သိရပါတယ်။ JYP ဟာ ဒီ gp အသစ်အတွက် Twitter မှာလည်း ခြေလှမ်းအသစ်စလှမ်းခဲ့ပါတယ်။

July လ 9 ရက်နေ့ ညပိုင်းလောက်မှာဘဲ ‘JYPn’ ဆိုတဲ့ Twitter acc ဖွင့်ခဲ့ပါတယ်။ ‘Blind Package’ ဆိုတဲ့ ခေါင်းစဉ်နဲ့ Poster တွေ တင်ခဲ့ပါတယ်။ ထို poster ထဲမှာ July 16 to July 25 လို့ ရေးထားပြီး ထို date ဟာ ကြိုတင်ရောင်းချမဲ့ date ဖြစ်ပါတယ်။ ထိုနေ့တွေအတွင်းမှာ girl group အသစ်ရဲ့ debut single အတွက် Kpop fan တွေဟာ ကြိုတင်မှာယူနိုင်မှာ ဖြစ်ပါတယ်။

ထိုရက်တွေကျော်သွားရင်တော့ ထပ် ဝယ်ယူလို့ရတော့မှာ မဟုတ်ပါဖူး။ Girl Group အသစ်နဲ့ ပက်သက်ပြီး ဘာမှ တိတိကျကျ မတင်ထားပေးပေမဲ့ ခုလို ကြိုတင် order တင်ရမဲ့ အချိန်ကိုတော့ ထုတ်ထားတာကတော့ JYP ဒီ girl group နဲ့ ပက်သက်ပြီး ဘယ်လောက်ယုံကြည်ချက်တွေ ရှိနေလည်းဆိုတာ ပြသနေပါတယ်။”JYPn” ထဲမှာ ပါတဲ့ n က ‘next, now, new’ အစရှိတဲ့ နက်ရှိုင်းတဲ့အဓိပ္ပာယ်လည်း ရပါတယ်။

Source : allkpop
Written : violet

Advertisements
Share