ဉာဏ်​ကောင်းလွန်းလို့ Idol မလုပ်လည်း အခြားနယ်ပယ်မှာ​ ကျိန်း​သေ​အောင်မြင်မယ့် K-Pop Idol များ

Advertisements

The Test of English for International Communications သို့မဟုတ် TOEIC ဟာ ​တောင်ကိုရီးယားမှာ လူသိများတဲ့ အင်္ဂလိပ်စာစွမ်းရည် စစ်​ဆေးမှုစာ​မေးပွဲတစ်ခုဖြစ်ပါတယ်။ အချို့​သော Idol ​တွေဟာ ဒီစာ​မေးပွဲမှာလည်း အမှတ်အများကြီးရပြီး သူတို့မလုပ်နိုင်တာ ဘာမှမရှိ​ကြောင်း ပြသခဲ့ပါတယ်။

မကြ​ာသေးခင်က online forum ၁ခုမှာ TOEIC အမှတ်မြင့်ပြီး Idol မဖြစ်လည်း အခြားနယ်ပယ်မှာ ​အောင်မြင်မယ်လို့ ထင်တဲ့ K-Pop ​တွေအ​ကြောင်းကို netizen ​တွေက ​ဆွေး​နွေးခဲ့ကြပါတယ်​။ အဲ့ဒီ Idol ​​တွေက​တော့…

6. Siwan (ZE:A)

ZE:A အဖွဲ့ဝင် Siwan ဟာ သီချင်းဆိုတာ​ရော သရုပ်​ဆောင်တာကိုပါ သူလုပ်နိုင်​ကြောင်း ပြသခဲ့ပြီးဖြစ်ပါတယ်။ ထို့အပြင် သူဟာ ဉာဏ်ရည်ထက်မြက်သူလည်း ဖြစ်ပါတယ်။ ဘာလို့လဲဆို​တော့ TOEIC စာ​မေးပွဲမှာ အမှတ် ၈၂၀ ​တောင် ရရှိခဲ့လို့ပါပဲ။ သူ့ရဲ့ ဆွဲ​ဆောင်မှုနဲ့ ဗဟုသုတကို ​ပေါင်းစပ်လိုက်မယ်ဆိုရင် သူ့စိတ်တိုင်းကျ ဘယ်အလုပ်မဆို ဝင်လုပ်ပြီး ကမ္ဘာအနှံ့ကိုလည်း ​အလွယ်တကူ သွားလာနိုင်မှာ အ​သေအချာပါပဲ။

5. Hani (EXID)

​ဒီစာရင်းရဲ့ တစ်ဦးတည်း​သော မိန်းက​လေး Idol အဖြစ် ပါဝင်လာတာက​တော့ EXID အဖွဲ့ဝင် Hani ဖြစ်ပါတယ်။ Hani ဟာ ရုပ်ရည်ခ​ေျာ​မောလှပရုံတင်သာမက သီချင်းဆိုတာ၊ ကတာနဲ့ သရုပ်​ဆောင်တာ​​​တွေကို ကျွမ်းကျင်စွာ လုပ်နိုင်သူဖြစ်ပါတယ်။

ထို့အပြင် သူမဟာ ဉာဏ်ရည်အင်မတန်မြင့်မားတဲ့သူဖြစ်ပြီး TOEIC စာ​မေးပွဲမှာ အမှတ်​ပေါင်း ၉၀၀ အထိ ရရှိခဲ့ပါတယ်။ သူမဟာ အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်စွာ ​ပြောတတ်ရုံသာမက တရုတ်ဘာသာစကားကိုလည်း တတ်​မြောက်ထားပါတယ်။

4. RM (BTS)

RM က​တော့ TOEIC စာ​မေးပွဲ​ဖြေတဲ့ ၂ ကြိမ်လုံးမှာ netizen ​တွေကို အထင်ကြီး​လေးစား​အောင်လုပ်နိုင်ခဲ့ပါတယ်။ ပထမအကြိမ်က အလယ်တန်း​ကျောင်းသားဘဝကဖြစ်ပြီး အမှန်​ပေါင်း ၈၅၀ ကို ရရှိခဲ့ပါတယ်။ ဒါ​ပေမဲ့ မနှစ်က ဒုတိယအကြိမ် ထပ်​ဖြေခဲ့ပြီး ၉၁၅ မှတ်​တောင် ရရှိခဲ့ပါတယ်။ BTS အဖွဲ့ရဲ့ ​ခေါင်း​ဆောင်ဟာ ထက်မြက်တဲ့သူအဖြစ်လူသိများပြီး ဒါဟာ ငြင်းမရတဲ့အချက်ဖြစ်ပါတယ်။

3. Inseong (SF9)

SF9 အဖွဲ့ရဲ့ အသက်အကြီးဆုံးအဖွဲ့ဝင်ဟာ UK မှာ တစ်နှစ်ခန့် ပညာသင်ကြားပြီး​နောက် အင်္ဂလိပ်စကားကို အလွန်ကျွမ်းကျင်သွားခဲ့ပါတယ်။ သူဟာ TOEIC စာ​မေးပွဲ ​ဖြေဆိုရာမှာ အမှတ်​ပေါင်း ၉၃၅ မှတ်ကို ရရှိခဲ့ပါတယ်။

ဒါဟာ UK မှာ ပညာသင်ခဲ့တာ တစ်ခုတည်း​ကြောင့်​တော့ မဖြစ်နိုင်ပါဘူး။ Inseong ဟာ ဉာဏ်ရည်ထက်မြက်သူဖြစ်ပြီး သူမလုပ်နိုင်တဲ့အရာဆိုတာ မရှိသ​လောက်ပါပဲ။ FANTASY ​တွေအတွက်လည်း Inseong မရှိတဲ့ SF9 အဖွဲ့ကို စိတ်ကူးကြည့်လို​တောင် မရနိုင်ပါဘူး။

2. Young K (DAY6)

DAY6 အဖွဲ့ဝင် Young K က​တော့ သီချင်းဆိုခြင်း၊ တူရိယာများတီးခတ်ခြင်း​တွေအပြင် rapping, dancing ​တွေကိုပါ ကျွမ်းကျင်စွာ လုပ်​ဆောင်နိုင်ပါတယ်။ ဒါတင်မက​သေးပဲ သူဟာ ဉာဏ်ကြီးရှင်တစ်ဦးလည်းဖြစ်ပါတယ်။

သူဟာ TOEIC စာ​မေးပွဲမှာ အမှတ်​ပေါင်း ၉၇၀ မှတ်​တောင် ရရှိခဲ့တာ​ကြောင့် သူဒီ​လောက်ထိ အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာ ​ပြောနိုင်​နေတာဟာ အံ့သြစရာ​တော့ မဟုတ်ပါဘူး။ ဒါ​ကြောင့်လည်း သူဟာ ကမ္ဘာတစ်လွှားက ပရိသတ်​တွေနဲ့ ကိုရီးယားလို​ရော အင်္ဂလိပ်လိုပါ ပြီးပြည့်စုံစွာ ​ပြောဆိုဆက်ဆံနိုင်ပါတယ်။

1. Taecyeon (2PM)

ဒီစာရင်းရဲ့ ထိပ်ဆုံးမှာ ရပ်တည်​နေက​တော့ 2PM အဖွဲ့ဝင် Taecyeon ဖြစ်ပါတယ်။ သူဟာလည်း မလုပ်နိုင်တာမရှိတဲ့ ဘက်စုံ​တော်တဲ့ Idol တစ်​ယောက်ပါ။ သူဟာ TOEIC စာ​​မေးပွဲမှာ အမြင့်ဆုံးအမှတ်ဖြစ်တဲ့ အမှတ်​ပေါင်း ၉၉၀ ကို ရရှိခဲ့ပြီး သူဘယ်​လောက်ထိ ​ဉာဏ်ရည်ထက်မြက်တယ်ဆိုတာ ရှင်းပြ​နေဖို့​တောင် လိုမယ်မထင်ပါဘူး။

ဒီလို အမှတ်နဲ့သာဆို Idol မလုပ်လည်း ကမ္ဘာ​ပေါ်က ကြိုက်တဲ့နိုင်ငံမှာ ကြိုက်တဲ့အလုပ်ကို ဝင်လုပ်​နေလို့ရပါတယ်။ ဒါ​ပေမဲ့ 2PM အဖွဲ့ဝင်ဖြစ်လာပြီး သူ့ရဲ့ ဇာတ်လမ်းတွဲ​​တွေကို ကြည့်ခွင့်ရ​နေတာဟာ ပရိသတ်​တွေအတွက် ​​ကောင်းချီးတစ်ခုဖြစ်ပါတယ်။

Source : Koreaboo
Photo : Instagram
Written : ZL

Advertisements
Share