အသက် ၃၀ ကျော်လို့တောင် မထင်ရ​က်စရာကောင်းလောက်အောင် နုပျိုချောမောနေကြတဲ့ Kpop idol (၇) ယောက်

Advertisements

Kpop idol တွေဟာ အားလုံးက ချောမောလှပသူတွေချည်းပါဘဲ။ တချို့ idol တွေကတော့ ရှိရင်းစွဲအသက်ထက် ပိုငယ်ရွယ်နုပျိုပါတယ်။ ခုဖော်ပြမဲ့ idol တွေဆို Korean age အသက် ၃၀ ပြည့်ပြီးသွားတာတောင် 30 ကျော်လို့ မထင်ရတဲ့ Idol တွေ ဖြစ်ပါတယ်။ 1991 ခုနှစ်ဖွားတွေ ဖြစ်ပြီး အရွယ်တင်တဲ့ idol (7) ယောက်ကို Asia Cele bar ပရိသတ်တွေ အတွက် တင်ပြပေးလိုက်ပါတယ်နော်။

(1)Irene

Red Velvet အဖွဲ့ရဲ့ Leader လည်းဖြစ်သလို Visual လည်း ဖြစ်တဲ့ Irene က သူမရဲ့ ဖြူဝင်းပြီးကြည်လင်တဲ့အသားအရည်နဲ့ တုနှိုင်းမမှီလှပလို့ နာမည်ကြီးပါတယ်။ သူမဟာ March လ 29 ရက် 1991 ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။

(2)Suho

EXO အဖွဲ့ရဲ့ leader Suho ကလည်း ဝါဂွမ်းလေးလို ဖြူစွတ်နေပြီး ယုန်ပေါက်လေးလို ချစ်ဖို့ကောင်းပါတယ်။ အသားအရည်ကလည်း အပြစ်အနာအဆာကင်းသူ လည်း ဖြစ်ပါတယ်။သူကတော့ May 22, 1991 မှာ မွေးဖွားခဲ့ပါတယ်။

(3)Minho

Shinee အဖွဲ့ရဲ့ Rapper ဖြစ်သလို Actor တစ်ယောက်လည်းဖြစ်တဲ့ Minho ကတော့ ယောကျာ်းပီသစွာနဲ့ ချောမောသူဖြစ်ပါတယ်။
December 9, 1991 မှာ Minho ကို မွေးဖွားခဲ့ပါတယ်။

(4) Highlight’s Yoseob

Highlight အဖွဲ့ဝင် Yoseob က တော့ အသက် 20 အရွယ်ဘဲမှတ်ပြီး သူ့ကို ငယ်ငယ်လေးလို့ဘဲ ထင်ထားတာဆိုပြီး အားလုံးက ပြောကြပါတယ်။ ဒါပေမဲ့ Yoseob ကို January 5, 1990 မှာ မွေးဖွားခဲ့လို့ ခုဆိုသူ့ရဲ့ အသက်ဟာ 31 နှစ်ကျော်ပြီ ဖြစ်ပါတယ်။

(5) Yonn Jisung

Wanna One အဖွဲ့ရဲ့ Leader ဖြစ်ဖူးသူ Yoon Jisung ဟာ ရီလိုက်ရင် Eye smile လေးနဲ့ အရမ်းချစ်ဖို့ကောင်းတဲ့သူပါ။ ခုချိန်မှာ အောင်မြင်တဲ့ Soloist အဖြစ် ရပ်တည်နေတဲ့ Jisung ရဲ့ birth date ကတော့ March 8, 1991 ဖြစ်ပါတယ်။

(6) Changsub

BTOB အဖွဲ့ရဲ့ Lead Vocalist ဖြစ်တဲ့ Changsub ကလည်း ချစ်ဖို့ကောင်းလို့ လူသိများကြပါတယ်။ သူ့ကိုတော့ February 26, 1991 ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။

(7)Jinu

WINNER အဖွဲ့ရဲ့ Lead Vocalist ဖြစ်တဲ့ Jinu ကတော့ ဘယ်ချိန်ကြည့်ကြည့် baby face လေးနဲ့ အရမ်းနုပျိုပါတယ်။ ဒါပေမဲ့သူလည်း 1991 ခုနှစ်ဖွား ဖြစ်ပြီး September 26 မှာ မွေးဖွားခဲ့ပါတယ်။

Source: Koreaboo
Written: Violet

Advertisements
Share