အနုပညာလှုပ်ရှားမှု​တွေအတွက် Kang Daniel ရဲ့ KONNECT Entertainment နဲ့ လက်တွဲလိုက်တဲ့ CL

Advertisements

ဇူလိုင်လ ၁၀ ရက်​နေ့မှာ CL က မကြာခင်ထွက်ရှိလာ​တော့မယ့် သူမရဲ့ album အသစ် “ALPHA” နဲ့ ကိုရီးယားမှာ ပြုလုပ်မယ့် အနုပညာလှုပ်ရှားမှု​တွေအတွက် Kang Daniel ရဲ့ KONNECT Entertainment နဲ့ လက်တွဲလိုက်​ကြောင်း ထုတ်ပြန်​ကြေငြာခဲ့ပါတယ်။ Kang Daniel ဟာ ၂၀၁၉ ခုနှစ်တုန်းက တစ်ကိုယ်​တော်ပွဲဦးထွက်အတွက် ပြင်ဆင်ရင်း KONNECT Entertainment ဆိုတဲ့ တစ်ကိုယ်​တော်​အေဂျင်စီကို ထူ​ထောင်ခဲ့တာ ဖြစ်ပါတယ်။

ဇူလိုင်လ ၁၀ ရက်​နေ့မှာပဲ KONNECT Entertainment က “ကျွန်​တော်တို့ဟာ CL ရဲ့ ပြည်တွင်းအနုပညာလှုပ်ရှားမှု​တွေကို စီမံခန့်ခွဲဖို့အတွက် တာဝန်ယူ​ပေးသွားမှာဖြစ်ပါတယ်။ ထိပ်တန်းဂီတပညာရှင်အဖြစ် အစွမ်းကုန် လှုပ်ရှားနိုင်​အောင် ကျွန်​တော်တို့အ​နေနဲ့ စိတ်အားထက်သန်စွာ ပံ့ပိုးကူညီသွားမှာဖြစ်ပါတယ်” လို့ ​ပြောကြားလိုက်ပါတယ်။ တစ်ဖက်မှာ CL ရဲ့ ​အေဂျင်စီဖြစ်တဲ့ Very Cherry ကလည်း “ကျွန်ုပ်တို့အ​နေနဲ့ ဒီပူး​ပေါင်း​ဆောင်ရွက်မှုက​နေ အကျိုးတစ်စုံတစ်ရာ ဖြစ်ထွန်းလိမ့်မယ်လို့ ​မျှော်လင့်ပါတယ်” ဆိုပြီး ​​ထုတ်ပြန်ခဲ့ပါတယ်။

CL ကလည်း သူမရဲ့ ပရိသတ်​တွေဆီ ဒီသတင်းကို ကိုယ်တိုင်မျှ​ဝေချင်တဲ့အတွက် Instagram Story မှာ post တင်ခဲ့ပါတယ်။ သူမရဲ့ post ထဲမှာ “ALPHA” album ကိုမကြာမီ ထုတ်​ဝေ​တော့မှာဖြစ်ပြီး ကိုရီးယားမှာ အနုပညာလှုပ်ရှားမှု​တွေ တက်ကြွစွာ ပြုလုပ်ဖို့အတွက် Very Cherry ဟာ KONNECT Entertainment ပူး​ပေါင်းသွားမှာဖြစ်ပြီး KONNECT က​နေ “ALPHA” ရဲ့ ပရိုမိုးရှင်း​တွေ​ရော ပြည်တွင်းလှုပ်ရှားမှု​​တွေအတွက် စီမံခန့်ခွဲမှု​တွေကိုပါ လုပ်​ဆောင်​ပေးသွားမှာဖြစ်​ကြောင်း ​ရေးသားထားပါတယ်။

ထို့အပြင် “ALPHA” album ကို ပြင်ဆင်ရင်း ပရိသတ်အများကြီးဆီကို လက်လှမ်းမှီ​အောင် ဘယ်လိုလုပ်ရမလဲ၊ ပြည်တွင်းက ပရိသတ်​တွေနဲ့ ဆက်သွယ်မှုရှိ​အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို စဉ်းစားရင်း ပူပန်ခဲ့ပြီး ​နောက်ဆုံးမှာ သူမကို ပရိသတ်​တွေနဲ့ ​​တွေ့ဆုံနိုင်​အောင် ပံ့ပိုးကူညီ​ပေးနိုင်မယ့် အဖွဲ့အစည်းကို ရှာ​​တွေ့ခဲ့ပြီး ​အနာဂတ်မှာလည်း ခုလိုပဲ တခြား​​အေဂျင်စီ​တွေနဲ့ ပူး​ပေါင်းသွားဖို့ စီစဉ်ထား​ကြောင်း ​ပြောကြားထားပါတယ်။

Source : Soompi
Photo : Instagram
Written : ZL

Advertisements
Share