ချမ်းသာတဲ့သူ​​တွေမှာသာရှိတဲ့ Black Credit Card ကို ကိုင်​ဆောင်ထားကြတဲ့ K-Pop Idol များ

Advertisements

ကိုရီးယားက အ​ကြွေးဝယ်ကဒ်ကုမ္ပဏီ​တွေဟာ ဝင်​ငွေ​မတရား​ကောင်းပြီး အသုံးအစွဲများတဲ့ လူ​တွေကိုသာ black card ကို ထုတ်​​ပေး​လေ့ရှိပါတယ်။ ကိုရီးယားမှာ နှစ်စဉ်​ကြေးနဲ့ ​ပေးသွင်းရတဲ့ black card ၄ မျိုးရှိပါတယ်။ အဲ့ဒါ​တွေက​တော့ Hyundai ရဲ့ “The Black” Card, Samsung ရဲ့ “Raume O” Card, Hana ရဲ့ “Club 1″ Card နဲ့ KB Kookmin ရဲ့”Tantum” Card တို့ပဲ ဖြစ်ပါတယ်။

Black Card ​တွေမှာ ဘယ်​လောက်ထိပဲသုံးလို့ရတယ်ဆိုပြီး ပမာဏကန့်သတ်ထားခြင်းမရှိပါဘူး။ ​နောက်ပြီး ဒီကဒ်ကို ကိုင်နိုင်ဖို့အတွက် ​ဒေါ်လာ ၁၆ သန်း​လောက် ပိုင်ဆိုင်မှုရှိရမှာဖြစ်ပြီး နှစ်စဉ် ​ဒေါ်လာ ၁၂၀၀၀၀ ​လောက် သုံးစွဲဖို့ လိုအပ်ပါတယ်။ ဒါ​ကြောင့် ​ပိုက်ဆံမတရားချမ်းသာတဲ့သူ​တွေသာ ဒီကဒ်ကို ကိုင်နိုင်တာပါ။ ဒါ​ပေမဲ့ ဒီကဒ်ကို ကိုင်​ဆောင်နိုင်တဲ့ ဝင်​ငွေ​ကောင်းတဲ့ K-Pop Idol ​တွေရှိပါတယ်။ အဲ့ဒီ K-Pop Idol ​တွေက​​တော့…

1. Jungkook (BTS)

ကမ္ဘာ​ကျော် BTS အဖွဲ့ရဲ့ အငယ်ဆုံးအဖွဲ့ဝင် Jungkook ဟာ Black Card ကို ကိုင်​​ဆောင်ထားနိုင်တဲ့သူ​တွေထဲက တစ်ဦးဆိုတာကို ကင်မရာမှာ ရိုက်မိခဲ့ပါတယ်။ နယူဇီလန်နိုင်ငံကို သွား​ရောက်ခဲ့စဉ်က တခြားအဖွဲ့ဝင်​တွေနဲ့ ​စျေးဝယ်ထွက်ရာမှာ ဒီကဒ်ကို အသုံးပြုခဲ့တာကို ရိုက်ကူးမိခဲ့တာဖြစ်ပါတယ်။ သု​တေသန​တွေအရ Jungkook ရဲ့ ပိုင်ဆိုင်မှုက ​ဒေါ်လာ ၈ သန်း​လောက်ရှိတယ်လို့ သိရှိရပါတယ်။

2. Jin (BTS)

၂၀၂၀ ခုနှစ် မတ်လတုန်းက BTS အဖွဲ့ဝင်​တွေဟာ “MAP OF THE SOUL: 7” အတွက် ပရိုမိုးရှင်း​တွေ ပြီးဆုံးပြီး​နောက် Suga ရဲ့ ​မွေး​နေ့ကို ကျင်းပ​ပေးခဲ့ကြပါတယ်။ ထိုညစာစားပွဲအတွက် ကုန်ကျစရိတ်ကို Jin က ရှင်း​ပေးခဲ့ပြီး အဲ့ဒီဗီဒီယိုဟာ သူတို့ရဲ့ တရားဝင် Twitter account မှာ တက်လာခဲ့ပါတယ်။

Jin က BTS အဖွဲ့ဝင်​တွေသာမက ဝန်ထမ်း​တွေအတွက်ပါ ကုန်ကျစရိတ်ကို ဒကာခံခဲ့ပြီး စုစု​ပေါင်း ဝမ် ၈၇၈၀၀၀​ လောက် ကုန်သွားခဲ့ပါတယ်။ ​နောက်ပိုင်းမှာ ပရိသတ်​တွေ သတိထားမိခဲ့တာက​တော့ Jin ဟာ Hyundai ရဲ့ “The Black” card ကို ကိုင်​ဆောင်ထားတယ်ဆိုတာပါပဲ။

3. Yeonjun (TXT)

​နောက်ထပ် Big Hit Music က ​ယောကျ်ား​လေးအဖွဲ့ဖြစ်တဲ့ TXT ရဲ့ အသက်အကြီးဆုံး အဖွဲ့ဝင် Yeonjun ဟာလည်း Black Card ကို ကိုင်​ဆောင်ထားသူတစ်ဦးဖြစ်ပါတယ်။ တစ်ခါက TXT အဖွဲ့ စား​သောက်​​နေတဲ့ ဗီဒီယိုကို သူတို့ရဲ့ တရားဝင် YouTube channel မှာ တင်ခဲ့ဖူးပါတယ်။

အဲ့ဒီဗီဒီယိုထဲမှာ Yeonjun က သူတို့ရဲ့ အစားအ​​သောက​တွေအတွက် ပိုက်ဆံရှင်းဖို့ မဲ​ပေါက်သွားခဲ့ပါတယ်။ အဲ့ဒီမှာ Yeonjun က Black Card ကို ထုတ်သုံးခဲ့ပါတယ်။ ပွဲဦးထွက်တာ မကြာ​သေးတဲ့ idol တစ်​ယောက်က ဒီလိုကဒ်မျိုး ကိုင်​ဆောင်နိုင်တာကို ကြည့်ခြင်းအားဖြင့် ဘယ်​လောက်ထိ ဝင်​ငွေ​ကောင်းလဲဆိုတာ ခန့်မှန်းလို့ရပါတယ်။

4. Taeyang နဲ့ G-Dragon (BIGBANG)

BIGBANG အဖွဲ့က YG Entertainment ကို တိုးတက်​အောင် လုပ်​ပေးခဲ့ပြီး ကိုရီးယား အ​အောင်မြင်ဆုံး ​ယောကျ်ား​လေးအဖွဲ့​တွေထဲက တစ်ခုဖြစ်တယ်ဆိုတာကို​တော့ ငြင်းလို့မရပါဘူး။ ဒါ​ကြောင့်လည်း ဒီစာရင်းမှာ BIGBANG အဖွဲ့ဝင်​တွေဖြစ်တဲ့ Taeyang နဲ့ G-Dragon တို့ ပါဝင်မှ ပြီးပြည့်စုံမှာပါ။

G-Dragon ဟာ ၂၀၂၀ ခုနှစ်အတွက် အချမ်းသာဆုံး K-Pop Idol ​တွေထဲမှာ နံပါတ် ၅ ချိတ်ခဲ့ပြီး သူ့ရဲ့ ပိုင်ဆိုင်မှု စုစု​ပေါင်းဟာ ​ဒေါ်လာ ၅၅ သန်းရှိပါတယ်။ Taeyang က​တော့ ထိုစာရင်းမှာ နံပါတ် ၇ ရရှိခဲ့ပြီး သူ့ရဲ့ ပိုင်ဆိုင်မှု စုစု​ပေါင်းဟာ ​ဒေါ်လာ ၂၀ သန်း ရှိပါတယ်။

5. Sandara Park

YG Entertainment ကပဲ ပွဲဦးထွက်ခဲ့တဲ့ 2NE1 အဖွဲ့ဝင်​ဟောင်း Sandara Park ဟာလည်း ၂၀၂၀ ခုနှစ်အတွက် အချမ်းသာဆုံး K-Pop Idol ၁၀ ​​ယောက်ထဲမှာ ​ပါဝင်ခဲ့ပါတယ်။ ဒါ​ကြောင့် သူမမှာ Black Card ရှိတယ်ဆိုတာ အံ့သြစရာ​တော့ မဟုတ်​တော့ပါဘူး။

သူမဟာ Etude House, Clio, Nikon, Mitsubishi, Moonshot, CoverGirl, BNY Jeans, Tekki Asian Classic Noodles နဲ့ Canon တို့အပါအဝင် အခြား​သော brand ​ပေါင်းများစွာရဲ့ ​ကြော်ငြာကို ရိုက်ကူးခဲ့ဖူးပါတယ်။ သူမရဲ့ ပိုင်ဆိုင်မှုစုစု​ပေါင်းက​တော့ ​ဒေါ်လာ ၂၅ သန်း​လောက်ရှိမယ်လို့ ကျွမ်းကျင်သူ​တွေက ခန့်မှန်းထားကြပါတယ်။

6. Suho (EXO)

EXO အဖွဲ့ဝင် Suho က​တော့ ​ငွေဇွန်းကိုက်ပြီး ​မွေးဖွားလာတာဖြစ်သလို အဖွဲ့ထဲမှာ အချမ်းသာဆုံး အဖွဲ့ဝင်အဖြစ် လူသိများပါတယ်။ ဒါ​ကြောင့် သူ့မှာ Black Card ရှိတာဟာလည်း မဆန်းပါဘူး။ Suho ဟာ အဆို​တော်ဖြစ်ရုံသာမက ​ဖျော်​ဖြေ​ရေးနယ်ပယ်မှာ အနုပညာလှုပ်ရှားမှု​တွေကို တက်ကြွစွာ လုပ်​ဆောင်​နေသူဖြစ်ပါတယ်။ သူ့ကို ​ကြော်ငြာ​တွေ၊ ရုပ်ရှင်​တွေထဲမှာလည်း မြင်​တွေ့ရမှာဖြစ်ပါတယ်။ သူ့ရဲ့ ပိုင်ဆိုင်မှု စုစု​ပေါင်းက​တော့ ​ဒေါ်လာ ၈​ သန်းခန့်ရှိပါတယ်။

7. Taeyeon (Girls’ Generation)

Girls’ Generation အဖွဲ့ဝင် Taeyeon က​တော့ ကိုယ်ပိုင် YouTube channel ရှိတဲ့ Idol ​တွေထဲက တစ်ဦးဖြစ်ပြီး သူမရဲ့ YouTube channel ကို “Taengoo TV (TGTV)” ဆိုပြီး အမည်​ပေးထားပါတယ်။ ဗီဒီယိုတစ်ခုမှာ Taeyeon က သူမရဲ့အ​မေအတွက် အလှကုန်ပစ္စည်း​တွေဝယ်ဖို့ အနီးဆုံး “Olive Young” ဆိုင်ကိုသွားခဲ့ပါတယ်။ ​

ထို့​နောက်သူမဝယ်ယူမယ့် ပစ္စည်း​တွေ ​ရွေးချယ်ပြီးတာနဲ့ ​ငွေရှင်းဖို့အတွက် Black Card ကို ထုတ်ခဲ့ပါတယ်။ ထို့​ကြောင့်ပရိသတ်​တွေအတွက် အရမ်းကို အံ့အားသင့်​စေခဲ့ပြီး သူမဘယ်​လောက်ထိ ချမ်းသာတယ်ဆိုတာကို အမှတ်ရ​စေခဲ့ပါတယ်။

Source : Kpopstarz
Photo : Pinterest
Written : ZL

Advertisements
Share