Thai TV3 မှ ၁၉၉၃ ခုနှစ်ဖွား သက်တူရွယ်တူထိပ်တန်းအနုပညာရှင်များ

Advertisements

Thai TV3 က ထိပ်တန်းအနုပညာပေါင်းများစွာနဲ့ လက်တွဲထားတာကြောင့် သက်တူရွယ်တူမင်းသား၊မင်းသမီး‌တွေလည်း ပေါများလှပါတယ်။ တစ်နှစ်တည်းမှာ မွေးဖွားခဲ့ကြတဲ့ သက်တူရွယ်တူကြယ်ပွင့်တွေအနက် ၁၉၉၃ ခုနှစ်မှာမွေးဖွားခဲ့တဲ့ Thai TV3 အနုပညာရှင်တွေ‌ကတော့ ၄ ယောက်တောင်ရှိနေပါတယ်။

Yaya Urassaya

March 18, ၁၉၉၃ ခုနှစ်မှာမွေးဖွားခဲ့သူ Yaya Urassaya ကတော့ Thai TV3 မင်းသမီးတွေထဲမှာ ထိပ်တန်းမင်းသမီးဆိုတဲ့ဂုဏ်ပုဒ်ကိုရရှိထားသူပါ။ Yaya ကတော့ စီးပွားရေးနယ်ပယ်ဖက်မှာလည်း ထင်ရှားတဲ့မင်းသမီးဖြစ်သလို ရုပ်ရှင်လောကမှာလည်း နာမည်ကြီးတစ်ယောက်ပါပဲ။ ထိပ်တန်းမင်းသား Nadech Kugimiya နဲ့ တွဲနေခဲ့တဲ့ ၁၀နှစ်နီးပါးလောက်ရှိတော့မှာဖြစ်ပါတယ်။ Yaya နဲ့ Mario ရဲ့ ပထမဆုံးပေါင်းဆုံမှု “Bad Romeo” ကတော့ ၂၀၂၁ မှာပဲ ထွက်ရှိလာမှာပါ။

James Ma

မင်းသားချော James Ma ကတော့ July 03 ရက်နေ့ 1993 မှာ မွေးဖွားခဲ့ပါတယ်။ Yaya Urassaya, Kimmy Kimberley, Margie Rasri တို့နဲ့လည်း တော်တော်‌ေလး ရင်းနှီးပြီး သူငယ်ချင်းကောင်းတွေလည်းဖြစ်ကြပါတယ်။ James Ma ကတော့ Mew Nittha နဲ့အတူ “Duang Tah Tee Sarm” ဆိုတဲ့ဇာတ်လမ်းကိုရိုက်ကူးထားတဲ့အပြင် “Prao Ruk” ဇာတ်လမ်းသစ်ကိုလည်း Pie Rinrada နဲ့အတူ ရိုက်ကူးတော့မှာဖြစ်ပါတယ်။

Mint Chalida

Thai TV3 ရဲ့ နာမည်ရမင်းသမီး Mint Chalida ရဲ့မွေးနေ့ကတော့ August 08, ၁၉၉၃ ခုနှစ်ပဲဖြစ်ပါတယ်။ ဇာတ်လမ်းကောင်းလေးတွေကြောင့် ပရိသတ်ထံမှ အားပေးခြင်းတွေရရှိခဲ့သူ Mint Chalida ကတော့ “Saan Sanaeha” ဇာတ်လမ်းတွဲသစ်ကို Toey Pongsakorn နဲ့အတူ ရိုက်ကူးဖို့ ရှိနေပါသေးတယ်။

James Jirayu

မိန်းကလေးတွေရဲ့အချစ်တော်မင်းသားလေး James Jirayu ကတော့ September 19 ရက်နေ့ ၁၉၉၇ မှာ ဖွားမြင်ခဲ့ပါတယ်။ James Jirayu ဟာ Thai TV3 ရဲ့ နာမည်အကြီးဆုံးမင်းသားတွေထဲက တစ်ယောက်ဖြစ်ပြီး “Suparburoot Jutathep: Khun Chai Puttipat” ဇာတ်လမ်းထဲက သူ့ရဲ့ဇာတ်ကောင်ကြောင့်ပဲ အားလုံးရဲ့စိတ်နှလုံးသားမှာ စွဲထင်နေခဲ့သူပါ။ ဒီနှစ်အတွင်းမှာတော့ James ဟာ “Karat Ruk” နဲ့ “Pitsawart Kartagame” ဆိုပြီး ဇာတ်လမ်းနှစ်ခု ရိုက်ကူးသွားမှာဖြစ်ပါတယ်။

Source: Thaiupdate
Photos: Thaiupdate
Written: Julix

Advertisements
Share