MONOMAX မှာ မိန်းကလေးပရိတ်သတ်တွေသဘောအကျဆုံးဇာတ်ကောင်များရဲ့ပိုင်ရှင် မင်းသားချော(၄)ယောက်

Advertisements

ထိုင်းနိုင်ငံရဲ့ ထိပ်တန်းဗီဒီယိုပလက်ဖောင်းတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ MONOMAX Thailand ရဲ့ မိန်းကလေးပရိတ်သတ်တွေကြားမှာ လတ်တလောရေပန်းစားနေတဲ့ မင်းသားချော(၄)ယောက်ရှိနေပါတယ်။ MONOMAX ဟာ တရုတ်သမိုင်းကြောင်းဇာတ်လမ်းတွဲတွေနဲ့အခြားဇာတ်လမ်းတွဲများစွာကို အလွယ်တကူဝယ်ယူကြည့်ရှုလို့ရတဲ့ နေရာတစ်ခုဖြစ်ပြီး Mono Next Group မှာ မူပိုင်ခွင့်ရယူထားတဲ့ တရားဝင်အွန်လိုင်းဗီဒီယိုပလက်ဖောင်းတစ်ခုဖြစ်ပါတယ်။

လက်ရှိမှာနာမည်ကြီးနေတဲ့ တရုတ်သမိုင်းနောက်ခံဇာတ်လမ်းတွဲတွေထဲက မင်းသားများရဲ့ဇာတ်ကောင်တွေကနေတစ်ဆင့် MONOMAX ရဲ့မိန်းကလေးပရိတ်သတ်တွေအနှစ်သက်ဆုံး မင်းသားချော(၄)ယောက်ကို အခုလိုရွေးချယ်တင်ပြထားတာကိုတွေ့ရပါတယ်။

Xiao Zhan

စွန့်စွန့်စားစားရိုက်ကူးမှုတွေနဲ့ ဇာတ်ကောင်များရဲ့သဘာဝကျကျဖန်တီးမှုတွေအောက်မှာ အောင်မြင်နေဆဲဖြစ်တဲ့ The Wolf ဇာတ်လမ်းတွဲမှာပါဝင်ထားတဲ့ Bad Boy ပုံစံနဲ့ Xiao Zhan ကိုတော့ MONOMAX ရဲ့ မိန်းကလေးပရိတ်သတ်တွေလည်း အသည်းစွဲဖြစ်နေဆဲဖြစ်ပါတယ်။

Jin ပြည်နယ်ရဲ့အသက်အငယ်ဆုံးနဲ့ အချောမောဆုံးမင်းသား Ji Chong အနေနဲ့ ပါဝင်ထားတာဖြစ်ပြီး မင်းသားတစ်ပါးရဲ့အရှိန်အဝါမှာ Xiao Zhan ရဲ့ ချစ်စရာကောင်းတဲ့ပုံစံကိုပေါင်းထည့်လိုက်တဲ့အခါ ပရိတ်သတ်တွေအတွက် ပြည့်စုံမှုအရှိဆုံးဇာတ်ကောင်တစ်ခုကို ဖန်တီးချပြနိုင်ခဲ့တာဖြစ်ပါတယ်။

Li Zhi Ting

ဝါရင့်မင်းသားချော Li Zhi Ting ဟာလည်း Princess Silver ဇာတ်လမ်းတွဲနဲ့အတူ MONOMAX ရဲ့ပရိတ်သတ်များကြား ရေပန်းစားနေသူဖြစ်ပါတယ်။

Beilin ပြည်နယ်ရဲ့ (၇)ယောက်မြောက်မင်းသား Zongzheng Wuyo အနေနဲ့ ပါဝင်ထားပြီး တည်ကြည်ခန့်ညားတဲ့အသွင်နဲ့ ဉာဏ်ကောင်းပြီး ကြံ့ခိုင်ခက်ထန်တဲ့ဇာတ်ကောင်နေရာမှာ ဆွဲဆောင်မှုရှိလွန်းသူဖြစ်ပါတယ်။

Zhang Zhehan

ပရိတ်သတ်တွေကြားမှာ လူကြိုက်များမှုတွေ တရိပ်ရိပ်တက်လာနေတဲ့ မင်းသားချော Zhang Zhehan ကတော့ World of Honor ဇာတ်လမ်းတွဲမတိုင်ခင်က ထုတ်လွှင့်ပြသခဲ့တဲ့ Legend of Yunxi ဆိုတဲ့ ဇာတ်လမ်းတွဲနဲ့အတူ MONOMAX ရဲ့ မိန်းကလေးပရိတ်သတ်တွေကြား ရေပန်းစားနေသူဖြစ်ပါတယ်။

စစ်ရေးစစ်ရာမှာ ကျွမ်းကျင်တဲ့ Qin ပြည်နယ်ရဲ့မင်းသား Long Feiye အနေနဲ့ ပါဝင်ထားပြီး အေးဆေးတည်ငြိမ်တဲ့ဇာတ်ကောင်စရိုက်မှာ ပရိတ်သတ်တွေကို ဖမ်းစားထားနိုင်ခဲ့ပါတယ်။

Zhang Sifan

MONOMAX ရဲ့ မိန်းကလေးပရိတ်သတ်များကြား ရေပန်းစားနေတဲ့ နောက်ထပ်တစ်ယောက်ကတော့ My Dear Destiny ဇာတ်လမ်းတွဲရဲ့ အဓိကသရုပ်ဆောင် မင်းသားချော Zhang Sifan ပဲဖြစ်ပါတယ်။

Daying နိုင်ငံတော်ရဲ့ ဘုရင် Yi Qi အနေနဲ့ ပါဝင်သရုက်ဆောင်ထားပြီး မာနထောင်လွှားကာ အာဏာရှင်ဆန်သော်လည်း ချောမောတဲ့ရုပ်ရည်နဲ့ စိတ်ကူးယဉ်ဆန်ဆန်ဇာတ်ဝင်ခန်းတွေမှာ ပရိတ်သတ်တွေကိုစိတ်ကျေနပ်မှုအပြည့်အဝပေးနိုင်ခဲ့ပါတယ်။

Written : Nair Nair
Source : MGR
Photos : Cdramainfo

Advertisements
Share