ကွယ်လွန်သွားတဲ့ဖခင်နဲ့ပတ်သက်ပြီး နောင်တအရဆုံးအကြောင်းကိုပြောရင်း မျက်ရည်ကျခဲ့တဲ့ Zitao

Advertisements

ကိုယ့်ရဲ့မိဘတွေထဲက တစ်ယောက်ယောက်ကို ဆုံးရှုံးရတဲ့ခံစားချက်ကြီးကို သားသမီးတိုင်း မလိုချင်ကြပါဘူး။ Huang Zitao ကလည်းပဲ သူ့ရဲ့ဖခင်ကို ဆုံးရှူံးလိုက်ရတဲ့သူတွေထဲက တစ်ယောက်ပါပဲ။ ကွယ်လွန်သွားတဲ့ဖခင်အကြောင်းပြောတိုင်း Tao မှာ မျက်ရည်မဆယ်နိုင်တဲ့အခိုက်အတန့်တွေက ခဏခဏပါပဲ။

ဖခင်နဲ့ပတ်သက်ပြီး ဝမ်းနည်းစရာအကြောင်းအရင်းလေးကလည်းရှိနေပြန်ပါတယ်။ Huang Zhongdong ကတော့ September 11 ရက်နေ့ ၂၀၂၀ ခုနှစ်၊ အသက် ၅၂ နှစ်အရွယ်မှာ ဆုံးပါးသွားခဲ့တာပါ။ ဖခင်နဲ့ပတ်သက်ပြီး The Detectives’ Adventures ဆိုတဲ့အစီအစဉ်မှာ Huang Zitao က ဖခင်,နေမကောင်းဖြစ်နေတာကို အစောပိုင်းကသတိမပြုမိတာကြောင့် ဂရုမစိုက်မိသလိုဖြစ်သွားပြီး.. ကွယ်လွန်ပြီးနောက်ပိုင်း ဒီအတွေးတွေကြောင့်ပဲ ခဏခဏနောင်တရမိတယ်လို့ပြောပြခဲ့ပါတယ်။

Tao က “ကျွန်တော့်အဖေက သူ့မှာ ရောဂါဖြစ်နေတာကို သိတဲ့အချိန်တုန်းက ကျွန်တော်က သူ့ဘေးမှာ မရှိပါဘူး။ Show တစ်ခုရိုက်ကူးနေခဲ့တာ.. အဖေက သူဖြစ်နေတာတွေ၊ ခံစားနေရာတာတွေကို အမေ့လည်းမပြောဘူး။ ကျွန်တော့်ကိုလည်း မပြောဘူး။ တနေ့တော့ ကျွန်တော်က အဖေ့ဆီကို ဖုန်းခေါ်တယ်..ဒါပေမဲ့ သူကမကိုင်ဘူး။

နှစ်ပတ်လုံးလုံး ကျွန်တော်ခေါ်သမျှ ဖုန်းကို မကိုင်ခဲ့ဘူး။ အဲ့အချိန်တုန်းက အဖေက ဆေးရုံတက်နေရပြီ။ ဖုန်းကိုင်တော့.. “အဖေ.. ဘာလို့ဖုန်းမကိုင်ရတာတုန်း” လို့ မေးတာပေါ့။ အဖေက ဘာပြန်ပြောတုန်းဆိုတော့ “အဖေက ပြန်ကောင်းနေပြီ။ တော်တော်လေးလည်းသက်သာနေပြီ” လို့ ပြောတော့ ကျွန်တော်က စိတ်အေးနေခဲ့တာ။

မဆုံးခင်အထိ သွေးကြောပိတ်ဆို့ခြင်းတွေ အများအပြားခံစားခဲ့ရရှာတယ်။ ကျွန်တော့်မှာ နောက်ဆုံးအနေနဲ့တောင် စကားပြောခွင့်မရလိုက်ပါဘူး။ ဖုန်းပြောတိုင်း “ငါ့သား.. အဖေသက်သာနေပြီ။ သားအတွက် အကုန်လုံးပြင်ဆင်ခဲ့ပေးပြီးသားမို့လို့ အဖေ့ကို မစိုးရိမ်နဲ့နော်။ ရှိုးကိုပဲ ကောင်းကောင်းရိုက်ကူးခဲ့” ဆိုပြီး မှာတယ်။ အမေကလည်း အဖေဖြစ်နေတာကို လုံးဝ‌မပြောခဲ့ဘူး” လို့ ဝမ်းနည်းစွာနဲ့ ပြောပြခဲ့ရှာပါတယ်။

မျက်ရည်တွေကျလာခဲ့တဲ့ Zitao ဟာ ဆက်လက်ပြီး “ကျွန်တော်က ကလေးတစ်ယောက်လိုပဲ တွေးမိခဲ့တယ်။ လူတွေအကုန်လုံး အသက်ကြီးတဲ့သူတွေရဲ့ဘဝနဲ့ မင်းတို့အတွက်တာဝန်ယူပြီး လုပ်ပေးခဲ့တာတွေကို နားလည်ပေးသင့်တယ်။ လူကြီးနဲ့လူငယ်တွေကြားမှာ နားလည်မှုက သိပ်ကိုအရေးကြီးတယ်။

အခုချိန်မှာတော့ ကျွန်တော်ဟာ နောင်တတွေတပွေ့တပိုက်ကြီးနဲ့ နေ့ရက်တွေကိုဖြတ်သန်းနေရတယ်။ မိဘနှစ်ယောက်စလုံးကို သိပ်ချစ်တယ်။ အဲ့အတွက်လည်း အကောင်းဆုံးလုပ်နေခဲ့တယ်လို့ ထင်ခဲ့မိတယ်။ “ချစ်တယ်”, “သတိရတယ်”, နိုးတာနဲ့ စာပို့တယ်.. ဒါတွေကိုနေ့တိုင်းလုပ်နိုင်တယ်။

ဒါပေမဲ့ ကျွန်တော်က သူတို့ဘေးနားမှာမရှိတဲ့အချိန် သူတို့တွေဘာဖြစ်နေသလဲဆိုတာကို အစစ်အမှန်အတိုင်းမမြင်နိုင်ခဲ့ဘူး။ ဖုန်းကနေတဆင့်သိရတာတွေဟာ အတုအယောင်တွေဖြစ်နေတတ်တယ်” လို့ ခံစားရင်းပြောခဲ့ရှာပါတယ်။ ဒီလိုဖြစ်ရပ်တွေဟာ မိဘတွေနဲ့သားသမီးတွေကြားမှာ အဖြစ်မျာ‌းလေ့ရှိပါတယ်။

Huang Zitao ကတော့ သူ့ရဲ့ကိုယ်တွေ့အဖြစ်အပျက်ကို မျှဝေရင်း မိသားစုတိုင်း အတူတူရှိတဲ့အချိန် ပျော်ရွှင်မှုတွေရစေချင်တယ်လို့, ထည့်ပြီးပြောသွားခဲ့ပါတယ်။ နေ့မြင်,ညပျောက် အခြေအနေကြီးမှာ မနက်ဖြန်ဆိုတာက မသေချ‌ာတော့တာမို့လို့ ကိုယ်ချစ်ရတဲ့သူတွေကို ဂရုစိုက်ပေးဖို့လိုအပ‌်ကြောင်း Tao က အသိပေးသွားခဲ့ပါပြီ။

Source: Dramapanda
Photos: cpop
Written: Julix

Advertisements
Share