အထီးကျန်လို့ တစ်ယောက်တည်းသောက်နေခဲ့တဲ့ဂျီဟို,ကို ဂျုံးကုကြီးရဲ့ အကြံပြုစကား

Advertisements

Running Man ရဲ့ Spartace လို့ ပရိသတ်တွေ ချစ်စနိုးခေါ်ကြတဲ့ ဂျုံးကုနဲ့ဂျီဟိုတို့အတွဲကတော့ အကဲမပိုလွန်းတဲ့ Moment တွေနဲ့ ပရိသတ်တွေသဘောကျအောင် လုပ်သွားခဲ့ပြန်ပါပြီ။ ဂျုံးကုကတော့ GYM Jung Kook YouTube Channel အတွက် ဇူလိုင် ၈ ရက်နေ့ အပိုင်းသစ်မှာတော့ ဂျီဟိုကို ဖိတ်ခေါ်ခဲ့ပြီး ဂျီဟိုဟာ ဂျုံးကုအတွက် ပထမဆုံးပါဝင်လာတဲ့ Guest တစ်ယောက်ဖြစ်လာပါတယ်။

အဆိုပါ Viedo ထဲမှာဆိုရင် ဂျီဟိုဟာ ဂျုံးကုရဲ့အိမ်ကိုရောက်ရှိလာခဲ့ပြီး နှစ်ယောက်သားအပြန်အလှန်စကားပြောကိုပဲ ပရိသတ်တွေက သဘောတွေကျနေခဲ့ကြပါတော့တယ်။ နောက်ကျမှ ရောက်လာခဲ့တဲ့ ဂျီဟိုကို ဂျုံးကုက “၂ နာရီတောင်နောက်ကျပြီးမှ ရောက်လားတယ်.. တကယ်ဆိုရင် အပြင်မှာ‌တွေ့ဖို့ချိန်းထားတာလေ..ပြီးရင် နေ‌ရ‌ာကောင်းလေးတစ်ခုမှာထိုင်ပြီး စကားစမြည်ပြောဖို့စီစဉ်ထားတာပေါ့။

ဒါကိုပဲ မနေ့ညက အသောက်လွန်သွားလို့ဆိုပြီး အပြောခံလိုက်ရသေးတယ်” ဆိုပြီး ပွစိပွစိတင်ပြီး ပြောပါတော့တယ်။ ဂျုံးကုပြောတာလည်းကြားကော ဂျီဟိုက “ဟုတ်တယ်လေ.. မနေ့ညက အသောက်လွန်သွားတယ်.. ဘာလို့လဲဆိုတော့ တအားကိုအထီးကျန်နေလို့ပါ။

ဆောတီးပါပဲ” ဆိုပြီး ပွင့်ပွင့်လင်းလင်းကြီး‌ထုတ်ပြောချလိုက်ပါတယ်။ တော်ရုံ အမျိုးသမ‌ီးအနုပညာရှင်တွေဟာ သူတို့ရဲ့ပုံရိပ်ကိုထိခိုက်မှာကြောက်လို့ ဒီလိုအကြောင်းတွေကို ပွင့်လင်းစွာမပြောတတ်ကြပေမဲ့ ဂျီဟိုကတော့ တဲ့တိုးပဲ ဟုတ်မှန်ကြောင်း လူသိရှင်ကြားဝန်ခံလိုက်ပါတော့တယ်။

ဂျီဟို,ပြောတာကိုကြားတော့ သူမရဲ့ဝိတ်ကိုထိန်းသိမ်းဖို့အတွက် စပါတာကုဟာ ချက်ချင်းပဲ Lesson တွေပေးပါတော့တယ်။ ဂျုံးကုက “ဂျီဟိုရေ.. မင်း နေ့တိုင်းလုပ်နေကျအရာတွေကို အပြောင်းအလဲလေးတော့လုပ်ရမယ်လေ။

အကုန်လုံး..အထူးသဖြင့် ဂျီဟို.. ဝိတ်ထိန်းဖို့ဆိုရင် မင်း သောက်တာတွေ ရပ်လိုက်တော့” လို့ ပြောရင်း ဂျီဟိုရဲ့ ခန္ဓာကိုယ်အလေးချိန်၊ ကျန်းမာရအတွက် အသုံးဝင်မယ့်နည်းလမ်း‌တွေ၊ လေ့ကျင့်ခန်း‌တွေကို ပို့ချပါတော့တယ်။

Running Man ထဲမှာဆိုရင် ဂျီဟိုရဲ့ အလေးချိန်နဲ့ပတ်သက်ပြီး အဖွဲ့ဝင်တွေက ချစ်စနိုးနဲ့ အမျိုးမျိုးစနောက်လေ့ရှိတာကို ကြည့်ဖူးကြမှာပါ။ အခုတခါမှာလည်း ဂျီဟိုရဲ့ဝိတ်ကိုထိန်းသိမ်းဖို့ စပါတာကုကြီးကိုယ်တိုင်က အကြံပေးနေတာကိုမြင်ပြီး သူတို့ကြားက Moment လေးတွေကို ပရိသတ်တွေက သဘောတွေကျနေခဲ့ကြပါတော့တယ်။

Source: SBSstar
Photos: SBS
Written: Julix

Advertisements
Share