Solo album အတွက် Lisa ရော LA ရောက်နေတာလားဆိုပြီး Fan တွေက ခန့်မှန်းနေကြ

Advertisements

Lisa ရဲ့ solo album ကို blink တွေ ဘယ်လောက်တောင် စောင့်စားနေသလည်းဆိုရင် Lisa ရဲ့ update တွေကို album အတွက် hints များ ဖြစ်လေမလားဆိုပြီး အမျိုးမျိုးတွေးပြီးဝေဖန်ခွဲခြမ်းစိပ်ဖြာနေကြတာပါ။ July လ 6 ရက်နေ့မှာ Lisa က “The Show Must Go On” ဆိုတဲ့ ပုံလေးကို သူ့ IG မှာ တင်ခဲ့ပါတယ်။ တင်တင်ချင်း 3 million views ရခဲ့ပြီး ခုဆို 4 million တောင် ကျော်နေပါပြီ။

ပြီးတော့ ထို post အောက်မှာ blinks တွေ lisa album အတွက် ဘယ်လောက်တောင် စိတ်လှုပ်ရှားနေတယ်ဆိုတဲ့ comment တွေ အပြည့် ဖြစ်ခဲ့ပါတယ်။ Fan တွေ က “The Show Must Go On” နဲ့ပက်သက်ပြီး Twitter မှာလည်း tweet ခဲ့ကြတာ trending 1 တောင် ဖြစ်သွားတဲ့အထိပါဘဲ။

မျက်စိလျင်တဲ့ blinks တွေကတော့ Denmark အခြေစိုက် အနုပညာနဲ့ပက်သက်တဲ့ studio တစ်ခုဖြစ်တဲ့ SUPERFLEX ဟာ “The Show Must Go On” ပုံကို Lisa ကို tag တွဲပြီး 2020 ခုနှစ် February 14 တုန်းက တင်ထားဖူးတယ်ဆိုတာ ကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ဒါကို ဒီနှစ် July 6 ရက်နေ့မှ Lisa က သူမ acc မှာ ပြန်တင်ခဲ့တာပါ။

ခုချိန်မှာ Jennie နဲ့ Rosé တို့က LA မှာရှိနေကြပါတယ်။ ပြီးတော့ “The Show Must Go On” က LA မှာ လည်း ခု ခင်းကျင်းပြသနေတာဆိုတော့ Lisa ခုလို SUPERFLEX ရဲ့ art ကို IG မှာ ပြန်တင်လိုက်တာ သူမလည်း LA မှာ ရောက်နေတယ်ဆိုတာ အသိပေးချင်လို့ ထင်တယ်ဆိုပြီး fan တွေက အဖြေထုတ်နေကြပါတယ်။ LA မှာ ရောက်နေပြီး သူမ solo album အတွက် စီစဉ်နေတာဖြစ်မယ်လို့ fan တွေက ထပ်ခန့်မှန်းနေကြပါတယ်။

Lisa ရော YG Entertainment ရော Lisa solo comeback အတွက် ဘာမှ သေသေချာထုတ်ပြန် အတည်မပြုသေးပေမဲ့ Fan တွေကတော့ Lisa ဘာလုပ်လုပ် မျက်စိဒေါက်ထောက်သေချာ လိုက်ကြည့်နေပြီး သူမ album နဲ့ ပက်သက်တဲ့ hints တွေဘဲ လိုက်ခန့်မှန်းနေကြပါတယ်။

Source: Koreaboo
Written : Violet

Advertisements
Share