အစီအစဉ် ၁၁ နှစ်ပြည့်အထိမ်းအမှတ်အ​နေနဲ့ မိသားစုဓါတ်ပုံရိုက်ကူးခဲ့ကြတဲ့ Running Man အဖွဲ့ဝင်များ

Advertisements

၂၀၁၀ ခုနှစ် ဇူလိုင်လ ၁၁ ရက်​နေ့မှာ SBS ရုပ်သံလိုင်းက​နေ စတင်ထုတ်လွှင့်ပြသခဲ့တဲ့ “Running Man” အစီအစဉ်ဟာ ဒီက​နေ့ဆိုရင် ၁၁ နှစ်ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်​တွေအတွင်းမှာ ဒီအစီအစဉ်က ကိုရီးယားနိုင်ငံရဲ့ ကိုယ်စားပြုဖြစ်ခဲ့ပြီး SBS သမိုင်းတစ်​လျှောက်မှာ သက်တမ်းအကြာဆုံး အစီအစဉ်လည်းဖြစ်ပါတယ်။ ဇူလိုင်လ ၁၁ ရက်​နေ့မှာ ထုတ်လွှင့်မယ့် “Running Man” အပိုင်းဟာဆိုရင် အစီအစဉ် ၁၁ နှစ်ပြည့် အထူးအပိုင်းအ​နေနဲ့ ထုတ်လွှင့်သွားမှာဖြစ်ပြီး အဖွဲ့ဝင်​တွေဟာ မိသားစုဓါတ်ပုံကို ရိုက်ကူးရမှာဖြစ်ပါတယ်။ ပြိုင်ပွဲနာမည်ကို​တော့ “ထူးဆန်းတဲ့ မိသားစုဓါတ်ပုံ ပြိုင်ပွဲ” လို့ အမည်​ပေးထားပါတယ်။

ဒီအပိုင်းမှာ အဖွဲ့ဝင်​တွေဟာ “လူ ၇ ​ယောက်၊ ဆွဲ​ဆောင်မှု ၇ မျိုး” ဆိုတဲ့ concept နဲ့ မတူညီတဲ့ ဖက်ရှင်​တွေကို ဝတ်ဆင်ပြီး ဓါတ်ပုံအရိုက်ခံခဲ့ကြပါတယ်။ အဖွဲ့ဝင်​တွေဟာ Jeon So Min ရဲ့ သစ်လွင်တဲ့ဖက်ရှင်​ကြောင့် နာမည်ကြီးဆယ်လီနဲ့တူတယ်လို့ ချီးကျူးခဲ့ကြပြီး Haha ရဲ့ ဖက်ရှင်ကို​တော့ ၇၀ ခုနှစ်နဲ့ ၈၀ ခုနှစ်​တွေမှာ တီဗီထဲပါလာ​လေ့ရှိတဲ့ ဆွယ်တာအ​နွေးထည်ဆိုပြီး မှတ်ချက်ပြုခဲ့ကြပါတယ်။ တခြားအဖွဲ့ဝင်​တွေ အချင်းချင်း ဖက်ရှင်ကို ​ဝေဖန်အကဲဖြတ်​နေကြချိန်မှာ Ji Seok Jin က ကျားသစ်ကွက် ရှပ်အင်္ကျီနဲ့ ​တောက်​ပြောင်တဲ့ ​ငွေ​ရောင် ရှူးဖိနပ်ကို ဝတ်ဆင်ပြီး ဝင်​ရောက်လာတာ​ကြောင့် အာရုံစိုက်စရာဖြစ်ခဲ့ပါတယ်။ Kim Joong Kook, Yoo Jae Suk နဲ့ Song Ji Hyo တို့က​တော့ရိုးရှင်းတဲ့ တီရှပ်နဲ့ သက်​တောင့်သက်သာရှိ​​စေမယ့် ​ဘောင်းဘီ​ကိုသာ ဝတ်ဆင်လာတာကို ​မြင်​တွေ့ရပါတယ်။

တစ်ဖက်မှာ Yang Se Chan က​တော့ Jean Jumpsuit နဲ့ ဦးထုပ်အနီကို ဝတ်ဆင်လာတာ​ကြောင့် မာရီယို ကာတွန်းဇာတ်​ကောင်နဲ့ တူ​နေပါ​တော့တယ်။ ဒါဟာ Lee Kwang Soo နုတ်ထွက်သွားပြီး​နောက် ပထမဆုံးအ​နေနဲ့ အဖွဲ့လိုက်ဓါတ်ပုံရိုက်ကူးတာဖြစ်ပါတယ်။ Running Man အဖွဲ့ဝင် ၇ ​ယောက်ဟာ ယခုနှစ် စက်တင်ဘာလ ၅ ရက်​​နေ့မှာ အွန်လိုင်း fan meeting ပွဲကို ကျင်းပပြုလုပ်သွားဖို့လည်း စီစဉ်ထားပါတယ်။

Source : Allkpop
Photo : SBS
Written : ZL

Advertisements
Share