Series သစ်တစ်ခုနဲ့ ပရိသတ်တွေထံကိုပြန်လာခဲ့ပြီဖြစ်တဲ့ Mew Suppasit

Advertisements

ပရိသတ်တွေရဲ့အချစ်တော်မင်းသား Mew Suppasit ကတော့ Series သစ်တစ်ခုမှာပါဝင်ရိုက်ကူးရင်း ပရိသတ်တွေထံကိုပြန်လာတော့မှာဖြစ်ပါတယ်။ The Ocean Eyes လို့ နာမည်ရတဲ့ TV series မှာ Mew Suppasit နဲ့အတူ အနုပညာရှင်ပေါင်းများစွာ ပါဝင်လာမှာဖြစ်တဲ့အတွက်ကြောင့် ပရိသတ်တွေ တော်တော်လေးစိတ်ဝင်စားခဲ့ကြပြီး Twitter မှာ Worldwide trending အထိကို ရောက်ရှိသွားခဲ့ပါတယ်။

The Ocean Eyes Series ကတော့ ထိုင်း-တရုတ်-အမေရိကန်,တို့ ပေါင်းစပ်ဖန်တီးမယ့် နိုင်ငံတကာ series မျိုးဖြစ်တာကြောင့် ပရိသတ်တွေဟာ Mew နဲ့ထပ်တူ ပျော်ရွှင်‌ဝမ်းမြောက်ခဲ့ကြပါတယ်။ အရင်က Aquarium Man လို့ လူသိများကြတဲ့ The Ocean Eyes series ကတော့ နိုင်ငံကြီး ၃ ခုရဲ့ပေါင်းစပ်ဖန်တီးမှုဖြစ်တဲ့အပြင် တော်တော်ကြီးမားတဲ့ စီမံကန်းတစ်ခုလည်းဖြစ်ပါတယ်။

အာရှရဲ့ ပထမဆုံးသော ရေအောက်သတ္တဝါစူးစမ်းလေ့လာရေးစွန့်စားခန်းအကြောင်းရိုက်ကူးသွားမှာဖြစ်ပြီး ထိုင်းလူမျိုးတစ်စုဟာ Ocean Eyes လို့,ခေါ်တဲ့ အထူးဆေးတပ်ဖွဲ့တစ်ခုကို ပထမဆုံးအကြိမ် လာရောက်ပူးပေါင်းရင်း စွန့်စားခန်းထွက်ကြတဲ့ပုံစံမျိုးပါပဲ။ ထိုင်းသရုပ်ဆောင်တွေအဖြစ် အဓိကပါဝင်လာမယ့်သူတွေကတော့ Mew Suppasit, Peak, Belle, TonLiu အပြင် အခြားသောဝါရင့်သရုပ်ဆောင်တွေဖြစ်ကြတဲ့ Tom, Jack, Aheye နဲ့ Singh တို့လည်း ပါဝင်ရိုက်ကူးသွားမှာဖြစ်ပါတယ်။

Mew ရဲ့ဇာတ်လမ်းသစ်တွေကို စောင့်မျှော်နေကြတဲ့သူတွေအတွက်ကော၊ အခြားသောပရိသတ်တွေအနေနဲ့ပါ ရေအောက်ကမ္ဘာကို ကိုယ်တွေ့ရောက်နေသလိုမျိုးခံစားရမယ့်အပြင် ရေနေသတ္တဝါတွေနဲ့ပတ်သက်ပြီး ဗဟုသုတများစွာရနိုင်တာကြောင့် လက်မလွတ်တမ်းကြည့်သင့်တဲ့ စီးရီးတစ်ခုပဲဖြစ်ပါတယ်။ ထိုင်း‌ရုပ်ရှင်လောကရဲ့ နောက်ထပ်ခြေလှမ်းသစ်တစ်ခုဖြစ်တာကြောင့် ပရိသတ်တွေလည်း ရင်ခုန်စွာစောင့်မျှော်နေကြမယ်လို့ထင်ပါတယ်။

Source: ThaiDaily
Photos: ThaiDaily
Written: Julix

Advertisements
Share