အသက်ကြီးလာရင် တကယ်တမ်းဖြစ်ချင်ခဲ့တဲ့ပုံစံကို ပြောပြခဲ့တဲ့ GOT7’s Jackson Wang

Advertisements

ဟောင်ကောင်သားလေး Jackson Wang ကတော့ ပွင့်လင်းတဲ့အပြောအဆိုကြောင့်ပဲ အားလုံးက ချစ်ရတဲ့ Idol တစ်ယောက်ပါပဲ။ စကား‌ပြောမကျွမ်းကျင်ဘူးလို့ မကြာခဏပြောတတ်ပေမဲ့ Jackson ဘယ်လောက်တောင် စကားတတ်သလဲဆိုတာကတော့ အားလုံးအသိပါ။

အဆိုတော်အဖြစ် အနုပညာအလုပ်တွေလုပ်နေပေမဲ့ Jackson ဟာ သူ,ငယ်ငယ်လေးတုန်းကဖြစ်ချင်ခဲ့တဲ့ လူစားမျိုးကို ပရိသတ်တွေသိအောင် ပြောပြခဲ့ဖူးပါတယ်။ သူဖြစ်ချင်တဲ့ပုံစံကလည်း သူနဲ့တကယ်ကို တထပ်တည်းကျနေတဲ့ အကျင့်စရိုက်ရှိတယ်လို့ ဆိုရမှာပါ။

 

နွေးထွေးကြင်နာတတ်ပြီး လူကြီးလူကောင်းဆန်တဲ့ အကျင့်စရိုက်ရှိသူ GOT7‘s Jackson ကတော့ တဖက်သားကို ဂရုစိုက်တတ်တာကြောင့် မကြာခဏချီးမွမ်းခံရတဲ့ Idol တစ်ဦးဖြစ်ပါတယ်။ ဥပမာ,အနေနဲ့ပြောရရင် Idol တွေနောက်ကလိုက်ရင်း တိုးကြဝှေ့ကြတာကြောင့် လဲသွားခဲ့တဲ့ Ahgase လေးတစ်ယောက်ကို Jackson က အကာအကွယ်ပေးလိုက်တဲ့အခိုက်အတန့်ကတော့ လူပေါင်းများစွာကြားမှာ တော်တော်လေးကို နာမည်ကြီးခဲ့ပါတယ်။

ဒီလိုမျိုး လူကြီးဆန်တဲ့ Jackson ဟာ ငယ်ငယ်လေးတုန်းက တွေးခဲ့တဲ့ အတွေးတစ်ခုကို GQ နဲ့ပြုလုပ်ခဲ့တဲ့ အမေးအဖြေ Viedo တစ်ခုမှာပြောဖူးပါတယ်။ Jackson ဟာ သူ,ငယ်ငယ်လေးတုန်းက သူ,အသက်ကြီးလာတဲ့အခါ ဖြစ်ချင်တဲ့ဆန္ဒကတော့ တကယ်ကို ရိုးရှင်းလှပါတယ်။

 

“ကျွန်တော် ငယ်ငယ်တုန်းက ကြီးလာရင် ငြိမ်းချမ်းရေးကိုလိုလားတဲ့ ဖြန်ဖြေတဲ့သူတစ်ယောက် ဖြစ်ချင်ခဲ့တာ.. အထူးသဖြင့် ကျောင်းတက်တုန်းက ကျောင်းသားတွေအချင်းချင်း ရန်ဖြစ်ရင် ရန်ပွဲကိုအဆုံးသတ်ပြီး အကုန်ပြန်ကောင်းသွားအောင် လုပ်ပေးချင်တာမျိုးပေါ့။

ရန်ပွဲရှိပြီဆိုတာနဲ့ သူတို့ကြားထဲဝင်ပြီး ရန်မသတ်ဖို့ပြောမယ်.. ပြီးရင် လက်ဆွဲနှုတ်ဆက်ခိုင်းပြီး အချင်းချင်းဖက်ခိုင်းမယ်.. နောက်ဆုံးမှာ စိတ်ပြေပြီး သူငယ်ချင်းတွေပြန်ဖြစ်ဖို့ ဖြောင်းဖျမယ်.. အဲ့လိုမျိုး သိပ်လုပ်ချင်တာ။ ကြီးရင်လည်း ငြိမ်းချမ်းခြင်းကိုပဲ လက်ကိုင်ထားမယ့်ဖြောင်းဖျသူကြီးပဲ ဖြစ်ချင်မိခဲ့ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

 

Jackson ရဲ့ ဖြစ်ချင်တဲ့ဆန္ဒက ရိုးရှင်းတယ်လို့ထင်ရပေမဲ့ တကယ်တမ်းတော့ လေးနက်လှပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက်ဆက်ဆံရာမှာ ဆူပူမှုတွေထက် ငြိမ်းချမ်းခြင်းကိုရှာဖွေကြဖို့ လွန်စွာလိုအပ်လှပါတယ်။ Jackson ကတော့ သူ့ရဲ့မျှော်လင့်ချက်အတိုင်းပဲ လက်ရှိမှာတော့ ဘာမဆိုကို အေးဆေးတည်ငြိမ်စွာနဲ့ဖြတ်သန်းနေပြီး လ‌ူတွေနဲ့ဆက်ဆံရမှာလည်း အားလုံးရဲ့စိတ်နှလုံးကို သက်တောင့်သက်သာဖြစ်အောင် ဖန်တီးပေးနိုင်တဲ့ လူသားတစ်ယောက်ဖြစ်နေခဲ့ပါပြီ။

Source: Koreaboo
Photos: Naver
Written: Julix

Advertisements
Share